နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပါးလ်မားကို အရန်ခုံပဲ ထိုင်စေချင်တဲ့ ကူကာရယ်လာ | ယူရို ၂၀၂၄

စပိန်နဲ့ အင်္ဂလန် တို့ကတော့ ယူရို ၂၀၂၄ ဗိုလ်လုပွဲ အဖြစ် ဇွန်လ ၁၅ ရက်နေ့ မနက် အစောပိုင်း ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ စပိန် ဘယ်နောက်ခံလူ မာ့ခ် ကူကာရယ်လာက ဗိုလ်လုပွဲမှာ သူ့ရဲ့ ချဲလ်ဆီး အသင်းဖော် ကိုးလ် ပါးလ်မားကို အရန်ခုံမှာပဲ ရှိစေချင်တယ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

ကူကာရယ်လာက “ကျွန်တော်တို့ လွန်ခဲ့တဲ့ တစ်ပတ်လောက်က စကားပြောဖြစ်ခဲ့ပါသေးတယ်။ ကျွန်တော်တို့ ဘာတွေ ပြောခဲ့လဲ ဆိုတော့ ပြီးခဲ့တဲ့ ရှုံးထွက်အဆင့် ပွဲစဉ်တွေ အကြောင်းပါ။ ကျွန်တော့် အတွက် ဆိုရင်တော့ ဒီပွဲမှာ သူ(ကိုးလ် ပါးလ်မား) ပါဝင်ကစားခြင်း မရှိပဲ အရန်ခုံမှာပဲ ထိုင်နေတာက ပိုပြီး ကောင်းမယ်လို့ ထင်ပါတယ်။” ဆိုပြီး ကူကာရယ်လာက ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

စပိန်နဲ့ အင်္ဂလန် လက်ရွေးစင် အသင်းဟာ မနက်ဖြန် ညမှာ ဂျာမနီ နိုင်ငံ ဘာလင်မြို့က Olympiastadion ကွင်းကြီးမှာ ယူရို ၂၀၂၄ ဗိုလ်လုပွဲ အဖြစ် အကြိတ်အနယ် ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲဟာ စပိန် အတွက် ယူရို ပြိုင်ပွဲ သမိုင်းတလျှောက် အအောင်မြင်ဆုံး အသင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို အရယူဖို့ ကြိုးစားရမှာ ဖြစ်ပြီး အင်္ဂလန် အတွက် ကတော့ ၅၈ နှစ်ကြာ ဝေးကွာနေတဲ့ အဓိက ပြိုင်ပွဲကြီး တစ်ခုရဲ့ ဆုဖလားကို တကျော့ပြန် ပြန်လည် ရယူနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုပွဲဟာ နှစ်သင်းစလုံး အတွက် အလွန်အရေးပါနေပြီး ကစားသမားတွေ အနေနဲ့လည်း ရေကုန်ရေခမ်းနွှဲဖို့ အားတင်းနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူရို ၂၀၂၄ ချန်ပီယံဆုဟာ အင်္ဂလန် အတွက် ပထမဆုံး သော ဥရောပချန်ပီယံရှစ် ဆုဖလား ဖြစ်လာနိုင်သလို စပိန် အတွက် ကလည်း ၁၂ နှစ်တာ ကာလ အတွင်း ပထမဆုံး ဆုဖလား ဖြစ်လာဖို့ ရှိနေတာပါ။

စပိန်က ယူရို ၂၀၂၄ ပြိုင်ပွဲ မစတင်ခင်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ မပါဝင်ခဲ့ပေမယ့် လက်ရှိ မှာတော့ ချန်ပီယံဖြစ်ဖို့ အင်္ဂလန် ထက်တောင် အလေးသာနေခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန် ကတော့ ထုံးစံ အတိုင်း ပြိုင်ပွဲ မစတင်ခင် ကတည်းက ချန်ပီယံ ဖြစ်ဖို့ တစ်ပေးခြင်း ခံခဲ့ရပြီး လက်ရှိမှာ ဗိုလ်လုပွဲ အထိ တက်လှမ်းလာပြီ ဖြစ်တာကြောင့် သူတို့မှာလည်း မျှော်လင့်ချက် အပြည့် ရှိနေဆဲ ဖြစ်ပါတယ်။

ခြေစွမ်းပိုင်းအရတော့ ဆောက်ဂိတ်ရဲ့ အင်္ဂလန်က စပိန်နဲ့ တော်တော်လေး ကွာဟချက် ရှိနေပေမယ့် တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာတဲ့ ကစားပုံနဲ့ အလွယ်တကူ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေကြောင့် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ တစ်ချက်ရှိတာက ဆောက်ဂိတ် အနေနဲ့ စပိန်ရဲ့ မြန်နှုန်းမြင့် ကစားပုံကို ဘယ်လိုနည်းစနစ်နဲ့ ထိန်းချုပ်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်သလို နီကို ဝီလီယမ်စ်နဲ့ လမိုင်းယာမယ် တို့ရဲ့ ထက်မြတ်တဲ့ တောင်ပံ နှစ်ဖက် ကိုလည်း သတိထားရဦးမျှာ ဖြစ်ပါတယ်။

လက်ရှိမှာ စပိန်ရော အင်္ဂလန်ပါ ယူရို ၂၀၂၄ ချန်ပီယံ ဖြစ်ဖို့ ဆတူအခွင့်အရေး ရှိနေပေမယ့် စပိန် ကတော့ အင်္ဂလန်ထက် ပိုပြီး ရေပန်းစားနေပါတယ်။ ဗိုလ်လုပွဲနဲ့ ပတ်သက်လို့ လက်ရှိမှာ အသင်း နှစ်သင်း အကြားက အားသာချက် အားနည်းချက်တွေကို ဘောလုံးလောက တစ်ခုလုံးက သုံးသပ်ပြောဆိုနေကြပြီး စပိန် နောက်ခံလူ ကူကာရယ်လာ ကလည်း သူ့ရဲ့ အမြင်ကို အခုလို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ အတူ ပြီးခဲ့တဲ့ ရာသီက အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ ပါးလ်မားက ဆောက်ဂိတ်ရဲ့ အင်္ဂလန် လူစာရင်းမှာတော့ ပွဲထွက်ကစားသမား အဖြစ် ပါဝင်ရခြင်း မရှိသေးပါဘူး။ ပါးလ်မားဟာ ယူရို ၂၀၂၄ မှာ ဆလိုဗေးနီးယားနဲ့ အုပ်စု နောက်ဆုံး ပွဲမှ ၁၉ မိနစ်ကြာ ဝင်ရောက် ကစားခွင့်ရခဲ့သလို ဆလိုဗက်ကီးယားနဲ့ ပွဲမှာတော့ ၅၄ မိနစ်၊ ဆွစ်ဇာလန်နဲ့ ပွဲမှာတော့ ၄၂ မိနစ်နဲ့ နယ်သာလန်နဲ့ ပွဲမှာတော့ ၁၀ မိနစ်သာ ကစားခွင့်ရထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပါးလ်မားက နယ်သာလန်နဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ် မှာတော့ အင်္ဂလန် အတွက် အရေးပါတဲ့ အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်