နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘောလုံးသမိုင်း တစ်လျှောက် ဆုဖလား အများဆုံး ပိုင်ဆိုင်နိုင်ခဲ့သူ ဖြစ်လာတဲ့ GOAT ကြီး မက်ဆီ | ကိုပါအမေရိကဖလား

လီယွန်နယ် GOAT ကြီး လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနား အသင်း ကတော့ ဒီကနေ့ မနက်ပိုင်းမှာ ကစားခဲ့တဲ့ ကိုပါအမေရိကဖလားမှာ ကိုလံဘီယာကို ၁-၀ ရလဒ်နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ အာဂျင်တီးနားဟာ ကိုလံဘီယာကို ခက်ခက်ခဲခဲ ကစားပြီးနောက် အချိန်ပို ရောက်မှ လူစားဝင် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။

လာရောက် ကြည့်ရှုတဲ့ ပရိသတ်တွေကြောင့်ပဲ ပွဲက မစခင်ကတည်းက စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပြီး အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့တဲ့ အမေရိကန် နိုင်ငံရဲ့ အားနည်းချက်တွေ ကလည်း ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ တချို့သော ကိုလံဘီယာ ပရိသတ်တွေ ဆိုရင် ဘောလုံး ကွင်းရဲ့ လေထွက်ပေါက်တွေထဲ ကနေ ဝင်ရောက်ခဲ့သလို လူအုပ်ပိတာကြောင့်လည်း ဒဏ်ရာရခဲ့သူတွေလည်း ရှိခဲ့ပါတယ်။

ပွဲတွင်း အချက်အလက်တွေကို ပြန်ကြည့်မယ် ဆိုရင်လည်း ကိုလံဘီယာဟာ ကမ္ဘာ့ချန်ပီယံ တဖြစ်လည်း လက်ရှိ ကိုပါအမေရိကဖလား ချန်ပီယံကို ခြေရည်တူနီးပါး ယှဉ်ကစားသွားနိုင်ခဲ့တာ တွေ့ရပါတယ်။ အာဂျင်တီးနား ထက်တောင် ဘောလုံး ပိုင်ဆိုင်မှုနဲ့ ဂိုးပေါက် ကန်ချက် ပိုများခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ မက်ဆီရဲ့ အာဂျင်တီးနားက ပိုသာခဲ့ပါတယ်။ ကော်ဒိုဘာ၊ ကန်တဲရို၊ ဂျိမ်းစ် ရိုဒရီဂွက်ဇ် တို့ တောက်ပခဲ့ပေမယ့် အာဂျင်တီးနားလို ရင့်ကျက် တည်ငြိမ်တဲ့ အသင်း တစ်သင်းကို ကျော်ဖြတ်ဖို့တော့ မလုံလောက်ခဲ့ပါဘူး။

ဒါ့အပြင် (၂) ကြိမ်ဆက် ချန်ပီယံ ဖြစ်ခဲ့တဲ့ အာဂျင်တီးနားဟာ ကိုပါအမေရိကဖလားကို (၁၆) ကြိမ် အထိ ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းပါ ဖြစ်လာခဲ့ရပါတယ်။
ကိုပါအမေရိကဖလား လက်ရှိ ချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင်ခဲ့တဲ့ အာဂျင်တီးနား

မက်ဆီ ကတော့ ဒုတိယပိုင်း ပွဲချိန် ၆၆ မိနစ်မှာ ခြေချင်းဝတ် ဒဏ်ရာ အပြင်းအထန် ရရှိလို့ နီကိုလာ ဂွန်ဇာလက်ဇ်နဲ့ လူစားလဲခြင်း ခံခဲ့ရပြီး အရန်ခုံ ထိုင်နေချိန်မှာလည်း မျက်ရည်တွေ ကျခဲ့ရပါတယ်။ ဒါပေမယ့် မက်ဆီ အတွက်ဆိုရင် ဘာမဆို ပေးဆပ်မယ်လို့ ဟစ်ကြွေးထားတဲ့ အာဂျင်တိုင်းသားတွေ ကတော့ ကိုပါအမေရိကဖလား ချန်ပီယံဆုကို နှစ်ကြိမ်ဆက် အရယူပေးနိုင်ခဲ့သလို မက်ဆီ ကလည်း ဘောလုံးသမိုင်း တစ်လျှောက် ဆုဖလား အများဆုံး ပိုင်ဆိုင်နိုင်ခဲ့သူ ဖြစ်လာရပါတယ်။ မက်ဆီဟာ ဘာစီလိုနာ အသင်းဖော်ဟောင်း ဒန်နီ အဲလ်ဗက်စ်ထက် ဆုဖလား တစ်လုံး အသာရခဲ့ပြီး စုစုပေါင်း ဆုဖလား အရေအတွက် (၄၅) လုံး အထိ ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ သက်တမ်း တလျှောက် ကမ္ဘာ့ဖလား (၁) ကြိမ်၊ ကိုပါအမေရိကဖလား (၂)ကြိမ်၊ ဥရောပ-တောင်အမေရိကဖလား (၁)ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၄) ကြိမ်၊ ဥရောပစူပါဖလား (၃)ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား (၃)ကြိမ်၊ လာလီဂါဖလား (၁၀)ကြိမ်၊ လီဂူးဝမ်းဖလား (၂)ကြိမ်၊ အမေရိကန်-ကနေဒါ-မက္ကဆီကို ကလပ်လိဂ်ဖလား (၁)ကြိမ်၊ ကိုပါဒယ်ရေးဖလား (၇)ကြိမ်၊ စပိန်စူပါဖလား (၈) ကြိမ်၊ ပြင်သစ်စူပါဖလား (၁)ကြိမ်၊ ယူ-၂၀ ကမ္ဘာ့ဖလား (၁)ကြိမ်၊ အိုလံပစ် ရွှေတံဆိပ် (၁) ကြိမ် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် ၂၀၂၄ ကိုပါအမေရိကဖလား ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားဆု ကိုတော့ အမ်မီလီယာနို မာတီနက်ဇ်က ရရှိခဲ့ပြီး ဂိုးသွင်း အများဆုံး ကစားသမားဆု ကို‌တော့ လော်တာရို မာတီနက်ဇ်က ရရှိခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုကိုတော့ ၁ ဂိုးသွင်းပြီး ဖန်တီးမှု ၆ ကြိမ် ပြုလုပ်ခဲ့တဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်က ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် (၂) ကြိမ်ဆက် ချန်ပီယံ ဖြစ်ခဲ့တဲ့ အာဂျင်တီးနားဟာ ကိုပါအမေရိကဖလားကို (၁၆) ကြိမ် အထိ ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းပါ ဖြစ်လာခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်