နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာသီသစ်မှာ ယူနိုက်တက် ကစားသမား အဖြစ် ဆက်ရှိနေဖို့ သေချာသလောက် ရှိသွားတဲ့ အန်တိုနီ | ပရီးမီးယားလိဂ်

ဘရာဇီးလ် တောင်ပံ ကစားသမား အန်တိုနီ ကတော့ ပရီးမီးယားလိဂ် မန်ချက်စတာယူနိုက်တက်မှာ အထင်ကြီးလောက်စရာ ခြေစွမ်းမျိုး မပြသနိုင်တာကြောင့် အနာဂတ် မရေရာ ဖြစ်နေသူပါ။ ဒီရက်ပိုင်း အတွင်း အန်တိုနီကို ယူနိုက်တက်က အငှားချသွားဖို့ ရှိနေတယ် ဆိုပြီး သတင်းတွေ ထွက်နေခဲ့ပေမယ့် ကစားသမားရဲ့ အေးဂျင့် ဖြစ်သူ ကတော့ အန်တိုနီ အနေနဲ့ ယူနိုက်တက်မှာသာ ဆက်ရှိသွားမှာ ဖြစ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။

အန်တိုနီရဲ့ အေးဂျင့်က “အငှားထွက်ခွာမှု အကြောင်းနဲ့ ပတ်သက်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာကို ကျွန်တော် သတိထားမိပါတယ်။ ဒါပေမယ့် အန်တိုနီရဲ့ ပလန်က ရှင်းလင်းပါတယ်။ သူက မန်ချက်စတာယူနိုက်တက် မှာသာ ဆက်ရှိသွားမှာ။ သူက ဒီအသင်းမှာပဲ ဆက် ကစားချင်သလို ဒီအသင်း အတွက် ကိုပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ကလပ်နဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးပါပြီ။” လို့ ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့တာပါ။

ဆက်လက်ပြီး နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ် ကလည်း သူ့ တပည့် ဖြစ်တဲ့ အန်တိုနီ ဘက်မှာ အပြည့်အဝ ရပ်တည်ထားသလို သူ့ရဲ့ အန်တိုနီ အပေါ် အမြင်ကိုလည်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ တန်ဟက်ဂ်က “အန်တိုနီက ဒီကလပ်မှာ ကစားနိုင်တဲ့ အလားအလာမျိုး ရှိတယ်လို့ ကျွန်တော် ယုံကြည်နေဆဲပါပဲ။ သူ ဒီကိုရောက်လာပြီး ပထမလမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီမှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်တွေက လုံးဝ ကောင်းမွန်ခြင်း မရှိပါဘူး။” လို့ ဆိုခဲ့ပါတယ်။ ဒီလို ပြောကြားချက်တွေ အရ ဆိုရင် အန်တိုနီ တစ်ယောက် ဒီနွေရာသီ ဈေးကွက်မှာ ဘယ်အသင်း ကိုမှ ပြောင်းရွှေ့မှာ မဟုတ်သလို ယူနိုက်တက် မှာပဲ ဆက်ရှိနေဖို့ ရာနှုန်းပြည့်နီးပါး သေချာသွားခဲ့ပါပြီ။

သတင်းတွေအရ ဆိုရင် ၂၀၂၄/၂၀၂၅ ဘောလုံးရာသီ မတိုင်ခင် ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က အပြောင်းအလဲ များစွာ လုပ်ဆောင်လိုနေတာပါ။ အသင်းရဲ့ ပူးတွဲ ပိုင်ရှင်သစ် INEOS ကလည်း လက်ရှိမှာ အသင်း အတွက် လိုအပ်တဲ့ ကစားသမားတွေကို ခေါ်ယူ အားဖြည့်ပေးနေသလို တစ်ဖက် မှာလည်း အသင်း အတွက် အသုံးမဝင်နိုင်တဲ့ ကစားသမားတွေကို ဖြည်းဖြည်းချင်း ရှင်းထုတ်ဖို့ စီစဉ်နေပါတယ်။ ဒီလို ရှင်းထုတ်ခံရနိုင်တဲ့ ကစားသမားတွေထဲမှာ အန်တိုနီ ပါဝင်ခဲ့တာပါ။ ဒါပေမယ့် ဆရာ ဖြစ်တဲ့ အဲရစ်ခ် တန်ဟက်ဂ် က သူ့ရဲ့ တပည့်ကို အခွင့်အရေး ထပ်ပေးလိုတာကြောင့် အန်တိုနီ တစ်ယောက် ကံကောင်းသွားပြီး သရဲနီ ပရိသတ် တချို့ အတွက်တော့ သတင်းဆိုး ဖြစ်ဖို့ ရှိနေပါတယ်။

အန်တိုနီဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်က အေဂျက်စ် ကနေ ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်ဆီ ယူရို ၉၅ သန်းနဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပါတယ်။ အန်တိုနီဟာ ယူနိုက်တက် ကစားသမား ဘဝ အစမှာ အနည်းငယ် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်း စွမ်းဆောင်ရည် ကျဆင်းသွားတာကြောင့် အရန်ခုံထိုင်ရတဲ့ အထိပါ ရောက်ခဲ့ပါတယ်။ အန်တိုနီ အနေနဲ့ ယူနိုက်တက်နဲ့ ဘောလုံးရာသီ နှစ်ရာသီ ဖြတ်သန်းပြီးချိန်မှာ ၈၂ ပွဲ ကစားကာ ၁၁ ဂိုးသွင်း၊ ၅ ဂိုးသာ ဖန်တီးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီကလည်း အန်တိုနီဟာ ယူနိုက်တက် အတွက် ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ အထိ အခြေအနေတွေ ဆိုးရွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်