နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခရူးစ် နေရာမှာ အစားထိုးဖို့ ရိုဒရီနဲ့ ကင်မစ်ချ်ကို စောင့်ကြည့်နေတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဟာ အခုနွေရာသီမှာ ကစားသမား ဘဝ ကနေ အနားယူတော့မယ့် တိုနီ ခရူးစ် နေရာမှ အစားထိုးဖို့ ကွင်းလယ်ကစားသမား တစ်ဦး ရှာဖွေနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဂျာမန် ကွင်းလယ်လူ နေရာမှာ မန်စီးတီးက ရိုဒရီနဲ့ အစားထိုးဖို့ မျက်စိကျနေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

တိုနီ ခရူးစ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂျာမနီ အသင်းနဲ့ အတူ ယူရို ၂၀၂၄ ပြိုင်ပွဲ အပြီးမှာ သူ့ရဲ့ ကစားသမားဘဝကို အနားပေးဖို့ ဆုံးဖြတ်ခဲ့ပြီး မနေ့ညက ဘက်တစ်နဲ့ သရေကျခဲ့တဲ့ ပွဲမှာလည်း ပရိသတ်တွေနဲ့ အသင်းကို နှုတ်ဆက်သွားခဲ့ပြီး ဖြစ်ပါတယ်။ တိုနီ ခရူးစ်ဟာ ရီးရဲလ်မက်ဒရစ်ဟာ ၁၀ စုနှစ် တစ်ခုအကြာ ဖြတ်သန်းခဲ့ပြီးတော့ ဆုဖလား အောင်မြင်မှုတွေနဲ့ တစ်ဦးချင်း အောင်မြင်မှု များစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ခရူးစ်ဟာ လာလီဂါ ကလပ် အတွက် ပွဲပေါင်း ၄၆၀ ကျော် ကစားပေးခဲ့သူပါ။ ဒါ့အပြင် လာလီဂါ ဖလား ၄ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်၊ စူပါဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ် ၄ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၃ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၅ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ခရူးစ်ဟာ နှစ်ပေါင်း များစွာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်မှာ ခြေစွမ်းပြခဲ့ပြီး သူ့ရဲ့ ဘောလုံး အမြင်၊ အတွေးအခေါ်၊ နည်းဗျူဟာပိုင်း ဆိုင်ရင် ညဏ်ရည် ညဏ်သွေး မြင့်မားမှုတွေကြောင့် နာမည်ကြီးသူ တစ်ယောက် ဖြစ်ပါတယ်။ ဒါ့ပြင် ခရူးစ်ဟာ ဖန်တီးမှု တော်တော်များများဟာ ရင်သပ်ရှုမောဖွယ် ကောင်းခဲ့ပြီး သူဖြတ်သန်းခဲ့တဲ့ ၁၀ နှစ်တာ အတွင်း ဖန်တီးမှု အကြိမ် ၁၀၀ နီးပါး ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါကြောင့် သူ့နေရာမှာ အစားထိုးဖို့ အတွက် လာလီဂါ ကလပ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ဦး ဖြစ်တဲ့ ရိုဒရီကို ပစ်မှတ်ထားနေတယ်လို့ AS က ဖော်ပြလာခဲ့ပါတယ်။
တိုနီခရူးစ် နေရာမှာ အစားထိုးဖို့ ခေါ်ယူမယ့် ရီးရဲလ်မက်ဒရစ်

ဒါကြောင့် သူ့နေရာမှာ အစားထိုးဖို့ အတွက် လာလီဂါ ကလပ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ဦး ဖြစ်တဲ့ ရိုဒရီကို ပစ်မှတ်ထားနေတယ်လို့ AS က ဖော်ပြလာခဲ့ပါတယ်။ ရိုဒရီဟာ လက်ရှိမှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျော် ကျန်ရှိနေသေးသလို အသင်း ကနေ ထွက်ခွာနိုင်ချေလည်း နည်းနေသေးတာကြောင့် ရီးရဲလ်မက်ဒရစ် အနေနဲ့ နောက်ထပ် ကစားသမား တစ်ဦး ထပ်မံ ရှာဖွေထားဖို့တော့ လိုအပ်နေပါသေးတယ်။

ဒါကြောင့် မက်ဒရစ် တာဝန်ရှိသူတွေဟာ ဘေယန်မြူးနစ် အသင်းက ဂျော်ရွှာ ကင်မစ်ချ်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ကင်မစ်ချ် ကတော့ ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိပြီး လာမယ့် ရာသီ အကုန်မှာ ဘေယန်မြူးနစ် ကနေ ထွက်ခွာဖို့ စဉ်းစားနေသူလည်း ဖြစ်ပါတယ်။ အကယ်၍ အသက် ၂၇ နှစ် အရွယ် ရိုဒရီကို မရခဲ့ရင်တော့ ကင်မစ်ချ်ကို ကြိုးပမ်းသွားဖို့ ရှိနေပြီး များပြားတဲ့ ပြောင်းရွှေ့ကြေးလည်း အသုံးပြုရဖို့ ရှိနေပါတယ်။

ဘေယန်မြူးနစ် ဘက်က ကင်မစ်ချ်ကို စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေပေမယ့် ပြောင်းရွှေ့ကြေး အနေနဲ့ ယူရို သန်း ၆၀ ထက် မနည်း တောင်းဆိုသွားဖွယ် ရှိပြီး ဒီပမာဏ ကိုတော့ ရီးရဲလ်မက်ဒရစ် ဘက်က ပေးချေလိုခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဘေယန်မြူးနစ် ဘက်ကသာ ပြောင်းရွှေ့ကြေးကို လျှော့ချပေးဖို့ ငြင်းဆန်ရင်တော့ ကစားသမား စာချုပ်သက်တမ်း ကုန်ဆုံးမယ့် လာမယ့် ရာသီအကုန်မှပဲ အလွတ်နဲ့ ခေါ်ယူဖို့ စောင့်ဆိုင်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်