နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူငယ်ကြယ်ပွင့်တွေရဲ့ သွင်းဂိုးတွေနဲ့ ငှက်ကြားတွေကို အနိုင်ရခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် ၃-၂ နယူးကာဆယ်

ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ ရဲ့ နောက်ထပ် ပွဲကျန် တစ်ပွဲ အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်တို့ အိုးထရက်ဖို့ဒ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က လူငယ်ကြယ်ပွင့်တွေရဲ့ သွင်းဂိုးတွေနဲ့ နယူးကာဆယ်ကို အနိုင်ယူခဲ့ပြီး သူတို့လည်းပဲ ဥရောပဝင်ခွင့် မျှော်လင့်ချက်ကို ဆက်လက် အသက်သွင်းနိုင်ခဲ့ပါတယ်။

ဒီပွဲမှာလည်း ယူနိုက်တက် ခံစစ်က ကက်စ်မဲရိုး၊ အီဗန့်စ် အတွဲအဖက်နဲ့ပဲ ပွဲထွက်လာခဲ့ပြီး ဘစ်ဆာခါ၊ ဒါးလော့တ်၊ ကွင်းလယ်မှာတော့ အမ်မရာဘတ်နဲ့ မိန်းနူး၊ မက်တော်မီနေး၊ တောင်ပံနဲ့ တိုက်စစ်မှာတော့ အာမက်ဒ် ဒီယာလို၊ ဂါနာချိုနဲ့ ဘရူနို ဖာနန်ဒက်စ်ကို အထောင်တိုက်စစ်မှာ ထားကစားသွားခဲ့ပါတယ်။ နယူးကာဆယ် မှာတော့ ဒူဗရက်ဗ်ကာ၊ ဘန်း၊ ခရက်ဖ်၊ ထရစ်ပီယာ၊ ဟောလ်၊ ဂီမာရေးစ်၊ အန်ဒါဆန်၊ လောင်းစတက်ဖ်၊ မာဖီ၊ ဂေါ်ဒွန်နဲ့ အိဆက်ခ်တို့ ပွဲထွက်ခဲ့ပါတယ်။ ဒီလူစာရင်းကြောင့် ယူနိုက်တက် ပရိသတ်တွေ အနည်းငယ် စိုးရိမ်ခဲ့ရပေမယ့် ဒီနေ့ပွဲမှာတော့ အလုပ်ဖြစ်ခဲ့တယ်လို့ ပြောရပါမယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ကတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ တပြိုင်နက်တည်း ကစားကြမှာ ဖြစ်ပါတယ်။
ဥရောပဝင်ခွင့်ရဖို့ မသေချာ ဖြစ်သွားတဲ့ နယူးကာဆယ်

ပွဲအစပိုင်းမှာ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် ပွဲကစားချိန် ၃၄ မိနစ် အရောက် မှာတော့ မိန်းနူးက အိမ်ရှင် အသင်း အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ နောက်ပိုင်း ပွဲတွေမှာ ယူနိုက်တက် အတွက် ခြေစွမ်းပြနေတဲ့ အာမက်ဒ် ဒီယာလိုရဲ့ ပေးပို့မှုကို ဖာနန်ဒက်စ်က ပြန်ချပေးပြီး ဂိုးရှေ့မှာ အသင့်ရှိနေတဲ့ မိန်းနူးက ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် ဧည့်သည် နယူးကာဆယ်တို့ တောက်လျောက် တိုက်စစ်ဆင်ခဲ့ပြီး ဂိုးရဖို့လည်း နီးစပ်ခဲ့ပေမယ့် ကက်စ်မဲရိုး ကယ်တင်သွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နယူးကာဆယ်တို့ ချေပဂိုး ရသွားခဲ့ပြီး မာဖီရဲ့ ပေးပို့မှုကို ဂေါ်ဒွန်က ပြေးဝင် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၅၇ မိနစ်နဲ့ ၈၄ မိနစ် တွေမှာ ယူနိုက်တက်တို့ ဦးဆောင်ဂိုးတွေ ထပ်ရခဲ့ပြီး အာမက်ဒ်နဲ့ ဟွိုက်ဂျ်လန်း တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ် အတွက် နောက်ထပ် ချေပဂိုး တစ်ဂိုး ကိုတော့ နာကျင် အချိန်ပိုမှာ လီဝစ် ဟောလ်က လှလှပပ သွင်းယူပေးခဲ့ပေမယ့် အချိန်မမှီတော့ ၃-၂ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

ယူနိုက်တက်ဟာ ဒီနိုင်ပွဲကြောင့် ရမှတ် ၅၇ မှတ်နဲ့ အတူ ဥရောပ ဝင်ခွင့် တစ်နေရာ အတွက် မျှော်လင့်ချက်တွေ ဆက်လက် ရှင်သန်ခဲ့ပါတယ်။ နယူးကာဆယ် ကတော့ သူတို့ရဲ့ အဆင့် ၆ နေရာကို ချဲလ်ဆီးကို ဖယ်ပေးခဲ့ရပေမယ့် သူတို့လည်းပဲ ဥရောပဝင်ခွင့် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့် အတွက် ပရီးမီးယားလိဂ် အသင်း ၃ သင်း နောက်ဆုံး ပွဲအထိ ယှဉ်ပြိုင်သွားရဦးမှာ ဖြစ်ပါတယ်။ ဒီ ၃ သင်းထဲမှာတော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အဆင့် ၆ နေရာ ရရှိဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပြီး နယူးကာဆယ်နဲ့ ယူနိုက်တက် ကတော့ ချဲလ်ဆီးရဲ့ ခြေချော်မှုကို စောင့်ရတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ကတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ တပြိုင်နက်တည်း ကစားကြမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်