နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒဏ်ရာတွေနဲ့ ကစားခဲ့ရပြီး သူ့ကြောင့် အသင်းက ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ အန်ဇို ဖာနန်ဒက်ဇ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကွင်းလယ်ကစားသမား အန်ဇို ဖာနန်ဒက်ဇ်ဟာ လပေါင်းများစွာ အူကျွံ ဝေဒနာ ခံစားခဲ့ရပြီး ဒီအခြေအနေက အသင်းကို ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃ နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင်ဟာ ပြီးခဲတဲ့လက ခွဲစိတ်ကုသမှု ခံယူဖို့ ဆုံးဖြတ်ခဲ့ပြီး အဲ့ဒီမတိုင်ခင်က သူ့ အနေနဲ့ ဆေးကုသမှုတွေ ခံယူပြီး ကစားခဲ့ရကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။ သူဒီလို ကစားခဲ့တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်ပိုင်းကို ထိခိုက်ခဲ့ပြီး ချဲလ်ဆီး အတွက်လည်း သက်ရောက်မှုတွေ ရှိခဲ့တယ်လို့လည်း ပြောကြားခဲ့တာပါ။

၂၀၂၃ ခုနှစ် ဇန်နဝါရီလက ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ အန်ဇိုက အစပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခြေစွမ်း သိသိသာသာ ကျဆင်းသွားတာကြောင့် ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူပြောပုံအရ ခြေစွမ်းကျဆင်းသွားခြင်းဟာ လပေါင်းများစွာ နာကျင်မှု ဝေဒနာကြောင့် ဖြစ်တယ်လို့ သိရပြီး လက်ရှိ မှာတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်လာပြီလို့လည်း သိရပါတယ်။ ဒါပေမယ့် ချဲလ်ဆီး အတွက် လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲမှာ ပါဝင်ကစားပေးနိုင်မှာတော့ မဟုတ်ပါဘူး။

DSports နဲ့ အင်တာဗျူးမှာ ဖာနန်ဒက်ဇ်က ဒဏ်ရာက ကွင်းထဲမှာ သူ့ရဲ့ အဆင့်တွေကို ဘယ်လောက်အထိ သက်ရောက်မှုရှိလဲ ဆိုတာ အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ကျွန်တော် ရှစ်လကြာ နာကျင်မှုတွေ ခံစားခဲ့ရပြီး ထိုးဆေးတွေနဲ့ ကစားခဲ့ပါတယ်။ ဒါကြောင့် ခွဲစိတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာက အကောင်းဆုံးပါပဲ၊ ကျွန်တော် အသင်းကို ထိခိုက်စေခဲ့ပြီး ကိုယ့်ကိုယ်ကို ထုတ်ဖော် မပြချင်ခဲ့ပါဘူး။”

“အခု ကျွန်တော် အဆင်ပြေပါတယ်၊ အားလုံး စိတ်အေးလို့ ရပါပြီ။ ကျွန်တော် တစ်နေ့ထက် တစ်နေ့ ပိုကောင်းလာပြီး ကိုပါအမေရိကဖလားမှာ ပါဝင်ကစားနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။ ကျွန်တော် ကွင်းထဲမှာ လေ့ကျင့်ခန်း စလုပ်နေပါပြီ၊ မကြာခင် ပြန်လည် ကောင်းမွန်လာဖို့ မျှော်လင့်ပါတယ်။ မကြာခင်မှာ နိုင်ငံအသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်တော့မှာ ဖြစ်တဲ့ အတွက် Copa America အတွက် အရမ်း စိတ်လှုပ်ရှား မိပါတယ် ၊ ဒါဟာ ကျွန်တော် ပထမဆုံး အကြိမ် ကစား ရမှာ ဖြစ်ပါတယ်။

အန်ဇို ဖာနန်ဒက်ဇ်ဟာ ဒီရာသီ နည်းပြ မော်ရူစီယို ပိုချက်တီနို လက်အောက်မှာ အဓိက ကွင်းလယ် ကစားသမား အဖြစ် ပွဲထွက်ခွင့် ရခဲ့ပြီး ချဲလ်ဆီး အတွက် ပွဲပေါင်း ၄၀ ပါဝင်ကစားပေးရာမှာ ၇ ဂိုးသွင်း ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

အန်ဇို ဖာနန်ဒက်စ်က “ကျွန်တော် ချဲလ်ဆီးကို စရောက်တုန်း ကတော့ တော်တော်လေးကို ရှုပ်ထွေးပါတယ်၊ ကစားသမားတွေ အများကြီးပါ။ မော်ရီစီယိုက အသင်းကို စီမံခန့်ခွဲပြီး အလုပ်တာဝန်တွေ ခွဲပေးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ သူက အရာအားလုံးကို ပြောင်းလဲလိုက်ပြီး အမှန်အတိုင်း ပြောရရင် အပြုသဘောဆောင်ပါတယ်။ အသင်းက ပိုလေးနက်လာပြီး အလုပ်လည်း ကြိုးစားကြပါတယ်။ အဲဒါက နေ့စဥ် နေ့တိုင်း အတွက် အရေးကြီးပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဖာနန်ဒက်ဇ်ဟာ ဒီရာသီမှာ ချဲလ်ဆီး အတွက် ပြန်မလာနိုင်သေးပေမယ့်လည်း လာမယ့် နွေရာသီမှာ ကိုပါအမေရိက ပြိုင်ပွဲတွင် ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေပြီး အိုလံပစ် အားကစားပြိုင်ပွဲမှာလည်း အာဂျင်တီးနား အတွက် ကိုယ်စားပြုခွင့်ရဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

“ကျွန်တော့်မှာ ဖြစ်နိုင်ခြေ ရှိပြီး အိုလံပစ် အားကစားပြိုင်ပွဲကို သွားရောက် ကစားချင်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ချဲလ်ဆီးရဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး ကျွန်တော် သူတို့နဲ့ စကား မပြောရသေးပါဘူး။” လို့ ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်