နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာမယ့် နွေရာသီ အသင်းကနေ ထွက်ခွာဖို့ အစီအစဉ် မရှိသေးတဲ့ ဗန်ဒိုက်ခ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ခ် ကတော့ အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့ပါတယ်။ ဗန်ဒိုက်ခ်ဟာ အန်ဖီးလ်မှာ စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ မပြုလုပ်ရသေးကြောင်း ဝန်ခံထားပေမယ့် ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ အစီအစဉ် မရှိဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒိုက်ခ်ဟာ ၎င်း၏ လစ်ဗာပူးလ်နဲ့ လက်ရှိစာချုပ်အရ နောက်ဆုံး ၁၂ လ အတွင်း ဝင်ရောက်နေပြီ ဖြစ်ပြီး အခု နွေရာသီမှာ နည်းပြ ဖြစ်သူ ယာဂင် ကလော့ပ်ရဲ့ အနောက်ကို ထွက်ခွာသွားဖွယ် ရှိကြောင်း ကောလာဟလတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်သစ် တစ်ခုသို့ ကူးပြောင်းလာချိန်မှာ နယ်သာလန်သားကို အချိန်မီ ရောင်းထုတ်ဖို့ အတွက် အသင်း ပရိသတ်တွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဗန်ဒိုက်ခ် ကတော့ သူ့ရဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ အနာဂတ်ကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒိုက်ခ်က “လက်ရှိအချိန်မှာ ကျွန်တော့်ရဲ့ အနာဂတ်က အရေးမကြီးပါဘူး။ အခု ကျွန်တော် ပြောနိုင်တာ တစ်ခု က ကျွန်တော့် အတွက် နှုတ်ဆက်ပွဲ ရှိခဲ့ ရင် ကျွန်တော် ငိုမိမယ် မထင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကလော့ပ်ကြောင့် အရမ်း အံ့အားသင့်ခဲ့ရလို့ပါ။

“ဒီပရိသတ်တွေက တစ်ခုခု ထူးခြားပါတယ်။ နောက်ဆုံး မင်းကို နှုတ်ဆက်တဲ့အခါ မှာတော့ သိပါလိမ့်မယ်။ ဒီထဲမှာ မက်တစ်ပ်လည်း ပါပါတယ်။ သူငယ်ချင်း မင်းမငိုမိအောင် ဘယ်လိုများ ထိန်းထားခဲ့တာလဲကွာ။ ဒါပေမယ့် သူ Guard of Honor ကနေ အမြန် ထွက်လာပြီး ကျွန်တော် တို့နဲ့ အတူ လာရပ်ခဲ့ပါတယ်။ သူ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။”

“လောလောဆယ်တော့ ဘာမှ ပြောစရာ မရှိပါဘူး။ ဘာမှ မပြောင်းလဲသလို ဆွေးနွေးပွဲမှာလည်း အပြောင်းအလဲ မရှိပါဘူး။ ကျွန်တော့်ရဲ့ အခြေအနေ ကတော့ လုံးဝ ပြောင်းလဲခြင်း မရှိပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဗန်ဒိုက်ခ်ဟာ ၂၀၁၈ ခုနှစ်မှာ ဆောက်သမ်တန် ကနေ အဲ့ဒီအချိန်က ဗြိတိန် စံချိန်တင်ကြေးနဲ့ ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် အသင်းထံ ပြောင်းရွှေလာခဲ့သူ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ ဆောက်သမ်တန် ကနေ ဗြိတိန် စံချိန်တင်ကြေးနဲ့ လစ်ဗာပူးလ်ကို ပြောင်းလာတဲ့ ဗန်ဒိုက်ခ်

ဆက်လက်ပြီး ကလော့ပ် မပါဘဲ ဆက်လျှောက်ရမယ့် လစ်ဗာပူးလ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ဗန်ဒိုက်ခ်ကို မေးမြန်းရာမှာတော့ “ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုပါ။ ကလပ်က မန်နေဂျာတင် မကဘဲ ဝန်ထမ်းတွေ အများကြီး ထွက်သွားပါတယ်။ ကလပ်ထဲမှာ ဌာနပေါင်းစုံ ရှိနေပြီး ဒီပရောဂျက်မှာ ကလပ်ကို ယုံကြည်ဖို့ လိုအပ်ပါတယ်။ သူတို့လျှောက်နေတဲ့ လမ်းကြောင်းက ရာသီကြိုမှာ ဘယ်တွေ ဖြစ်လာမလဲ ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။” လို့ ဖြေကြားသွားခဲ့ပါတယ်။

ဆက်လက် ပြီးတော့လည်း နယ်သာလန် နောက်ခံလူက အပြောင်းအလဲ ဆိုတာ တစ်ခါတလေမှာ မသိသေးရသေးတဲ့ အတွက် နည်းနည်း ကြောက်စရာ ကောင်းပေမယ့် အခုအချိန်မှာ လုပ်နိုင်တာက ကလပ်ကို ယုံကြည်ဖို့ပဲ ဖြစ်သလို ရာသီအကြိုမှာ မြင်သာလာမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ဆုံး မှာတော့ ဗန်ဒိုက်ခ်က “ကျွန်တော် သိတာ တစ်ခုက ပြိုင်ပွဲ အပြီးမှာ ကောင်းကောင်း အနားယူဖို့ လိုအပ်တယ် ဆိုတာပါ။ မဟုတ်ရင် ရာသီသစ်မှာ ကျွန်တော်တို့ ဒုက္ခရောက်နိုင်ပါတယ်။ ကျွန်တော် တို့ရဲ့ အခြေအနေကို တခြား အသင်းတွေနဲ့ မနှိုင်းယှဉ်ချင်ပေမယ့် ကျွန်တော်တို့ တစ်ရာသီလုံးအောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာက သိသာပါတယ်။ တိုးတက်မှုတွေ အများကြီး ရှိခဲ့ပါတယ်၊ ကစားသမားတွေ အနေနဲ့လည်း တစ်ဦးချင်းရော အစုအဖွဲ့ တစ်ခုလုံးရော တိုးတက်မှုတွေ ရှိခဲ့ပြီး ရာသီသစ်က စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်၊ ကျွန်တော်ကတော့ နောက်ရာသီကို စောင့်မျှော်နေပါပြီ။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ဗန်ဒိုက်ခ်ဟာ ၂၀၁၈ ခုနှစ်မှာ ဆောက်သမ်တန် ကနေ အဲ့ဒီအချိန်က ဗြိတိန် စံချိန်တင်ကြေးနဲ့ ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် အသင်းထံ ပြောင်းရွှေလာခဲ့သူ ဖြစ်ပါတယ်။ ဒီကစားသမားဟာ မာဆေးလ်ဆိုက်ဒ် ကလပ် အတွက် ၆ နှစ်ကျော် ကာလ အတွင်း ပွဲပေါင်း ၂၇၀ ကစားပြီး ၂၃ ဂိုး သွင်းယူပေးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်