နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဇာဗီရဲ့ နည်းဗျူဟာကို ဝေဖန်လိုက်တဲ့ လီဝမ်ဒေါစကီး (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၃၁ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဇာဗီရဲ့ နည်းဗျူဟာကို ဝေဖန်လိုက်တဲ့ လီဝမ်ဒေါစကီး

ဘာစီလိုနာ ကြယ်ပွင့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးက နည်းပြ ဇာဗီရဲ့ နည်းဗျူဟာကို ဝေဖန် ပြစ်တင်ခဲ့ပြီး တိုက်စစ် ကစားသမားတွေကို လုံလုံလောက်လောက် ပွဲထွက်ကစားခွင့်မပေးဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီဝမ်ဒေါစကီးက လာလီဂါ ၃ ပွဲ ပါဝင် ကစားပေးထားရာမှာ ၁ ဂိုး သွင်းယူထားပြီး အချိန် တော်တော်များများမှာ ဘေယန်မြူးနစ်မှာတုန်းက ရရှိခဲ့တဲ့ အထောက်အပံ့မျိုး မရရှိခဲ့ဘူးလို့ ခံစားနေရတာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ် အရွယ် တိုက်စစ်မှူးဟာ ဖာရန်း တောရက်စ်နဲ့ အန်ဆူ ဖာတီတို့ အရန်ခုံ ကနေ ဝင်ကစားတဲ့ အချိန်မှာ အသင်းကစားပုံက မကြာခဏ သိသိသာသာ တိုးတက်လာတယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲ့နောက် တိုက်စစ် ကစားသမားတွေ လုံလောက်အောင် မရှိတာကြောင့် ကိုယ့်ဘာသာ အခွင့်အရေး ဖန်တီးနေရတဲ့ အတွက် နည်းပြ ဇာဗီကို တိုက်စစ်ကစားသမား လုံလုံလောက်လောက် ထည့်သွင်း ကစားပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။


ဗင်နီစီးယက်စ် ဒဏ်ရာရပြီးနောက် ယူရိုသန်း ၈၀ တန် တိုက်စစ်မှူးကို ခေါ်ယူမယ့် ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်တဲ့ ဗင်နီစီးယက်စ် ဂျူနီယာက ကြွက်သား ဒဏ်ရာကြောင့် ရက်သတ္တပတ် ၆ ပတ်လောက် အထိ လွဲချော်ဖွယ် ရှိနေပြီး အဲဒီကာလ အတွင်းမှာ အရေးကြီးတဲ့ ပွဲစဉ်တွေ ကစားရမှာ ဖြစ်တာကြောင့် တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ဟာ တူရင် ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ ကစားသမား ဖြစ်ပြီး ဆားဘီးယား တိုက်စစ်မှူးရဲ့ အရည်အသွေးပိုင်းက မေးခွန်းထုတ်စရာ မရှိပေမယ့် တူရင်မှာ အကောင်းဆုံး ပုံစံရဖို့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်နည်းပြ အယ်လီဂရီရဲ့ ကစားဟန်က ဗလာဟိုဗစ်ချ် အတွက် အံမဝင်ဘူး ဆိုတဲ့ ခံစားချက်တွေ ရှိနေပြီး ဖီအိုရင်တီးနား ကြယ်ပွင့်ဟောင်းဟာ ရီးရဲလ်မက်ဒရစ် အတွက် တော်တော်လေး ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အနေနဲ့ အပြောင်းအရွှေ့စျေးကွက် နောက်ဆုံး ရက်ပိုင်းမှာ ဒီလို ကြီးမားတဲ့ အပြောင်းအရွှေ့ကို ပြုလုပ်နိုင်ပါ့မလားဆိုတာကလည်း စဉ်းစားစရာ ဖြစ်ပါတယ်။ လာလီဂါ ကလပ်က လိုချင်တဲ့ ဗလာဟိုဗစ် အတွက် ဂျူဗင်တပ်စ်က ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၈၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
ရှက်ဖီး ယူနိုက်တက်
အဲဗာတန်
1X2 အဲဗာတန် @ 2.36
အဲဗာတန် အာရှ ဟန်းဒီးကပ် -0.25 @ 2.09
ဂိုးပေါ် 2.25 @ 2.03
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာဆာက အကောင်းဆုံး ကစားသမားကို ရွေးချယ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ ဥရောပဘောလုံးလောကရဲ့ စူပါပါဝါ အသင်းကြီးတွေ အဖြစ်နဲ့ သမိုင်းဝင် ပြိုင်ဆိုင်မှုတွေ ရှိကြတဲ့ အသင်း နှစ်သင်း ဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ပြိုင်ဘက် ဖြစ်ခဲ့တာကြောင့် နှစ်သင်းကြား ရန်လို မုန်းတီးမှုတွေလည်း တော်တော်လေး ကြီးမားကြတာ ဖြစ်ပါတယ်။

အယ်လ်ကလက်စီကို ပွဲစဉ်ဟာ ကမ္ဘာ့ဘောလုံးလောကမှာ ပဋိပက္ခ အများဆုံး ပွဲစဉ်တွေထဲက တစ်ပွဲ အဖြစ် ရှိနေဆဲဖြစ်ပြီး မကြာခဏ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ တင်းမာမှုတွေနဲ့ အဆုံးသတ်သွားလေ့ရှိဆဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကြယ်ပွင့် ဖက်ဒရီကို ဗယ်လ်ဗာဒီဟာ မကြာသေးမီက ဘာစီလိုနာ ကစားသမားတွေနဲ့ ပတ်သက်ပြီး ထင်မြင်ချက်ကို မေးမြန်းခြင်းခံခဲ့ရတာ ဖြစ်ပြီး ဥရုဂွေး ကြယ်ပွင့်က ၎င်းရဲ့ ထင်မြင်ချက်ကို အမှန်အတိုင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဗယ်လ်ဗာဒီက ဥရုဂွေးသား ဖြစ်သလို သူငယ်ချင်းကောင်းလည်း ဖြစ်တဲ့ ဘာစီလိုနာ နောက်ခံလူ ရော်နယ် အာရူဟိုကို သဘောကျ နှစ်သက်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပြီး ဘာစီလိုနာရဲ့ အဆိုးရွားဆုံး ကစားသမားကို သတ်မှတ်ဖို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာတော့ ကစားသမားတိုင်းက လေးစားမှုနဲ့ ထိုက်တန်တာကြောင့် အဲဒီလို သတ်မှတ်ပြောဆိုမှာ မဟုတ်ဘူးလို့ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်