မာနေးကို ခေါ်ယူသင့်ကြောင်း အာဆင်နယ်ကို တိုက်တွန်းလိုက်တဲ့ ဖရင်မ်ပေါင်၊ တူချယ် ဘက်က အပြည့်အဝ ထောက်ခံထားကြောင်း အိုလီဗာခန်း ပြော စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၅ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်တို့ မာနေးကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းလိုက်တဲ့ ဖရင်မ်ပေါင်
မာနေးဟာ အသင်းဖော် လီရွိုင်း ဆာနေးနဲ့ ပြဿနာ ဖြစ်ပွားပြီးနောက် လာမယ့် နွေရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ်ဘက်က မာနေးကို ရောင်းချဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။ အဲ့ဒါကြောင့်လည်း ဖရင်မ်ပေါင်က လက်ရှိ အသင်းမှာ ရှိနေတဲ့ လူငယ်ကစားသမားတွေကြောင့် မာနေးက အာဆင်နယ် အတွက် ကြီးကျယ် ခမ်းနားတဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ကြောင်း၊ သူက တောင်ပံအစွန် နှစ်ဖက်မှာရော၊ အလယ်မှာပါ ကစားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးတော့ ဖရင်မ်ပေါင်က အသင်းမှာ ရှိတဲ့ ဆာကာ၊ မာတီနယ်လီ၊ ထရော့ဆက်ဒ် တို့လို ကစားသမားမျိုးတွေနဲ့ ပေါင်းစပ်လိုက်ရင် အာဆင်နယ်က အရမ်းကို တောင့်တင်းတဲ့ အသင်း ဖြစ်လာနိုင်ကြောင်းနဲ့ လာမယ့် ရာသီမှာ မာနေးကို အာဆင်နယ် ဂျာစီနဲ့ သေချာပေါက် မြင်တွေ့ရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
တူချယ် ဘက်က အပြည့်အဝ ထောက်ခံထားကြောင်း အိုလီဗာခန်း ပြော
ဘေယန်မြူးနစ်ရဲ့ အမှုဆောင် အရာရှိချုပ် အိုလီဗာခန်းက လက်ရှိ အချိန်မှာ အသင်း ရလဒ်ပိုင်းတွေ ဆိုးရွားနေပေမယ့် နည်းပြ သောမတ်စ် တူချယ် ဘက်က အပြည့်အဝ ထောက်ခံသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဘေယန်မြူးနစ်ဟာ ဒီတစ်ပတ်မှာ ကစားခဲ့တဲ့ မိန့်ဇ်နဲ့ ပွဲမှာ ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့နောက် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ဦးဆောင်ခွင့်ကို ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။ လက်ကျန်ပွဲအရေအတွက် ကလည်း (၅) ပွဲသာ ကျန်ရှိတော့တာကြောင့် ဒေါ့မန်သာ အမှားအယွင်း မရှိခဲ့ရင် ဘေယန်မြူးနစ်တို့ ဖလား လက်မဲ့ရာသီကို ဖြတ်သန်းရဖွယ် ရှိပါတယ်။ ဒါပေမယ့်လည်း အိုလီဗာခန်းက တူချယ်နဲ့ပဲ ဒီကိစ္စကို ဆွေးနွေးသွားမှာ ဖြစ်ကြောင်း၊ သူက အသင်းသားတွေကို အကောင်းဆုံး ဆွဲခေါ်နိုင်ကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။
ဒါ့အပြင် ကျွန်တော့်အနေနဲ့လည်း ရာထူးက နှုတ်ထွက်မှာ မဟုတ်ဘဲ အသင်းရဲ့ ပစ်မှတ် ဖြစ်တဲ့ အမှတ်ပေး ချန်ပီယံဆု အတွက် ရာသီကုန် အထိ ဆက်ရှိနေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မွိုက်စ် ထွက်သွားခဲ့ရင် အလွန်ဆိုကို ပစ်မှတ်ထားဖွယ် ရှိတဲ့ ဝက်စ်ဟမ်း
အလွန်ဆိုဟာ သူ့ရဲ့ နည်းပြ ဘဝမှာ ပထမဆုံး အသင်းကြီး အနေနဲ့ လေဗာကူဆင်ကို ကိုင်တွယ်နေတာ ဖြစ်ပြီး ဘွန်ဒက်စ်လီဂါ ကလပ်ကို ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အထိ တက်ရောက်နိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူရောက်ရောက်ချင်းမှာ အသင်းက အဆင့် (၁၇) နေရာမှာ ရှိနေပေမယ့် အခုချိန် မှာတော့ အဆင့် (၇) နေရာ အထိ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.