ဆရာဟောင်း တူချယ်ကို ချီးကျူးလိုက်တဲ့ ဂွန်ဒိုအန်၊ ဘေယန်မြူးနစ် ကိုသာ ပြောင်းရွှေ့လိုနေတဲ့ မူအာနီ စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၉ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ် နည်းပြသစ်ကို ချီးကျူးလိုက်တဲ့ ဂွန်ဒိုအန်
ချဲလ်ဆီး နည်းပြဟောင်း တူချယ်က မကြာခင်ကမှ ဘေယန်မြူးနစ်ကို စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပေမယ့် အသင်းသစ်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲဦးထွက်မှာတင် အသင်းဟောင်း ဒေါ့မန်ကို ဂိုးပြတ် အနိုင်ယူပြခဲ့ပါတယ်။ ဒါ့အပြင် ဂွန်ဒိုအန်နဲ့ တူချယ် တို့ဟာ ဒေါ့မန်မှာ လက်တွဲခဲ့ဖူးကြသူတွေ ဖြစ်ပြီး ဂွန်ဒိုအန် ကတော့ အခုချိန်မှာ သူ့ရဲ့ ဆရာဟောင်းနဲ့ ပတ်သက်လို့ ချီးကျူးသွားခဲ့တာလည်း ဖြစ်ပါတယ်။
ဂွန်ဒိုအန်က တူချယ်ရဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေက အရည်အသွေး ပြည့်မီပြီး ပြင်းထန်ကြောင်း၊ သူဟာ အသေးစိတ်က အစ အလေးထားသလို ဗီဒီယိုပေါင်း များစွာကို ဖြတ်တောက်ပြီး ပြသလေ့ ရှိကြောင်း၊ သူက ကျွန်တော့်ရဲ့ ကစားသမား ဘဝကို နောက်တစ်ဆင့် တက်အောင် ကူညီပေးခဲ့ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုလေ့ ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဖရင်ပေါင်ရဲ့ နေရာမှာ အစားထိုးဖို့ ကစားသမားသစ် ခေါ်ယူလိုက်တဲ့ လေဗာကူဆင်
ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ဟာ အမေရိကမင်နဲရိုး အသင်းရဲ့ ဘရာဇီးလ် ညာနောက်ခံလူ အာသာကို ခေါ်ယူလိုက်ပါတယ်။ ဒါဟာ လေဗာကူဆင် အနေနဲ့ အသင်း ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဂျရမီ ဖရင်ပေါင်ရဲ့ နေရာ အတွက် ကြိုတင် အစားထိုးခဲ့တာ ဖြစ်ပါတယ်။
ဖရင်ပေါင်ကို ခေါ်ယူဖို့ အတွက် မန်ချက်စတာယူနိုက်တက်က အထူး စိတ်ဝင်စားနေပြီး ကစားသမား ကိုယ်တိုင် ကလည်း လာမယ့် နွေရာသီမှာ ဘွန်ဒက်စ်လီဂါကို စွန့်ခွာဖို့ ဆန္ဒရှိနေပါတယ်။ အဲ့ဒါကြောင့်လည်း လေဗာကူဆင်တို့ ဖရင်ပေါင်ရဲ့ နေရာကို အစားထိုးဖို့ အတွက် အခုလိုမျိုး ကစားသမားသစ် တစ်ဦးကို စောစောစီးစီး ကြိုတင် ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။
နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရလည်း ဖရင်ပေါင်ရဲ့ အေးဂျင့် ဖြစ်သူ ဂျက်ဖရီ လမ်မရီဟာ ဘာစီလိုနာ၊ ဘေယန်မြူးနစ် တို့နဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဖရင်ပေါင်ဟာ အနာဂတ်မှာ တောက်ပလာမယ့် ညာနောက်ခံလူ တစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီး အသင်း အတွက်လည်း ဒီရာသီမှာ (၈) ဂိုးသွင်း၊ (၅) ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားပါတယ်။
ဘေယန်မြူးနစ် ကိုသာ ပြောင်းရွှေ့လိုနေတဲ့ မူအာနီ
မူအာနီဟာ ဒီရာသီမှာ ဖရန့်ဖတ် အတွက်ရော၊ ပြင်သစ် လက်ရွေးစင် အသင်း အတွက်ပါ ခြေစွမ်းပြနေခဲ့တာကြောင့် အချိန်တို အတွင်းမှာပဲ ထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ် ကစားသမား ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် သတင်းတွေ မှာတော့ မူအာနီ အနေနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ထက် ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ကို ပိုမို စိတ်အားထက်သန်နေကြောင်း သိရပါတယ်။
ဘေယန်မြူးနစ် အားကစား ဒါရိုက်တာ ဟာဆန် ဆာလီဟာမစ်ဇစ် ကလည်း လာမယ့် နွေရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိက အားဖြည့်သွားမယ်လို့ ဖွင့်ဟထားပြီး သူတို့ရဲ့ ပစ်မှတ် ကစားသမားတွေ ထဲမှာ မူအာနီလည်း ပါဝင်နေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.