ချဲလ်ဆီးက ဆိုတာနဲ့ ခေါ်မယ်ချည်း လုပ်နေတဲ့ တူချယ်၊ နေဂဲလ်စ်မန်း ထုတ်ခံရတဲ့ အပေါ် အံ့အားသင့်ရကြောင်း ဖွင့်ဟလာတဲ့ ဒီလစ်ဂျ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၃၁ ရက်နေ့ ညနေခင်းရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး ကဆို အကုန်ခေါ်မယ် လုပ်နေတဲ့ တူချယ်
တူချယ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ မှာတင် ချဲလ်ဆီးမှာ ကျန်ရစ်နေခဲ့တဲ့ သူ့ရဲ့ လက်ထောက် နည်းပြ အန်သိုနီ ဘယ်ရီကို ခေါ်ယူလိုကြောင်း လူသိရှင်ကြား ဖွင့်ဟ ပြောကြားထားခဲ့တာပါ။
အဲ့ဒီနောက် မှာတော့ တူချယ်က ချဲလ်ဆီးမှာ အဆင်မပြေ ဖြစ်နေတဲ့ အင်္ဂလန် ကြယ်ပွင့် မေဆင်မောင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိ ရပြီး အခု နောက်ဆုံး မှာတော့ ကွင်းလယ်လူ ကိုဗာချစ် ကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း ဂျာမန် သတင်းဌာနတွေက ဖော်ပြနေပါတယ်။
ဒီကစားသမား နှစ်ယောက်လုံးဟာ ချဲလ်ဆီးမှာ တူချယ် ရှိနေတုန်းက အားကိုးရတဲ့ ကစားသမားတွေ ဖြစ်ခဲ့ပြီး လက်ရှိမှာ နှစ်ယောက်လုံးရဲ့ အနာဂတ်က မတည်မငြိမ်ဖြစ်နေတာကြောင့် တူချယ် အတွက် အခွင့်အရေးကောင်း ဖြစ်လာနိုင်ပါတယ်။
နေဂဲလ်စ်မန်း ထုတ်ခံရတဲ့ အပေါ် အံ့အားသင့်ရကြောင်း ဖွင့်ဟလာတဲ့ ဒီလစ်ဂျ်
ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ဟာ အသင်းရဲ့ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေကို အကြောင်းပြပြီး နေဂဲလ်စ်မန်းရဲ့ နေရာမှာ သောမတ်စ် တူချယ်နဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ဒီလစ်ဂျ်က ကျွန်တော့် အနေနဲ့ အံ့အားသင့်မိခဲ့ကြောင်း၊ ကျွန်တော် တို့က ဘွန်ဒက်စ်လီဂါမှာ ဒုတိယ၊ ပြည်တွင်း ဖလားနဲ့ ချန်ပီယံလိဂ် တို့မှာ ကွာတားဖိုင်နယ် တို့ကို တက်ရောက်ထားကြောင်း၊ အရာရာတိုင်းက သူ့နေရာနဲ့ သူရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း နည်းပြ ဘယ်သူ ဆိုတာကို တာဝန်ရှိသူတွေ ကသာ ဆုံးဖြတ်ရမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် အခုကိစ္စ ကတော့ မြိုချရခက်တဲ့ ဆေးခါးလိုမျိုး ဖြစ်ခဲ့ကြောင်း ဒီလစ်ဂျ်က ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။
မာနေးနဲ့ ပြဿနာတက်လို့ အထုတ်ခံခဲ့ရဖွယ် ရှိတဲ့ နေဂဲလ်စ်မန်း
ဘေယန်မြူးနစ်က ပီအက်စ်ဂျီကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဥ်မှာ မာနေးက ပွဲကစားချိန် (၈၂) မိနစ် အရောက်မှ ဝင်ကစားခွင့်ရခဲ့ပြီး ဒီကိစ္စကို အဝတ်လဲခန်း အတွင်းမှာ စောဒကတက်ခဲ့တယ်လို့ သိရပါတယ်။ မာနေးဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဘွန်ဒက်စ်လီဂါကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ရာသီ အစောပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ ပုံမှန် ပွဲထွက်ခွင့် ရဖို့တောင် ရုန်းကန်နေရပါတယ်။ မာနေးနဲ့ ဒီလိုမျိုး ပြဿနာ ဖြစ်ပွားခဲ့ပြီး မကြာခင် ရက်ပိုင်း အတွင်း မှာတင် နေဂဲလ်စ်မန်း တစ်ယောက် ရုတ်တရက် အထုတ်ခံခဲ့ရတာက ဒီကိစ္စနဲ့ ဆက်စပ်နိုင်ဖွယ် ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ဂျာမန် သတင်းစာ Bild က အဝတ်လဲခန်း အတွင်း နေဂဲလ်စ်မန်းကို မထောက်ခံတဲ့ ကစားသမား စာရင်း ထုတ်ပြန်ခဲ့ရာမှာ မာနေးလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.