နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဖြူရောင်တွေ ဘယ်လိုမှ မရှုံးနိုင်တဲ့ ပွဲပါ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

လိဒ်စ်ယူနိုက်တက် – ခရစ္စတယ်ပဲလေ့စ်

ဒီတစ်ပတ် ပရီးမီးယားလိဂ်က စနေနေ့မှာ ၈ ပွဲ အထိ ကစားသွားတာကြောင့် တနင်္ဂနွေနေ့ မှာတော့ ၂ ပွဲသာ ကျန်ရှိပြီး မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ ကစားမယ့် လိဒ်စ်-ပဲလေ့စ် ပွဲစဉ်နဲ့ ပတ်သတ်လို့ ပွဲကြိုအချက်အလက်နဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးရမယ် ဆိုရင်တော့…

ဒီနှစ်သင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂နဲ့ ၁၃ နေရာမှာ အထက်အောက် ရပ်တည်နေကြပြီး အဓိက, ကတော့ တန်းမဆင်းရဖို့ သတိထား ကစားနေကြရတဲ့ အသင်းတွေ ဖြစ်ပါတယ်။ လိဒ်စ်ရဲ့ အခြေအနေက အရမ်းကြီး အားရစရာ မကောင်းပေမယ့် နည်းပြ ဟာဗီ ဂရာစီယာ လက်ထက် မှာတော့ ရသင့်တဲ့ အမှတ်တွေ ရအောင် ယူပြနေပါတယ်။ ချဲလ်ဆီးနဲ့ အာဆင်နယ်ကို ရှုံးထားပေမယ့် ဘရိုက်တန်ကို သရေ၊ ဆောက်သမ်တန်၊ ဝုဗ်နဲ့ ဖောရက်စ် တို့ကို အနိုင်ကန်ထားတဲ့ လိဒ်စ်ရဲ့ ခြေစွမ်းက မဆိုးဘူး ဆိုတာထက် ပိုတယ်လို့ ပြောရပါမယ်။ 

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ၂ ကြိမ်စီ အနိုင်ရထားကြပြီး ၁ ကြိမ် ကတော့ ဂိုးမရှိ သရေကျထားပါတယ်။
ပဲလေ့စ်ကို အဲလန်ရုတ်ဒ်မှာ နောက်ဆုံး ၇ ကြိမ်စလုံး အနိုင်ရထားတဲ့ လိဒ်စ်

ပဲလေ့စ် ကတော့ ပြိုင်ပွဲစုံ ၁၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်နေရာ ကနေ နည်းပြဟောင်း ရွိုင်းဟော့ဆန် စတင် ကိုင်တွယ်တဲ့ ပွဲမှာတင်ပဲ လက်စတာကို အနိုင်ရခဲ့ပါတယ်။ အရင်နှစ်တွေလို မဟုတ်ပဲ ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေးပါ တွေးပူနေရတဲ့ ပဲလေ့စ်တို့ ရွိုင်းဟော့ဆန်ကို ပြန်လည် ခန့်အပ်လိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ပဲ ဆိုရပါမယ်။ ရွိုင်းဟော့ဆန် အနေနဲ့ ပက်ထရစ် ဗီအဲရာ လက်ထက်က Form အတိုင်း အသင်းကို အပြောင်းအလဲ သိပ်မလုပ်ပဲ ရှေ့ဆက်နေခဲ့ပေမယ့် အတွေ့အကြုံနဲ့ သမ္ဘာက စကားပြောသွားခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒါ့အပြင် နိုင်ပွဲ ပြန်ရခဲ့တာ ကလည်း ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာကို အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ရှိသွားစေမှာ သေချာပါတယ်။ လိဒ်စ် အတွက်တော့ တွေ့ဆုံချိန်တိုင်း အမြဲတမ်းလိုလို ဒုက္ခပေးတတ်တဲ့ ပြိုင်ဘက်ကို ထပ်မံ ရင်ဆိုင်သွားရဦးမှာ ဖြစ်ပါတယ်။

