နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ် ဆိုတဲ့ တန်ဟက်ဂ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က သူတို့ အသင်း အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ပရိသတ်တွေကို ကတိပေးလိုက်ပါတယ်။ တန်ဟက်ဂ်က နယူးကာဆယ်ကို ၃-၂ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ် အပြီးမှာ အခုလိုပဲ ယုံကြည်မှု ရှိရှိနဲ့ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

အဲရစ်ခ် တန်ဟက်ဂ်ရဲ့ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ အခြေအနေ ဆိုးရွားခဲ့သလို စံချိန် မှတ်တမ်းဆိုးတွေလည်း ပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က အက်ဖ်အေဖလား မှာတော့ နှစ်နှစ်ဆက်တိုက် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီး မြို့ခံ ပြိုင်ဘက် မန်စီးတီးနဲ့ပဲ နောက်ထပ် တစ်ကြိမ် ချန်ပီယံဆုကို လုရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆီမီးဖိုင်နယ်မှာ ချန်ပီယံရှစ် ကလပ် ကိုဗင်ထရီကို အသည်းအသန် ကစားခဲ့ရပြီး ပင်နယ်တီနဲ့ ဗိုလ်လုပွဲကို တက်လှမ်းခဲ့တာ ဖြစ်လို့ ပရိသတ်တွေ ကတော့ သိပ်ပြီး မျှော်လင့်မထားတာ တွေ့ရပါတယ်။


တန်ဟက်ဂ်က နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင်ကလည်း သူ့ အနေနဲ့ နောက်ဆုံး နှုတ်ဆက်ပွဲ အဖြစ် ရှုမြင်ခြင်း မရှိကြောင်း သူ့ရဲ့ အနာဂတ်ဟာ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေမယ်လို့ ယုံကြည်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါသေးတယ်။
အက်ဖ်အေဖလား ချန်ပီယံဆုကို ပြန်သယ်လာမယ် ဆိုတဲ့ တန်ဟက်ဂ်.

တန်ဟက်ဂ်က “ကျွန်တော်တို့ရဲ့ ဘောလုံးရာသီက မပြီးဆုံးသေးပါဘူး။ ကစားသမားတွေက အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အနိုင်ရအောင် ကစားပြီး ဆုဖလားကို အိုးထရက်ဖို့ဒ်ဆီ ပြန်သယ်လာနိုင်အောင် အရာရာ ပေးဆပ်ကစားသွားမယ် ဆိုတာ ကျွန်တော် တို့ရဲ့ ပရိသတ်ကြီးကို ရဲရဲကြီး ကတိပေးပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
တန်ဟက်ဂ်က နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင်ကလည်း သူ့ အနေနဲ့ နောက်ဆုံး နှုတ်ဆက်ပွဲ အဖြစ် ရှုမြင်ခြင်း မရှိကြောင်း သူ့ရဲ့ အနာဂတ်ဟာ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေမယ်လို့ ယုံကြည်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါသေးတယ်။

လက်ရှိမှာ အဲရစ်ခ် တန်ဟက်ဂ်ဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေသေးပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကို သံသယဖြစ်နေတဲ့ ပရိသတ်တွေ ကတော့ ရာသီကုန်ရင် ထုတ်ပယ်ဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ တန်ဟက်ဂ်ဟာ ယူနိုက်တက်ကို ရောက်ရောက်ချင်း ရာသီမှာ ခရာဘောင်ဖလား ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ချန်ပီယံလိဂ်မှာ အုပ်စု အောက်ဆုံး ကနေ လှည့်ပြန်ခဲ့ရသလို ပရီးမီးယားလိဂ် မှာလည်း လက်ရှိ အဆင့် ၈ နေရာမှာ ရပ်တည်နိုင်အောင်သာ စွမ်းဆောင်ထားနိုင်ပါတယ်။ ဒါကြောင့် တန်ဟက်ဂ်ရဲ့ အနာဂတ်ဟာ အက်ဖ်အေဖလား အောင်မြင်မှု အပေါ်တွင်သာ မူတည်နေပြီး တချို့ ကတော့ တန်ဟက်ဂ်ကို ဆက်မရှိစေချင်တာကြောင့် ချန်ပီယံ ဖြစ်မှာတောင် စိုးရိမ်မှုတွေ ရှိနေတာ တွေ့ရပါတယ်။

တကယ်တမ်းလည်း လက်ရှိ ခြေစွမ်းအရ ယူနိုက်တက်ဟာ မန်စီးတီးလို အဘက်ဘက်မှာ တောင့်တင်းနေတဲ့ အသင်းကို အနိုင်ယူဖို့ ဆိုတာ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အဲရစ်ခ် တန်ဟက်ဂ် နေရာမှာ အစားထိုး ဝင်ရောက်လာနိုင်တဲ့ နည်းပြ စာရင်း ထွက်ပေါ်နေပြီး တူချယ်၊ ဆောက်ဂိတ်၊ ပေါ်တာနဲ့ အခုနောက်ဆုံး ဘရန့်ဖို့ဒ် နည်းပြ သောမက်စ် ဖရန့်ခ်ပါ လျာထားစာရင်းထဲ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်