နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပါးကို အနိုင်ကစားပြီး အာဆင်နယ်ရဲ့ ချန်ပီယံ မျှော်လင့်ချက်ကို ရိုက်ချိုး ဖျက်ဆီးလိုက်တဲ့ မန်စီးတီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး ၀-၂ မန်ချက်စတာစီးတီး

မနေ့ညက ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာစီးတီး တို့ရဲ့ ပရီးမီးယားလိဂ် ပွဲကျန် မှာတော့ မန်စီးတီးက အာလင်း ဟာလန်းရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၄ နှစ် ဆက်တိုက် ကိုင်မြှောက်နိုင်ဖို့ ၉၀ ရာခိုင်နှုန်းကျော် သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

စပါး ပရိသတ်တွေဟာ မြို့ခံ ပြိုင်ဘက် အာဆင်နယ်တို့ ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်စေရေး အတွက် မန်စီးတီး ကိုတောင် အားပေးခဲ့ကြပေမယ့် ကစားသမားတွေ ကတော့ သေချာ အားထည့်ကစားသွားခဲ့ကြတာ တွေ့ရပါတယ်။ စပါးဟာလည်း ဒီပွဲမှာ ရလဒ်ကောင်းမှ ချန်ပီယံလိဂ် ဝင်ခွင့်‌ မျှော်လင့်နိုင်မှာ ဖြစ်တာကြောင့် ပရော်ဖက်ရှင်နယ်ဆန်စွာပဲ အားစိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ စပါးဟာ မန်စီးတီးကို ရင်ဆိုင်ဖို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ပပ် ဂွာဒီယိုလာရဲ့ အသင်း ကလည်း အမှားခံလို့ မရတဲ့ ပွဲဖြစ်တာကြောင့် အကောင်းဆုံး လူစားရင်းနဲ့ပဲ စပါးကို ရင်ဆိုင်သွားခဲ့ပါတယ်။


မန်စီးတီး အနေနဲ့ ပွဲစဉ် ၃၈ မှာ ဝက်စ်ဟမ်းကို အနိုင်ရခဲ့ရင် ၄ နှစ်ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်တော့မှာ ဖြစ်သလို မြို့ခံ ပြိုင်ဘက် ယူနိုက်တက်ရဲ့ ၃ နှစ်ဆက် ချန်ပီယံ စံချိန်ကိုလည်း ကျော်ဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်။
လာမယ့် ရာသီ ယူရိုပါလိဂ် ဝင်ခွင့်သာ ရတော့မယ့် စပါး

ပထမပိုင်းမှာ စပါးဟာ မန်စီးတီးကို ခြေစွမ်းမသာရင်တောင် မလျော့တဲ့ အနေအထား တစ်ခုနဲ့ တုန့်ပြန် ကစားသွားခဲ့ပြီး အခွင့်အရေး တချို့လည်း ရရှိခဲ့ပါတယ်။ မန်စီးတီး ကတော့ အမှားခံလို့ မရတာကြောင့် သတိထား ကစားသွားခဲ့ပြီး Risk မယူခဲ့တာ တွေ့ရပါတယ်။ ပထမပိုင်းပြီးချိန်မှာ ပွဲအချက်အလက်တွေကို ပြန်ကြည့်ရင် မျှချေရှိခဲ့ပြီး ၀-၀ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ လိုအပ်နေတဲ့ အနိုင် ၃ မှတ် အတွက် သွင်းဂိုးတွေ ရရှိဖို့ ပိုမို အားစိုက်လာခဲ့ပြီး ၅၁ မိနစ်မှာတော့ ဦးဆောင်ဂိုး စတင် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဘရွန်းနားရဲ့ ဖန်တီးမှု ကနေ အာလင်း ဟာလန်းက အမှားအယွင်း မရှိ ပိတ်သွင်းခဲ့တာပါ။ အဲ့နောက် ၁-၁ ဖြစ်သွားနိုင်တဲ့ အခြေအနေ ရှိခဲ့ပေမယ့် ဆွန်ရဲ့ အပိုင်အခွင့်အရေးကို လူစားဝင် ဂိုးသမား အော်တီဂါက ကာကွယ်သွားနိုင်ခဲ့တာ ကလည်း ဒီပွဲကို အားပေးနေတဲ့ အာဆင်နယ် ပရိသတ်တွေ အတွက်လည်း စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ပပ် ဆိုရင် ဆွန် ဘောလုံး ဆွဲသွားတဲ့ အချိန်မှာ ဆောက်တည်ရာမရ ဖြစ်ခဲ့ပြီး အော်တီဂါ ကာကွယ်လိုက်ချိန်မှာတော့ ပက်လက်လန်လဲ ခဲ့တဲ့ အထိ စိတ်လှုပ်ရှားခဲ့တာ တွေ့ရပါတယ်။ စပါးတို့ ချေပဂိုး ရရှိရေး ကြိုးစားနေရင်းက မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင်အချိန်ပိုမှာတော့ ပင်နယ်တီ ပေါ်ရိုကြောင့် ပင်နယ်တီ ပေးခဲ့ရပြန်ပါတယ်။ ပင်နယ်တီ ကိုတော့ ဟာလန်းက အမှားအယွင်း မရှိ ကန်သွင်းခဲ့လို့ မန်စီးတီးတို့ ၀-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

အာဆင်နယ် အတွက် ယူနိုက်တက်နဲ့ ပွဲက အရေးကြီးခဲ့သလို စီးတီး အတွက်လည်း စပါးနဲ့ ပွဲက သေရေရှင်ရေး တမျှ အရေးပါခဲ့ပါတယ်။ နှစ်သင်းစလုံး အရေးပါတဲ့ ပွဲတွေမှာ ၃ မှတ် ရအောင် ယူနိုင်ခဲ့ပြီး လက်ကျန် ပွဲတွေ မှာတော့ အာဆင်နယ်က အဲဗာတန်၊ မန်စီးတီးက ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။ ဒီအခြေအနေကြောင့် မန်စီးတီးတို့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ သေချာသလောက် ရှိသွားခဲ့ပြီး အာဆင်နယ် အတွက် ကတော့ နောက်ထပ် တစ်ရာသီ ဒုတိယလူ အဖြစ်နဲ့ ဆက်ရှိနေဖို့ များသွားခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီး အနေနဲ့ ပွဲစဉ် ၃၈ မှာ ဝက်စ်ဟမ်းကို အနိုင်ရခဲ့ရင် ၄ နှစ်ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်တော့မှာ ဖြစ်သလို မြို့ခံ ပြိုင်ဘက် ယူနိုက်တက်ရဲ့ ၃ နှစ်ဆက် ချန်ပီယံ စံချိန်ကိုလည်း ကျော်ဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ရှုံးနိမ့်ခဲ့ရတဲ့ စပါး ကတော့ ချန်ပီယံလိဂ် ဝင်ခွင့်ကို ဗီလာ လက်ထဲ ထိုးအပ်ခဲ့ရပြီး ယူရိုပါလိဂ် ဝင်ခွင့်နဲ့ပဲ ကျေနပ်ရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်