နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လော့ခ်ယာကို ဘောလုံး ဆက်မကစားတော့ဖို့ အကြံပေးလိုက်တဲ့ အဲရစ်ခ်ဆန် | ပရီးမီးယားလိဂ်

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကွင်းအတွင်း လဲကျခဲ့တဲ့ လူတန်တောင်း အသင်းခေါင်းဆောင် တွမ် လော့ခ်ယာ ကတော့ လက်ရှိမှာ အခြေအနေ ကောင်းမွန်နေပါပြီ။ ဒါပေမယ့် ကစားသမား ဘ၀ကို ရှေ့ဆက်ဖို့ အတွက်တော့ သူ တော်တော်လေး စဉ်းစားရမယ့် အနေအထားမှာ ရှိနေပါတယ်။ 

“ကျွန်တော်တို့ အားလုံး လော့ခ်ယာ အဆင်ပြေနေဖို့ မျှော်လင့်ပါတယ်။ ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို ကျွန်တော်တို့ ဖတ်ခဲ့၊ ကြားခဲ့ရပြီးပါပြီ။ သူအနားယူပြီး ကျန်းမာရေး ကောင်းဖို့၊ သူ့မိသားစုက သူ့ ဘေးနားမှာ ရှိနေမှာပါ။ ကျွန်တော့်အနေနဲ့ သူ့ကို အကြံပေးနိုင်တာ ကတော့ တတ်နိုင်သလောက် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ပါပဲ” 

“တကယ်လို့ ဆရာဝန်တွေက ခင်ဗျားကို တစ်ခုခုလုပ်ဖို့ ပြောတယ်ဆိုရင် ခင်ဗျား ဒီအပေါ်မှာ လေးစားမှုရှိရပါမယ်။ ပြီးရင် ခင်ဗျား ဘာလုပ်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ပေါ့။ ခင်ဗျားကို ချုပ်နှောင်ထားနိုင်တာ မရှိပါဘူး။ ဒါပေမယ့် နောက်ဆုံး မှာတော့ ဒါတွေအားလုံးက ခင်ဗျား ဘယ်လို ခံစားနေရလဲ၊ ဆရာဝန်တွေက ဘာပြောလဲဆိုတဲ့ အပေါ် မူတည်ပါတယ်” 

အဲ့ဒီအချိန်တုန်းက အင်တာမီလန်မှာ ကစားနေပေမယ့် စီးရီးအေရဲ့ စည်းမျဉ်းအရ နှလုံးစက် တပ်ထားသူကို ကစားခွင့်မပေးတာကြောင့် ပရီးမီးယားလိဂ် ကလပ် ဘရန့်ဖို့ဒ်ကို ရောက်တယ်။
ယူရို ပြိုင်ပွဲမှာ ဒိန်းမတ် အတွက် ကစားပေးရင်း လဲကျခဲ့ဖူးတဲ့ အဲရစ်ခ်ဆန်

“လော့ခ်ယာက ဆုံးဖြတ်ချက်ကို သူ့မိသားစုနဲ့အတူ ချမှတ်ရပါမယ်။ ဒါပေမယ့် သူ့အတွက် အချိန်လိုအပ်ပြီး သူ့ကိုယ်သူ အာရုံစိုက် လေ့လာဖို့ လိုအပ်ပါတယ်” လို့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆန်က ပြောလာပါတယ်။ လော့ခ်ယာက လူတန်တောင်း အသင်းခေါင်းဆောင် တစ်ယောက်ပါ။ ပြီးခဲ့တဲ့ စနေနေ့ညက ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲ ဒုတိယပိုင်းမှာ နှလုံးရပ်ပြီး ကွင်းအတွင်း လဲကျသွားခဲ့ပါတယ်။ အစောပိုင်းမှာ ခေါင်းကို ထိခိုက်မိတယ်လို့ ထင်ခဲ့ကြပေမယ့် ဆေးအဖွဲ့ဝင်တွေက ပါးနပ်ခဲ့တာကြောင့် သူ့အသက်ကို အချိန်မီ ကယ်တင်နိုင်ခဲ့ပါတယ်။ ပွဲကိုလည်း ဆက်မကစား ဖြစ်တော့ပေမယ့် ဆေးရုံရောက်ချိန်မှာ လော့ခ်ယာက တည်ငြိမ်နေပါပြီ။ 

