နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာသီသစ်မှာ ဖလားတွေ သိမ်းဖို့ စိတ်အားထက်သန်နေတဲ့ မီခဲလ် အာတေးတား | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းရဲ့ နည်းပြ မီခဲလ် အာတေးတား ကတော့ လာမယ့် ရာသီမှာ ဆုဖလားတွေ ရရှိဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ကတိပေးစကား ပြောကြားလာခဲ့ပါတယ်။

အာတေးတားက မနေ့ညက ကျင်းပခဲ့တဲ့ Globe Soccer Award ဆုပေးပွဲမှာ ၂ဝ၂၃-၂ဝ၂၄ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုရရှိပြီးနောက် အခုလိုပဲ ကြွေးကြော်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အာတေးတားက သူတို့ အသင်းဟာ အမြဲတမ်း နိုင်ပွဲတွေ ရချင်ပြီး ဆုဖလားတွေ ဆာလောင်နေတဲ့ အသင်း ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ရာသီဆက် မန်ချက်စတာစီးတီးရဲ့ အနောက် အဆင့် ၂ နေရာနဲ့ပဲ ကျေနပ်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ဟာ အာတေးတား လက်ထက်မှာ တစ်ရာသီထက် တစ်ရာသီ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ သိသိသာသာ တိုးတက်လာခဲ့တယ် ဆိုတာတော့ ငြင်းလို့ မရပါဘူး။

ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်ဟာ ပရီးမီးယားလိဂ် မှာ ၃၈ ပွဲ ကစား ၂၈ ပွဲ နိုင်၊ ၅ ပွဲ သရေ ကျပြီး ၅ ပွဲသာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဂိုးကွာခြားချက်အရလည်း ၆၂ ဂိုး အထိ ရှိခဲ့တဲ့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် ရဲ့ တိုက်စစ်ရော ခံစစ်ရော အကောင်းဆုံး အသင်း အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အာတေးတားရဲ့ အသင်းက အဘက်ဘက်မှာ တောင့်တင်းနေတဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီး ကိုတော့ မကျော်လွန်နိုင်ခဲ့ပဲ ပြိုင်ဘက် ပရိသတ်တွေ နောက်ပြောင် ဝေဖန်သလို ဒုတိယလူ အဖြစ်နဲ့သာ ကျေနပ်ခဲ့ရပြန်တာပါ။


ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ၃၈ ပွဲ ကစား ၂၈ ပွဲ နိုင်၊ ၅ ပွဲ သရေ ကျပြီး ၅ ပွဲသာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၂၈ ပွဲ အထိ ရရှိခဲ့တဲ့ အာဆင်နယ်

ဒါပေမယ့်လည်း ဘောလုံး အမြင်အရ ကြည့်ရင် အာဆင်နယ်ဟာ ပြီးပြည့်စုံလွန်းပါတယ် ဆိုတဲ့ မန်စီးတီးကို ပြီးခဲ့တဲ့ ရာသီ ပထမအကျော့မှာ အနိုင်ကစားပြီး ဒုတိယအကျော့မှာ သရေ ကစားနိုင်ခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အာဆင်နယ်ဟာ မန်စီးတီးနဲ့ ရင်ဘောင်တန်း ကစားနိုင်စွမ်း ရှိလာပြီလို့ သတ်မှတ်လို့ ရသလို လာမယ့် နှစ်တွေ အတွင်း မန်စီးတီးဆီက ချန်ပီယံဆုကို လုယူနိုင်တဲ့ အသင်း အဖြစ်လည်း သတ်မှတ်လို့ ရပါတယ်။

လက်တလောမှာတော့ အာဆင်နယ်က ရာသီသစ် အတွက် ကစားသမား အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပြီး ထိပ်တန်း တိုက်စစ်မှူး တစ်ဦး အပါအဝင် အရည်အသွေးမြင့် ကစားသမား တချို့လည်း ခေါ်ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ အကယ်၍ လူစာရင်းမှာ ဒီလို ကစားသမားတွေကို ပေါင်းထည့်နိုင်မယ် ဆိုရင်တော့ ဂွာဒီယိုလာရဲ့ မန်စီးတီး အတွက် မလွယ်ကြောပါပဲ။

မီခဲလ် အတေးတားက “ကျွန်တော်တို့ အသင်းက အနိုင်ရတာပဲ လိုချင်တာပါ။ နိုင်မယ်။ နိုင်မယ်။ နိုင်မယ်။ ဒါပါပဲ။ ကျွန်တော်တို့ အဲ့ဒီလိုပဲ ဖြစ်ချင်ပါတယ်။ ကျွန်တော် ဆုဖလားတွေကို ရယူဖို စိတ်အားထက်သန်သလို ဆုဖလားတွေ ဆာလောင်နေကြတဲ့ ကစားသမားတွေနဲ့လည်း အပြည့်ရှိပါတယ်။ ကျွန်တော်တို့ ဆုဖလားတွေကို ရယူနိုင်မယ်လို့လည်း အပြည့်အဝ ယုံကြည်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လာမယ့်ရာသီမှာ ဆုဖလားတွေကို သိမ်းပိုက်နိုင်ဖို အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်။” ဆိုပြီး ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်