နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရိုဒရီဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး အသင်း ကတော့ ရာသီသစ်မှာ အောင်မြင်မှုတွေ ဆက်လက် ထိန်းသိမ်းနိုင်ရေး အတွက် ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ဖို့ ပြငဆင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အခု နောက်ဆုံးရတဲ့ သတင်းတွေ အရ ဆိုရင် ရီးရဲလ်မက်ဒရစ် တောင်ပံ ကြယ်ပွင့် ရိုဒရီဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စောင့်ကြည့်လျက် ရှိတယ်လိုလည်း သိရပါတယ်။ 

လက်တလောမှာ ဘရာဇီးလ် လူငယ် ကြယ်ပွင့် ရိုဒရီဂိုဟာ လာလီဂါ ကလပ်နဲ့ အနာဂတ် မသေမချာ ဖြစ်နေပြီးတော့ ဒီအခြေအနေကို မန်စီးတီးက အခွင့်ကောင်းယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ 

အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လက်ရွေးစင် တောင်ပံ ကစားသမား ရိုဒရီဂိုက ဘယ်/ညာ တောင်ပံ နှစ်ဖက်စလုံးမှာ ကစားနိုင်သလို လိုအပ်ရင်လည်း အထောင် တိုက်စစ်မှူး အဖြစ် အဆင်ပြေပြေ ကစားနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ် မန်စီးတီးက လက်ရှိ တိုက်စစ်မှူး ဟာလန်းနဲ့ တွဲဖက်ကစားစေဖို့ ဖြစ်စေ ပံ့ပို့ပေးနိုင်ဖို့ ဖြစ်စေ ရိုဒရီဂိုကို လိုချင်နေတာ ဖြစ်ပါတယ်။ ရိုဒရီဂိုဟာ လက်ရှိ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှာ ဗင်နီးစီးယပ်စ် ဂျူနီယာနဲ့ တွဲဖက်ကာ အကောင်းဆုံး ခြေစွမ်းပြနေပြီး အနေအေးသလို စည်းကမ်းပိုင်း ကောင်းပြီး နည်းပြရဲ့ ညွှန်ကြားမှုကို ကောင်းမွန်စွာ လိုက်နာနိုင်သူလည်း ဖြစ်ပါတယ်။

ရိုဒရီဂိုက အခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၅၀ အထိ ပါဝင် ကစားပေးထားသလို ၁၇ ဂိုး သွင်းကာ ဖန်တီးမှု ၉ ကြိမ် ပြုလုပ်ထားပါတယ်။ မကြာခင် ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ရိုဒရီဂိုက ရီးရဲလ်မက်ဒရစ်မှာ ပျော်ရွှင်နေပေမယ့် အမြဲတမ်း ရှိသွားနိုင်ဖို့တော့ မသေချာကြောင်း အရိပ်အမြွက် ပြောကြားမှုတွေလည်း ရှိထားပါတယ်။

ရိုဒရီဂိုဟာ လာလီဂါ ကလပ်မှာ ပျော်နေသလို ပုံမှန် ခြေစွမ်းကောင်းတွေလည်း ပြသထားပေမယ့် ကီလီယန် အမ်ဘာပေး ရောက်ရှိလာမှုနဲ့ အတူ နေရာပျောက်သွားနိုင်သူ အဖြစ် ထင်ကြေးပေးခံနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးက ဒီအခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အခွင့်အရေး ရရင် ရသလို ခေါ်ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ကလပ်ရဲ့ တောင်ပံ နေရာမှာ ဒိုခု၊ ဂရီးလစ်ရှ်၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန် တို့လို ကစားသမားကောင်းတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း တောင်ပံကစားသမားစစ် ဆိုလို့ ဒိုခု၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်သာ ရှိပြီး ဂရီးလစ်ရှ် ကတော့ ပုံမှန် ခြေစွမ်းပြဖို့ ရုန်းကန်နေရသူပါ။ ဘာနာဒို ဆေးလ်ဗား ကတော့ အသက် ၃၀ နား ကပ်လာပြီ ဖြစ်တာကြောင့် မန်စီးတီးဟာ အနာဂတ် အတွက် တောင်ပံ ကစားသမား တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ စဉ်းစားနေရတာ ဖြစ်ပါတယ်။

ရိုဒရီဂိုဟာ ၂၀၁၉ ခုနှစ်မှာ ဆန်းတို့စ် ကနေ ရီးရဲလ်မက်ဒရစ် လူငယ်အသင်းကို ရောက်ရှိလာခဲ့ပြီး အချိန်တိုတွင်းမှာပဲ စီနီယာ အသင်းကြီး အတွက် ပွဲထွက်ကစားခွင့် ရခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ တောက်ပတဲ့ စွမ်းဆောင်ရည်တွေကြောင့် နည်းပြ စိတ်ကြိုက် ကစားသမား ဖြစ်လာခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုဖလား အောင်မြင်မှုတွေ ရရှိထားသူ ဖြစ်ပါတယ်။ ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ် အတွက် ၂၁၅ ပွဲ ကစားပြီး ၅၄ ဂိုး သွင်းထားပါတယ်။ ရိုဒရီဂိုဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် လက်ရှိ မှာတော့ ၄ နှစ် သက်တမ်း ကျန်ရှိနေပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်