နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီး စူပါစတား ဒီဘရွန်းနားနဲ့ သဘောတူညီမှု ရထားတဲ့ အဲလ်အစ်တီဟတ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးရဲ့ အဓိက ကွင်းလယ် ဖန်တီးရှင် ကီဗင် ဒီဘရွန်းနား ကတော့ ဒီနွေရာသီမှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်ထံ ပြောင်းရွှေ့ကစားဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။

ဒီသတင်း ကိုတော့ TEAMtalk ရဲ့ ဘောလုံး အပြောင်းအရွှေ့ သတင်းထောက် ဖြစ်တဲ့ ရူဒီ ဂယ်လက်တီက ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်ဟာ ပြီးခဲ့တဲ့ ရာသီက ဘန်ဇီမာ၊ ဖာဘင်ဟို၊ ကန်တေ တို့လို ကစားသမားတွေကို ခေါ်ယူ အားဖြည့်ထားခဲ့ပြီးနောက် လက်ရှိမှာတော့ ဒီဘရွန်းနား ကိုပါ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီချက် ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒီဘရွန်းနား ကိုယ်တိုင် ကလည်း ပြီးခဲ့တဲ့ ရာသီအကုန်မှာ သူ့ အတွက် အချိန်တစ်ခု ရောက်ပြီ ဖြစ်တာကြောင့် ငွေရှာနိုင်မယ့် ဆော်ဒီပရိုလိဂ် ကလပ်တွေကို ပြောင်းရွှေ့နိုင်ကြောင်း ထုတ်ဖော် ပြောကြားထားခဲ့ဖူးသူ ဖြစ်တာကြောင့် သတင်းက မှန်ကန်ဖွယ်တော့ ရှိနေပါတယ်။

အဲလ် အစ်တီဟတ်က ဆော်ဒီပရိုလိဂ် မှာ ချန်ပီယံ ၃ ကြိမ် ဖြစ်ထားပြီး ပြီးခဲ့တဲ့ ၂၀၂၂/၂၃ ဘောလုံးရာသီက နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားတဲ့ အသင်းပါ။ ဘန်ဇီမာ၊ ကန်တေ၊ ဖာဘင်ဟို တို့လို ကစားသမားကောင်းတွေ ခေါ်ယူထားခဲ့တဲ့ အဲလ်အစ်တီဟတ်က ပြီးခဲ့တဲ့ ရာသီမှာတော့ အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ရာသီသစ်မှာတော့ အောင်မြင်မှုတွေ ပြန်လည် ရရှိဖို့ ကစားသမားကောင်းတွေကို ခေါ်ယူအားဖြည့်ချင်နေတာ ဖြစ်ပါတယ်။ အဲလ်အစ်တီဟတ်ဟာ အစောပိုင်းမှာလည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်တဲ့ မိုဆာလာ ကို ခေါ်ယူချင်ခဲ့ပါသေးတယ်။

ဒီဘရွန်းနားဟာ ပရီးမီးယားလိဂ် ကလပ် အတွက် ၉ ရာသီ အတွင်း ပွဲပေါင်း ၃၈၂ ပွဲ ကစားပေးခဲ့ပြီး ၁၀၂ ဂိုး အထိ သွင်းယူပေးခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်ကို ပြောင်းရွှေ့ဖို့ များနေတဲ့ ဒီဘရွန်းနား

လက်ရှိမှာ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းခေါင်းဆောင် ဒီဘရွန်းနားဟာ ၂၀၁၅ ခုနှစ်မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဝုဖ်ဘတ် ကနေ မန်စီးတီး အသင်းထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒီဘရွန်းနားဟာ ပရီးမီးယားလိဂ် ကလပ် အတွက် ၉ ရာသီ အတွင်း ပွဲပေါင်း ၃၈၂ ပွဲ ကစားပေးခဲ့ပြီး ၁၀၂ ဂိုး အထိ သွင်းယူပေးခဲ့ပါတယ်။ ဒီဘရွန်းနားဟာ မန်စီးတီး အတွက် တစ်ရာသီကို အနည်းဆုံး ပွဲ ၄၀ နဲ့ အထက် ကစားပေးခဲ့ပြီးတော့ ပြီးခဲ့တဲ့ ရာသီကတော့ ဒဏ်ရာကြောင့် ၂၆ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။

ဒီဘရွန်းနားဟာ မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆု ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၅ ကြိမ်၊ ကွန်မြူနတီဒိုင်း ၁ ကြိမ်၊ ချန်ပီယံလိဂ် ချန်ပီယံ ၁ ကြိမ်၊ ဒုတိယ ၁ ကြိမ် ရရှိခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ပါးနပ်ပြီး တိကျတဲ့ ဖန်တီးပေးပို့မှုတွေနဲ့ အသင်း အတွက် လိုအပ်နေချိန်တိုင်း အရေးပါတဲ့ ဂိုးတွေ သွင်းယူပေးတတ်တဲ့ ဒီဘရွန်းနားဟာ မန်စီးတီး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်ခဲ့ပေမယ့် မကြာခင်မှာတော့ လမ်းခွဲရဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။

ဒီဘရွန်းနားဟာ လာမယ့် ၂၀၂၅ ခုနှစ် ဇွန်လမှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် အသင်း ဘက်ကတော့ စာချုပ်သက်တမ်း မပြည့်ခင်မှာပဲ လက်လွှတ်ပေးသွားဖို့ များနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်