ဒီပွဲ ကိုတော့ လိဒ်စ် ကွင်းလယ်က တိုင်လာ အဒမ်စ်နဲ့ အတူ ဒါးလက်စ်၊ ဝိုဘာနဲ့ ဖော်ရှော တို့လည်း လွဲချော်မှာ ဖြစ်ပါတယ်။ ပဲလေ့စ် ဘက် မှာတော့ သူတို့ရဲ့ အားထားရတဲ့ တောင်ပံ တိုက်စစ် ကစားသမား ဇာဟာ အပြင် ဖာဂူဆန်နဲ့ ခရစ် ရစ်ချက်ဒ် တို့လည်း ဒီပွဲ လွဲချော်မယ်လို့ သိရပါတယ်။ 


ဖြစ်နိုင်ဖွယ် လူစာရင်း 

လိဒ်စ်ယူနိုက်တက် – မက်စ်လေယာ၊ စတျောက်ခ်၊ ကော့ချ်၊ ဖီယာပို၊ အေးလင်း၊ ရိုကာ၊ မက်ကင်းနီ၊ အာရွန်ဆင်၊ စင်နီစတာရာ၊ ဟာရစ်ဆင်၊ ဘမ်းဖို့ဒ်

ခရစ္စတယ်ပဲလေ့စ် – ဂွိုက်တာ၊ အန်ဒါဆန်၊ ဂေးဟီ၊ ဝက်ဒ်၊ မစ်ချဲလ်၊ ဒူကိုရေး၊ ရှလက်ပ်၊ အီးဇီး၊ အာယူး၊ အိုလစ်၊ အက်ဒ်ဝါ့ဒ်

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
အဲဗာတန်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ၂ ကြိမ်စီ အနိုင်ရထားကြပြီး ၁ ကြိမ် ကတော့ ဂိုးမရှိ သရေကျထားပါတယ်။ ပြိုင်ပွဲစုံမှာ ဆိုရင်တော့ လိဒ်စ်က ပဲလေ့စ်ကို သူတို့ အိမ်ကွင်းမှာ နောက်ဆုံး ၇ ပွဲ ဆက်တိုက် အနိုင်ယူထားပါတယ်။ တိုက်စစ် ဖွင့်ကစားတဲ့ အသင်းတွေ ဖြစ်ပေမယ့် ဒီနှစ်သင်း နောက်ပိုင်း တွေ့ဆုံမှုတိုင်းမှာ ဂိုးအောက် ဖြစ်ခဲ့တာ ကတော့ သတိထားစရာပါ။ လိဒ်စ်က ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲ ရှုံးထားပြီး ဂိုးပေါ် ၄ ပွဲအထိ ကစားခဲ့ပါတယ်။ ပဲလေ့စ် ကတော့ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ၃ ပွဲ ဂိုးအောက် ဖြစ်ခဲ့ပါတယ်။ 


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာ လိဒ်စ် နိုင်ရင် ၂.၀၉ ဆ၊ ပဲလေ့စ် နိုင်ရင် ၃.၂၀ ဆ၊ သရေ အတွက် ကတော့ ၃.၂၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှ ဟန်းဒီးကပ်မှာ အိမ်ရှင် လိဒ်စ် ဘက်က ခပ်ပါးပါး အကျောပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ထားပါတယ်။ လက်ရှိမှာ ဒီနှစ်သင်းက ပုံစံကောင်း ပြန်ရစပြုနေကြလို့ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာဦးမှာတော့ သေချာပါတယ်။ အပြန်အလှန် သွင်းဂိုး ရှိနိုင်ပေမယ့် သူတို့ နှစ်သင်း တွေ့ဆုံချိန်တိုင်း ဂိုးအနည်းနဲ့ သရေပွဲကို ဦးတည်တာ များလို့ ဒီပွဲမှာလည်း ဂိုးအောက်ကို ရွေးချယ်ထားချင်ပြီး ၃ ဆ ကျော် ရမယ့် သရေ ရလဒ်နဲ့လည်း အရဲစွန့်ချင်မိပါတယ်။ သေချာတာ ကတော့ အဖြူရောင်တွေ ဘယ်လိုမှ မရှုံးနိုင်ဘူး ဆိုတာပါပဲ။


ခန့်မှန်းရလဒ်

လိဒ်စ်ယူနိုက်တက် ၁-၁ ခရစ္စတယ်ပဲလေ့စ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်