နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လမိုင်း ယာမယ်ရဲ့ သွင်းဂိုးကို ‘ညဏ်ကြီးရှင်ရဲ့ ထိချက်’လို့ ချီးကျူးလိုက်တဲ့ စပိန် နည်းပြ | ယူရို ၂၀၂၄

စပိန်ဟာ ပြင်သစ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ယူပြီး ယူရို ၂၀၂၄ ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ စပိန်က ပြင်သစ်ရဲ့ ကိုလို မူအာနီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခြင်း ခံခဲ့ရပေမယ့် လမိုင်း ယာမယ်ရဲ့ ချေပဂိုး၊ ဒန်နီ အော်လမိုရဲ့ အနိုင်ဂိုးတွေနဲ့ အကောင်းဆုံး ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ချေပဂိုး သွင်းယူပေးခဲ့တဲ့ လမိုင်း ယာမယ်ဟာ ဆိုရင် အသက် ၁၆ နှစ်နဲ့ ၃၆၂ ရက်သာ ရှိသေးပြီး နိုင်ငံတကာ ပြိုင်ပွဲကြီးတွေ သမိုင်းတလျှောက် အသက်အငယ်ဆုံး ဂိုးသွင်းသူ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒီဂိုးဟာ လမိုင်း ယာမယ် အတွက် စပိန် လက်ရွေးစင် ကစားသမား ဘဝ ဒုတိယမြောက် သွင်းဂိုးလည်း ဖြစ်ခဲ့ပြီး ဂိုးကို ပြန်ကြည့်မယ် ဆိုရင်လည်း တော်တော်လေးကို လှပ ကောင်းမွန်ခဲ့ကာ အရည်အသွေးမြင့် သွင်းဂိုး တစ်ဂိုးလည်း ဖြစ်ခဲ့တာ တွေ့ရမှာပါ။

လမိုင်း ယာမယ်ရဲ့ သွင်းဂိုးနဲ့ ပတ်သတ်လို့တော့ ပွဲအပြီးမှာ စပိန် လက်ရွေးစင် အသင်း နည်းပြ လူးဝစ္စ ဒီလာ ဖျူအန်တေးက “ဉာဏ်ကြီးရှင်ရဲ့ ထိချက်” လို့တောင် ချီးမွမ်းသွားခဲ့ပါတယ်။ ဖျူအန်တေးက “သူဘယ်သူလဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိပါတယ်။ သူ့ကို ဂရုစိုက်ဖို့ လိုပါတယ်။ ကျွန်တော် သူ့ကို နှိမ့်ချစွာ နေထိုင်ပြီး အမြဲတမ်း မြက်ခင်းပေါ်မှာ တိုးတက်လာစေချင်ပါတယ်။ နောက်ပြီး တူညီတဲ့ စိတ်ထားမျိုးနဲ့ ကျွမ်းကျင် ပိုင်နိုင်စေချင်ပြီး ရင့်ကျက်မှုတွေနဲ့ အမြဲတမ်း သင်ယူစေချင်ပါတယ်။

“ရိုးရိုးသားသား ပြောရရင် သူက ကျွန်တော်တို့ ထင်ထားတာထက်တောင် ပိုပြီးတော့ အတွေ့အကြုံ ရှိတဲ့ ကစားသမား တစ်ယောက် လိုပါပဲ၊ ဒါပေမယ့် အခြေခံအားဖြင့်တော့ သူက ကျွန်တော်တို့ အသင်းမှာ ရှိတဲ့ စပိန် လူမျိုး ကစားသမား ဖြစ်ပြီး သူ့ကို ငါတို့ အားကိုးရတဲ့ အတွက်လည်း ဂုဏ်ယူပါတယ်။ သူ့အနေနဲ့ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်စေဖို့ မျှော်လင့်ပါတယ်။”

စပိန်ဟာ ဒီနိုင်ပွဲကြောင့် ယူရို ပြိုင်ပွဲ သမိုင်းတလျှောက် ၆ ပွဲစလုံး အနိုင်ရခဲ့တဲ့ ပထမဦးဆုံး အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် နိုင်ငံတကာ ပြိုင်ပွဲ တစ်ခုရဲ့ ဗိုလ်လုပွဲကို ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။။

ဆက်လက်ပြီး ဖျူအန်တေးက “ကျွန်တော် တို့ရဲ့ ဘောလုံးအယူအဆက ကျွန်တော် တို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပေါ်မှာ အခြေခံပါတယ်။ ဒီလိုမျိုး အားသာချက်နဲ့ပဲ ကျွန်တော်တို့ ကစားချင်ပါတယ်။ ကျွန်တော်တို့ ဘောလုံး ကောင်းကောင်း ကစားနိုင်တယ် ဆိုတာ သိပါတယ်၊ ပြိုင်ပွဲ တစ်လျှောက်လုံးလည်း မြင်ခဲ့ရပါတယ်။ ကစားသမားတွေက တစ်ဦးချင်း ထူးချွန်ကြပေမယ့် သူတို့ရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်တွေကို ပေါင်းစပ်ပြီး အမြဲတမ်း အများအကျိုး အတွက်၊ စုပေါင်း အားထုတ် လုပ်ဆောင်နေကြတာပါ။ သူတို့က လုပ်အားနှုန်း အပြည့်နဲ့ ကစားတယ်။ နောက်ပြီး အမြဲတမ်း စိတ်ဓာတ်မကျတဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ သူတို့ဟာ အနစ်နာခံတဲ့ စိတ်ဓာတ်နဲ့ ဆက်လက် တိုးတက်ချင်နေတယ် ဆိုတာ အသင်းရဲ့ နောက်ထပ် လက္ခဏာတစ်ခုပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ပြင်သစ်ဟာ ဒီနှစ် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခံစစ်ပိုင်းက တော်တော်လေးကို ကောင်းမွန်ခဲ့ပေမယ့် စပိန်ရဲ့ ထက်မြတ်တဲ့ တောင်ပံ နှစ်ဖက်နဲ့ လျင်မြန်တဲ့ တိုက်စစ်တွေနဲ့ အတွေ့မှာတော့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီခြေစွမ်းအတိုင်းသာ ဆိုရင်တော့ စပိန်ဟာ ဗိုလ်လုပွဲကို ဘယ်အသင်းပဲ တက်လာလာ အကောင်းဆုံး ကျော်ဖြတ်နိုင်ဦးမှာပါပဲ။

စပိန်ဟာ ဇွန်လ ၁၅ ရက်နေ့မှာတော့ နယ်သာလန် သို့မဟုတ် အင်္ဂလန်နဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲ ကစားရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်