နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂရင်းဝုဒ်ကို မာဆေးလ် အသင်းထံ ရောင်းချဖို့ သဘောတူညီမှု ရထားတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

မာဆေးလ် အသင်းဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် တိုက်စစ် ကစားသမားလေး မေဆင် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ ဒီသတင်းကို နာမည်ကျော် ဘောလုံး သတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ဂရင်းဝုဒ်ကို အမှုကိစ္စတွေ အပြီးမှာ ပထမအသင်း ဖွဲ့စည်းမှု အတွက် ပြန်လည် ပေါင်းစည်းဖို့ ကနဦး အစီအစဉ်တွေကို ပြောင်းလဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီမှာ ယူနိုက်တက်က ဂရင်းဝုဒ်ကို ဂီတာဖေး အသင်းထံ အငှားချခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ အတူနေ ချစ်သူကို အဓမ္မပြုကျင့်ခဲ့တယ်လို့ သံသယရှိခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပြီးတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ယူနိုက်တတ် ကစားသမား အဖြစ် ကနေ ရပ်နားခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန် ကြယ်ပွင့်လေးဟာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ချိန်မှာတော့ အပြစ်မရှိကြောင်း ထင်ပေါ်ခဲ့ပြီး မြက်ခင်းစိမ်းပေါ် ပြန်လည် ခြေချနိုင်ခဲ့ပါတယ်။ ဂရင်းဝုဒ် အနေနဲ့ ဘောလုံးကွင်းထဲ ပြန်လည် ရောက်ရှိချိန်မှာတော့ ဂီတာဖေးနဲ့ အတူ ပတ္တမြားမှန်လို့ နွံမနစ်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ ဂရင်းဝုဒ် အနေနဲ့ အငှားချမှု ပြီးဆုံးချိန်မှာတော့ အက်တလက်တီကိုမက်ဒရစ်၊ ဒေါ့မန်နဲ့ လာဇီယို အပါအဝင် ဥရောပ ထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့သူပါ။ ဒီကြားထဲမှာ ဂရင်းဝုဒ်ကို ဂျူဗင်တပ်စ် ကလည်း‌ ခေါ်ယူချင်ခဲ့ပြီး ဖက်ဒရီကို ခီယေဇာ ကိုပါ အလိုက်ပေး ကမ်းလှမ်းဖို့ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက် ကလည်း အက်တလက်တီကိုမက်ဒရစ်က ယာအို ဖီးလစ်ကို ခေါ်ယူဖို့ အတွက် ဂရင်းဝုဒ်ကို အလိုက်ပေး အသုံးချဖို့ စဉ်းစားခဲ့ပါသေးတယ်။

လက်ရှိ မှာတော့ The Athletic သတင်းထောက် ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ ပြင်သစ် လီဂူးဝမ်း ကလပ် မာဆေးလ်က ဂရင်းဝုဒ်ကို ပေါင် ၂၆.၇ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ မာဆေးလ်ဟာ ဂရင်းဝုဒ် အတွက် ကနဦး ပေါင် ၂၃.၃ သန်း+အပိုဆုကြေး ပေါင် ၃.၄ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်တယ်လို့လည်း သိရပါသည်။ ဂရင်းဝုဒ် အနေနဲ့ အစောပိုင်းမှာ မာဆေးလ်ကို ပြောင်းရွှေ့ဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု မရရှိခဲ့ပေမယ့် လက်ရှိမှာတော့ အပြောင်းအရွှေ့ အထမြောက်ဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ယခုသီတင်း အပတ် အစောပိုင်းမှာ ယူနိုက်တက်ရဲ့ ကာရင်တန် လေ့ကျင့်ရေးစခန်းကို ပြန်လည် ရောက်ရှိလာပြီး သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ဘက်ကတော့ ဂရင်းဝုဒ်ကို အသင်းဆီ ပြန်လည် ခေါ်ယူဖို့ထက် ရောင်းချဖို့သာ အစီအစဉ် အသိပေးခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ဂရင်းဝုဒ်ကို လေ့ကျင့်ခွင့် ပေးဖို့ အစီအစဉ် မရှိကြောင်းလည်း အသိပေးထားခဲ့ပါသေးတယ်။ ပြင်သစ် ကလပ် မာဆေးလ်ဟာ ပရီးမီးယားလိဂ် ကလပ် ဘရိုက်တန် နည်းပြဟောင်း ရော်ဘတ်တို ဒီဇာဘီကို နည်းပြသစ် အဖြစ် ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။ မာဆေးလ်ဟာ ပြီးခဲ့တဲ့ရာသီ လီဂူးဝမ်းမှာ အဆင့် ၈ နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ အသင်း ဖြစ်ပြီး ရာသီသစ်မှာ အောင်မြင်မှုတွေ ရရှိဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်