အပြင်လူတွေနဲ့လည်း ဆက်သွယ်နိုင်စွမ်း ရှိနေပြီး သတိကောင်းကောင်းရနေပါပြီ။ ပြီးခဲ့တဲ့မေလ၊ ပလေးအော့ဖ် ဖိုင်နယ် ပွဲတုန်းကလည်း ဒါမျိုး ဖြစ်ခဲ့ဖူးပြီး အသေးစား ခွဲစိတ်ကုသမှု ခံယူခဲ့ရပါသေးတယ်။ အဲ့ဒီနောက်မှ ပြန်ကစားခဲ့တာ ဖြစ်ပြီး အခုချိန်မှာတော့ ဒါမျိုး ထပ်ဖြစ်ခဲ့တာပါပဲ။ 

ပရီးမီးယားလိဂ်
လုတန် တောင်း
နယူးကာဆယ် ယူနိုက်တက်
1X2 သရေ @ 3.66
နယူးကာဆယ် ယူနိုက်တက် အာရှ ဟန်းဒီးကပ် -1.00 @ 2.13
ဂိုးပေါ် 3.00 @ 2.36
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကစားသမား တစ်ယောက် အနေနဲ့ ဆိုရင် ဒါက ကောင်းမွန်တဲ့ လက္ခဏာ မဟုတ်တော့ပါဘူး။ တစ်ကြိမ် ကနေ နှစ်ကြိမ်၊ နှစ်ကြိမ် ကနေ သုံးကြိမ် အထိ ဖြစ်လာပြီဆိုရင် သူ့အတွက် ပြန်လာနိုင်ဖို့ အခွင့်အရေး အရမ်း နည်းသွားနိုင်ပါတယ်။ အခု လော့ခ်ယာကို အကြံပေးခဲ့တဲ့ အဲရစ်ခ်ဆန် ဆိုတာ ကလည်း ပြီးခဲ့တဲ့ ယူရို-၂၀၂၀ မှာ ဒိန်းမတ် အတွက် ကစားပေးရင်း နှလုံးရပ်ခဲ့ဖူးတဲ့ ကစားသမားပါ။ အခုချိန်မှာလည်း သူက နှလုံးမှာ စက်တပ်ပြီး ကစားနေရတာ ဖြစ်ပါတယ်။ 

အဲ့ဒီအချိန်တုန်းက အင်တာမီလန်မှာ ကစားနေပေမယ့် စီးရီးအေရဲ့ စည်းမျဉ်းအရ နှလုံးစက် တပ်ထားသူကို ကစားခွင့်မပေးတာကြောင့် ပရီးမီးယားလိဂ် ကလပ် ဘရန့်ဖို့ဒ်ကို ရောက်တယ်။ ပြီးတော့ ယူနိုက်တက်ကို ရောက်လာပါတယ်။ ဒီတော့ အဲရစ်ခ်ဆန်က ဒီအခြေအနေတွေကို ကောင်းကောင်း သိပါတယ်။ လော့ခ်ယာ ကိုယ်တိုင် ကလည်း ဒီမတိုင်ခင် ကတည်းက ကောင်းကောင်း သိပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် အခု အဲရစ်ခ်ဆန် ပြောချင်တဲ့ အဓိပ္ပာယ် ကတော့ လော့ခ်ယာကို ကစားသမားဘဝက အနားယူဖို့ ဆိုတာပါပဲ။ အပေါ်မှာ ပြောခဲ့သလို နောက်တစ်ခါ ထပ်ဖြစ်ခဲ့ရင် လော့ခ်ယာ တစ်ယောက် ပြန်လာဖို့ မလွယ်တော့ပါဘူး။ ဆရာဝန်တွေ ကလည်း လော့ခ်ယာကို ဆက်မကစားဖို့ သေချာပေါက် တားမြစ်တာမျိုး ဖြစ်လာနိုင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်