နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်တာမီလန်က ချန်ပီယံလိဂ်မှာ အောက်အသင်းပဲလို့ ဝန်ခံလိုက်တဲ့ အမ်ဘရိုစီယို၊ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားတဲ့ အမ်မရာဘတ် (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အင်တာမီလန်က ချန်ပီယံလိဂ်မှာ အောက်အသင်းပဲလို့ ဝန်ခံလိုက်တဲ့ အမ်ဘရိုစီယို၊ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားတဲ့ အမ်မရာဘတ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၃၁ ရက်နေ့ ညနေခင်းရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အင်တာမီလန်က ချန်ပီယံလိဂ်မှာ အောက်အသင်းပဲလို့ ဝန်ခံ အမ်ဘရိုစီယို

စီးရီးအေ ကလပ် အင်တာမီလန် နောက်ခံလူ ဒန်နီလို ဒီအမ်ဘရိုစီယိုက သူတို့ အသင်းဟာ ချန်ပီယံလိဂ်မှာ အောက် အသင်း ဖြစ်နေကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။

အင်တာမီလန်ဟာ လက်ရှိမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ပေါ်တူဂီ ကလပ် ဘင်ဖီကာနဲ့ ထိပ်တိုက်တွေ့ဆုံရမှာပါ။ တကယ်လို့သာ အင်တာမီလန် အနေနဲ့ ကွာတားဖိုင်နယ်ကို ဖြတ်ကျော်နိုင်ခဲ့ရင် ဆီမီးဖိုင်နယ်မှာ အေစီမီလန်နဲ့ နာပိုလီ နှစ်သင်းထဲက တစ်သင်းသင်းနဲ့ ထိပ်တိုက် တွေ့ဆုံရမှာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ အမ်ဘရိုစီယိုက ကွာတားဖိုင်နယ်ကို ရောက်လာတဲ့ အသင်းက တောင့်တင်းပြီး ထိုက်တန်လို့ ရောက်လာတာ ဖြစ်ကြောင်း၊ ဒီလို အဆင့် ပွဲမျိုးမှာ ကစားမယ် ဆိုရင် ခံယူချက် ကောင်းကောင်း ရှိဖို့ လိုအပ်ကြောင်း၊ ဒါပေမယ့် လက်တွေ့ကျဖို့လည်း လိုအပ်ကြောင်း၊ အခြား အသင်းတွေက အင်တာမီလန်ထက် ပိုမို တောင့်တင်းကြောင်းနဲ့ အကောင်းဆုံး ဖြေရှင်းနည်းက ကျွန်တော်တို့ အနေနဲ့ တစ်ပွဲပြီး တစ်ပွဲ ပုံစံကောင်းပြရမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


ချဲလ်ဆီး ကွင်းလယ်လူကို ခေါ်ယူချင်နေတဲ့ မော်ရင်ဟို

ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုဟာ ချဲလ်ဆီး ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ် ချိခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အဆိုပါ အင်္ဂလန် ကွင်းလယ်လူဟာ ကော့ဘ်ဟမ်း အကယ်ဒမီထွက် ဖြစ်ပြီး လက်ရှိမှာ လန်ဒန် ကလပ်နဲ့ အနာဂတ် မသေချာ ဖြစ်နေတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ချဲလ်ဆီး အနေနဲ့ လော့ဖ်တပ်စ် ချိခ် အတွက် သင့်တင့် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုသာ ရရှိခဲ့မယ် ဆိုရင် ရောင်းထုတ်သွားနိုင်ချေ ရှိနေပါတယ်။

မော်ရင်ဟိုက လာမယ့် နွေရာသီမှာ အသင်းကို သူ့ စိတ်တိုင်းကျ ကစားသမား ကောင်းတွေ ခေါ်ယူခွင့် ရဖို့ ဆန္ဒရှိနေပြီး အသင်း ဘက်ကလည်း ပေါ်တူဂီ နည်းပြရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရဖွယ် ရှိပါတယ်။ လက်ရှိ ရိုးမားမှာ ချဲလ်ဆီး ကစားသမားဟောင်း အဖြစ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ်လည်း ရှိနေပြီး လော့ဖ်တပ်စ် ချိခ်ကို ခေါ်ယူလိုတယ် ဆိုရင်တော့ ယူရို (၂၅) သန်း ဝန်းကျင်ခန့် ပေးချေရဖွယ် ရှိပါတယ်။


ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားတဲ့ အမ်မရာဘတ်

အီတလီက လာတဲ့ သတင်းတွေ အရ ဆိုရင် ဖီအိုရင်တီးနား ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ်ဟာ ပြင်သစ် လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီကို ပြောင်းရွှေ့လိုခြင်း မရှိဘူးလို့ သိရပါတယ်။

(၂၀၂၂) ကမ္ဘာ့ဖလားမှာ မော်ရိုကို အတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ စီးရီးအေ ကြယ်ပွင့်ကို ခေါ်ယူဖို့ အတွက် ဥရောပ ထိပ်တန်း ကလပ်တွေက ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကတည်းက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အပါအဝင် တခြားသော ထိပ်တန်း အသင်းတွေရဲ့ ချဥ်းကပ်မှုကို ဖီအိုရင်တီးနား ဘက်က ငြင်းဆန် ပယ်ချခဲ့ပါတယ်။

လာမယ့် နွေရာသီ အပြောင်းအရွှေ့ မှာလည်း အမ်မရာဘတ်က စီးရီးအေရဲ့ စောင့်ကြည့်ရမယ့် အပြောင်းအရွှေ့ ပစ်မှတ် အဖြစ် သတ်မှတ်ခံရဖွယ် ရှိနေပါတယ်။ ပီအက်စ်ဂျီက အမ်မရာဘတ်ကို တော်တော်လေး စိတ်ဝင်စားနေပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှု မရှိကြောင်း သတင်းတွေ တက်လာခဲ့တာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်