နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်တိုနီကို အခုနွေရာသီမှာ အငှားချဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ အန်တိုနီကို အခုနွေရာသီမှာ အငှားချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အကယ်၍ အန်တိုနီကို အငှားချမယ် ဆိုရင်လည်း ဆိုရင်လည်း ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ အန်တိုနီရဲ့ လုပ်ခလစာကို အပြည့်အဝ ပေးချေစေချင်နေတယ်လို့ သိရပါတယ်။ 

အန်တိုနီ ဟာ ပြီးခဲ့တဲ့ ၂၀၂၂ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ အေဂျက်စ် ကနေ ယူနိုက်တက်ကို ကနဦး ပေါင် ၈၂ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ဆရာဟောင်း ဖြစ်တဲ့ အဲရစ်ခ် တန်ဟက်ဂ်နဲ့ ပြန်လည် ဆုံစည်းခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲမှာ ၃ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး အလားအလာကောင်းတွေနဲ့ စတင်ခဲ့ပြီး ယူနိုက်တက်ရဲ့ တန်ဖိုးအရှိဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်တိုနီ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ် မှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အသင်း ယူနိုက်တက် ကလည်း သမိုင်းတလျှောက် အဆိုးရွားဆုံး အဖြစ် အဆင့် (၈) နေရာမှာ ရပ်တည်ခဲ့ရပါတယ်။ 

တချို့သော သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် ယူနိုက်တက်ဟာ အန်တိုနီနဲ့ ယာယီ လမ်းခွဲဖို့ ဆန္ဒရှိနေပေမယ့်လည်း ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ရာသီသစ် အတွက် ကစားသမားရဲ့ လုပ်ခလစာကို အပြည့်အဝ ပေးချင်စေဖို့ လိုလားလျက် ရှိကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။ ကိုပါအမေရိကဖလား ပြိုင်ပွဲ အတွက် အရွေးချယ်မခံခဲ့ရတဲ့ ဘရာဇီးလ် လက်ရွေးစင် ကစားသမားဟာ ယူနိုက်တက်မှာ တစ်ပတ် လုပ်ခ ပေါင် ၇၀၀၀၀ ရရှိနေသူ ဖြစ်ပါတယ်။ 

သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲမှာ ၃ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး အလားအလာကောင်းတွေနဲ့ စတင်ခဲ့ပြီး ယူနိုက်တက်ရဲ့ တန်ဖိုးအရှိဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။
အန်တိုနီကို အငှားချသွားဖို့ စီစဉ်နေတဲ့ မန်ချက်စတာယူနိုက်တက်

ယူနိုက်တက်ဟာ ပူးတွဲ ပိုင်ရှင်သစ် ဆာဂျင်မ် ရက်ကလစ်ဖ်ရဲ့ INEOS လက်ထက်မှာ ပြင်ဆင်မှု များစွာ ပြုလုပ်ပြီးတော့ အပြောင်းအရွှေ့ ဈေးကွက်မှာလည်း ခပ်သွက်သွက် လှုပ်ရှားနေတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ တိုက်စစ် ကစားသမား တစ်ဦးနဲ့ ဗဟိုခံစစ် ကစားသမား တစ်ဦး ခေါ်ယူခဲ့ပြီး ဖြစ်ကာ ဂျော်ရွှာ ဇီယက်ခ်ဇီး အတွက် ယူရို ၄၂.၅ သန်း၊ ယိုရို အတွက် ယူရို ၆၂ သန်း သုံးစွဲထားပြီး ဖြစ်ပါတယ်။ နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူဖို့ အတွက်လည်း ကြိုးပမ်းနေဆဲ ဖြစ်ပေမယ့် အသင်းမှာ ရှိနေတဲ့ ကစားသမားတွေကို အရင်ဆုံး ရောင်းထုတ်ဖို့ လိုအပ်နေပါတယ်။ သတင်းတွေအရ ဆိုရင် ယူနိုက်တက်က ဗစ်တာ လင်ဒီလော့ဖ်နဲ့ ကက်စ်မဲရိုးကို အရင်ဆုံး ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဟယ်ရီ မက်ဂွိုင်းယား၊ ဗစ်တာ လင်ဒီလော့ဖ်နဲ့ အာရွန် ဝမ်ဘစ်ဆာခါ တို့ကလည်း အထက်ပါ ကစားသမားတွေနဲ့ အတူ အသင်း ကနေ ထွက်ခွာဖို့ သတင်းကြီးနေသူတွေ ဖြစ်ပါတယ်။ အခုလက်တလော မှာတော့ ယူနိုက်တက်က စာချုပ် သက်တမ်းကုန်ဆုံးနေတဲ့ ကစားသမားတွေ ဖြစ်တဲ့ မေဆင် ဂရင်းဝုဒ်၊ ဒွန်နီ ဗန်ဒီဘီခ်၊ ဝီလီ ကမ်ဘွယ်လာနှင့် အယ်လ်ဗာရို ဖာနန်ဒက်ဇ် တို့ကို ရောင်းထုတ်ထားခဲ့ပြီး မကြာခင်မှာတော့ အန်တိုနီ မာစီရယ် ကိုလည်း ထွက်ခွာခွင့်ပေးသွားတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်