နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီဒါဆင် နေရာမှာ မိုက်ဂ်နန်နဲ့ အစားထိုးဖို့ စဉ်းစားနေတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး အသင်း ကတော့ အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နန်ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ ပရီးမီးယားလိဂ် (၄) နှစ်ဆက် ချန်ပီယံ မန်ချက်စတာစီးတီးဟာ လာမယ့်နွေရာသီမှာ အသင်း ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ အီဒါဆင် နေရာမှာ မိုက်ဂ်နန်နဲ့ အစားထိုးဖို့ အတွက် ရည်ရွယ်နေတာလည်း ဖြစ်ပါတယ်။

ဘရာဇီးလ် လက်ရွေးစင်ဟာ မန်စီးတီးရဲ့ နံပါတ် ၁ ဂိုးသမား ဖြစ်ပေမယ့် စပါးနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နည်းပြ ဖြစ်သူ ပပ်ဂွာဒီယိုလာနဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်ခဲ့တာကြောင့် အခုလိုမျိုးပဲ အသင်း ကနေ ထွက်ခွာဖွယ် ရှိတယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ အီဒါဆင်က စပါး နောက်ခံလူ ခရစ္စတီယန် ရိုမဲယိုနဲ့ ထိခိုက်မိခဲ့ပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တာကြောင့် ဂွာဒီယိုလာက သူ့ကို အော်တီဂါနဲ့ လူစားလဲခဲ့ပါတယ်။ ဒါပေမယ့်လည်း အီဒါဆင် ကတော့ ပွဲကို ဆက်လက် ကစားချင်ခဲ့တာ ဖြစ်ပြီး ဂွာဒီယိုလာရဲ့ ဆုံးဖြတ်ချက်ကြောင့် အီဒါဆင် တစ်ယောက် အကြီးအကျယ် ဒေါသထွက်ခဲ့ပါတယ်။

ဒီကိစ္စ ဖြစ်ပြီးနောက်မှာ မန်စီးတီးနဲ့ အီဒါဆင် တို့ရဲ့ အနာဂတ်က မသေချာတော့ကြောင်း သတင်းသဲ့သဲ့ ထွက်ခဲ့ပြီး ဂွာဒီယိုလာ ကိုယ်တိုင် ကလည်း သူနဲ့ အဆင်မပြေရင် ဂျောင်းဆိုတဲ့ နည်းပြမျိုး ဖြစ်တာကြောင့် ဘာတွေ ဆက်ဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။ လက်တလော မှာတော့ အီဒါဆင် ကို ဆော်ဒီပရိုလိဂ် ကလပ်တွေက ငွေကြေး အမြောက်အမြား အသုံးပြုပြီး ခေါ်ယူဖို့ ပစ်မှတ်ထားနေသလို မန်စီးတီး ဘက်ကလည်း ရောင်းထုတ်ဖို့ စတင် ပြင်ဆင်လာခဲ့ပြီလို့ သိရပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ဂိုးသမားဟာ ၂၀၁၇ ခုနှစ်မှာ ဘင်ဖီကာ ကနေ ပရီးမီးယားလိဂ် ကလပ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အီဒါဆင်ဟာ ပရီးမီးယားလိဂ် ကလပ်မှာ ကစားခဲ့တဲ့ ၇ နှစ်တာ ကာလ အတွင်း ပွဲပေါင်း ၃၃၂ ပွဲ ကစားထားခဲ့သလို ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တစ်ဦး အဖြစ်လည်း ကာလရှည်ကြာ ရပ်တည်ထားနိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အခြေအနေတွေ အရတော့ အီဒါဆင် တစ်ယောက် အသက်အရွယ် ရလာတာက တကြောင်း၊ ဂွာဒီယိုလာနဲ့ အဆင်မပြေတာက တစ်ကြောင်း အသင်းပြောင်းဖို့ အကြောင်းဖန်လာခဲ့ပြီလို့ပဲ ဆိုရပါမယ်။

ဒီလို မန်စီးတီး ဘက်ကလည်း အီဒါဆန်ကို ရောင်းချပြီးရင် သူ့နေရာမှာ အစားထိုးဖို့ အတွက် ဂိုးသမားတွေကို စတင် ချိန်ရွယ်လာခဲ့ပါတယ်။ လတ်တလော မှာတော့ မန်စီးတီးနဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်နေတဲ့ ဂိုးသမား ကတော့ အေစီမီလန်က ပြင်သစ် လက်ရွေးစင် ဂိုးသမား မိုက်ဂ်နန် ဖြစ်ပါတယ်။ ပီအက်စ်ဂျီ လူငယ် အကယ်ဒမီထွက် အသက် (၂၈) နှစ် အရွယ် ဂိုးသမား မိုက်နန်ဟာ စီနီယာ ကစားသမားဘဝကို လိုင်လီမှာ စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အေစီမီလန်ကို ရောက်ရှိခဲ့ပါတယ်။

ဂိုးသမား ဒွန်နာရူးမားကို လက်လွှတ်ခဲ့ရတဲ့ အေစီမီလန်က မိုက်ဂ်နန်နဲ့ အစားထိုးခဲ့ပြီး အခုဆိုရင်တော့ မိုက်ဂ်နန်က မီလန် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၁၀၀) ကျော် ကစားထားပြီး ဖြစ်ပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံမှာ (၁၅) ပွဲ ပေးဂိုး မရှိအောင် စွမ်းဆောင်ထားနိုင်တဲ့ မိုက်ဂ်နန်ဟာ မန်စီးတီး လိုချင်တဲ့ Keeper Sweeper ဂိုးသမားမျိုး ဖြစ်သလို ခေါင်းဆောင်မှုလည်း ကောင်းသူပါ။ မိုက်ဂ်နန်ဟာ အေစီမီလန်နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေပြီး မန်စီးတီး အနေနဲ့ ယူရို သန်း ၅၀ လောက်နဲ့ အရ ခေါ်ယူသွားနိုင်ဖွယ် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်