နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းမှာ ဆက်ရှိနေဖို့ထက် ထွက်ခွာဖို့က ပိုမို နီးစပ်လာပြီ ဖြစ်ကြောင်း ဖွင့်ဟလာတဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာက အသင်းမှာ ဆက်ရှိနေဖို့ထက် ထွက်ခွာဖို့က ပိုမို နီးစပ်လာပြီ ဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ဂွာဒီယိုလာက မန်ချက်စတာစီးတီး အသင်းကို ၄ ရာသီဆက် ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူပေးနိုင်ခဲ့ပြီးနောက် အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပိန်လူမျိုး နည်းပြဟာ လာမယ့် ရာသီ မန်စီးတီး အသင်းကို ဆက်လက် ကိုင်တွယ်သွားမှာ ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

ဂွာဒီယိုလာက “အမှန်တိုင်း ဝန်ခံရရင် ကျွန်တော် မန်ချက်စတာစီးတီးမှာ ဆက်ရှိနေဖို့ထက် ထွက်ခွာဖို့ က ပိုမို နီးစပ်လာပါပြီ။ ကျွန်တော်နဲ့ အသင်းကြားမှာ ဆွေးနွေးမှုတွေ အများကြီး လုပ်ထားပါတယ်။ လက်ရှိမှာ ကျွန်တော့်ရဲ့ ခံစားချက်က ဒီအသင်းမှာ ဆက်နေချင်တယ် ဆိုတာပါပဲ။ ဒါကြောင့် ကျွန်တော် လာမယ့် ရာသီ မန်စီးတီးမှာ နည်းပြ အဖြစ် ဆက်လက် ကိုင်တွယ်သွားဦးမှာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အနာဂတ် အတွက်တော့ လာမယ့် ရာသီမှာ အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ရပါဦးမယ်။ အဲ့ဒီ အချိန်ကျရင် ဘယ်လို ဆုံးဖြတ်ချက်နဲ့ ရလဒ်တွေ ထွက်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီစံချိန်ဟာ ပရီးမီးယားလိဂ်မှာ တခြား ဘယ်အသင်းမှ မရရှိသေးတဲ့ စံချိန်လည်း ဖြစ်ပါတယ်။
မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ မန်စီးတီး

ဂွာဒီယိုလာဟာ မန်ချက်စတာစီးတီးကို စတင် ကိုင်တွယ်ချိန်ကစလို့ ပြည်တွင်း ဆုဖလားပေါင်း များစွာ အပြင် ပြီးခဲ့တဲ့ ရာသီ ကလည်း စီးတီး အတွက် ပထမဦးဆုံး ဥရောပဆုဖလားတွေ ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ် ဖလား တွေကို ရယူနိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်း ရရှိထားတဲ့ တစ်ရာသီထဲ ဖလား ၃ လုံး ချန်ပီယံ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သလို ဒီရာသီမှာလည်း ၄ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဆိုတဲ့ စံချိန်ကိုလည်း တင်နိုင်ခဲ့ပါတယ်။ ဒီစံချိန်ဟာ ပရီးမီးယားလိဂ် မှာ တခြား ဘယ်အသင်းမှ မရရှိသေးတဲ့ စံချိန်လည်း ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် မန်စီးတီး ပိုင်ရှင်တွေဟာ အသင်း အတွက် ဆုဖလား အောင်မြင်မှုတွေ ဆက်တိုက် ရယူပေးနေတဲ့ ဂွာဒီယိုလာကို စာချုပ်သစ် ချုပ်ဆို ချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ ကတော့ အသက်အရွယ်လည်း ရလာပြီ ဖြစ်သလို ပင်လည်း ပင်ပန်းလာတာကြောင့် စာချုပ်သစ် ထပ်ချုပ်ဖို့ မသေချာကြောင်း ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဂွာဒီယိုလာဟာ ကစားသမား ဘဝမှာ ဘာစီလိုနာနဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သလို နည်းပြ ဘဝ မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ဖလား ၃ ကြိမ်၊ ပိုကယ်ဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ အဲ့နောက် မန်စီးတီး မှာတော့ ၇ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့သူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်