ကိုလို မူအာနီကို ချီးကျူးလိုက်တဲ့ အမ်ဘာပေ၊ နေဂဲလ်စ်မန်း ထုတ်ခံရတဲ့ ကိစ္စကြောင့် ဘေယန် အသင်း အတွင်း စိတ်ဝမ်းကွဲမှုတွေ ရှိနေ စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၈ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အမ်ဘာပေရဲ့ ချီးကျူးမှုကို ရရှိခဲ့တဲ့ ကိုလို မူအာနီ
ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီနဲ့ ပတ်သက်ပြီး အသင်းခေါင်းဆောင် ကီလီယန် အမ်ဘာပေက ချီးကျူး စကားဆိုလိုက်ပါတယ်။
ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ်ရဲ့ တိုက်စစ်မှူး ကိုလို မူအာနီဟာ လက်ရွေးစင် အသင်းကြီးမှာ ပါဝင်ခွင့်ရတာ မကြာသေးပေမယ့် ပြီးခဲ့တဲ့ (၂၀၂၂) ကာတာ ကမ္ဘာ့ဖလားမှာ ပွဲထွက် ကစားခွင့်ရ ရှိခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိအချိန် မှာလည်း လက်ရွေးစင် အသင်းမှာ ပုံမှန် အရွေးချယ်ခံနေရပြီး ပူပူနွေးနွေး အသင်းခေါင်းဆောင် ဖြစ်ထားတဲ့ အမ်ဘာပေက မူအာနီနဲ့ ပတ်သက်လို့ အခုလိုပဲ ချီးကျူး စကားပြောကြားလိုက်တာပါ။
အမ်ဘာပေက မူအာနီဟာ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် မတူညီတဲ့ အရာတွေကို ပေးစွမ်းနိုင်သူ ဖြစ်ကြောင်း၊ သူက လုံးဝကို ပြီးပြည့်စုံပြီး အထင်ကြီးစရာ ကစားပုံကို ပြသနိုင်ခဲ့ကြောင်း၊ သူ့ရဲ့ စွမ်းဆောင်မှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပျော်ရွှင်ရပြီး သူ ဂိုးတွေ ထပ်သွင်းနိုင်အောင် ကြိုးစားပေးသွားမှာ ဖြစ်ကြောင်း ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
တူချယ်ကို ဒေါသ ပေါက်ကွဲနေတဲ့ အသင်းဟောင်း ချဲလ်ဆီး
ချဲလ်ဆီး တာဝန်ရှိသူတွေဟာ ဘေယန်မြူးနစ် နည်းပြသစ် ဖြစ်လာတဲ့ သူတို့ရဲ့ နည်းပြဟောင်း သောမတ်စ် တူချယ်ကို ဒေါသူပုန်ထနေကြတယ်လို့ သိရပါတယ်။
အကြောင်းရင်း ကတော့ ဂျာမန် လူမျိုး နည်းပြဟာ ဘွန်ဒက်စ်လီဂါ လက်ရှိ ချန်ပီယံ ဘေယန်မြူးနစ်နဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ မှာပဲ ချဲလ်ဆီးမှာ ရှိနေတဲ့ သူ့ရဲ့ လက်ထောက် နည်းပြဟောင်း အန်သိုနီ ဘယ်ရီကို ခေါ်ယူသွားမယ်လို့ ပြောကြားခဲ့တာကြောင့် ဖြစ်ပါတယ်။
တူချယ်ဟာ ဘယ်ရီနဲ့ အတူ သူ့ရဲ့ အသင်းသစ်ကို တည်ဆောက်ဖို့ ရည်ရွယ်ထားကြောင်း ဖွင့်ဟခဲ့ပြီး ဒီနည်းပြဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ တူချယ်နဲ့ လပေါင်း (၂၀) ကြာ လက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။ ချဲလ်ဆီး တာဝန်ရှိသူတွေ ကတော့ တူချယ်ရဲ့ ဒီပြောစကားတွေ အပေါ်မှာ ဒေါသဖြစ်နေပြီး တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးခင် ဒါမျိုး ပြောကြားခဲ့တာက မဖြစ်သင့်တဲ့ အရာ တစ်ခု အဖြစ် သတ်မှတ်ကာ စိတ်ပျက်နေတာလည်း ဖြစ်ပါတယ်။
နေဂဲလ်စ်မန်း ထုတ်ခံရတဲ့ ကိစ္စကြောင့် ဘေယန် အသင်းတွင်း စိတ်ဝမ်းကွဲမှုတွေ ရှိနေ
ဘွန်ဒက်စ်လီဂါ လက်ရှိ ချန်ပီယံ အသင်းရဲ့ ထိပ်သီးပိုင်း တာဝန်ရှိသူတွေဟာ မထင်မှတ်ထားတဲ့ ဆုံးဖြတ်ချက်မျိုးကို ချမှတ်ခဲ့ပြီး အားလုံးကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။ ဂျော်ရွှာ ကင်မစ်ချ်၊ လီယွန် ဂေါ်ရက်ဇ်ကာ၊ မားသီးယပ်စ် ဒီလစ်ဂျ်၊ ဒါယော့တ် အူပါမီကာနိုနဲ့ ဘင်ဂျာမင် ပါဗက် တို့ကတော့ နေဂဲလ်စ်မန်း ဘက်က အပြည့်အဝ ရပ်တည်ပေးခဲ့ပါတယ်။
ဒါပေမယ့် အသင်းတွင်းမှာ နေဂဲလ်စ်မန်းဘက်က မရပ်တည်တဲ့ နာမည်ကျော် ကစားသမားတွေလည်း ရှိနေပါတယ်။ ဂိုးသမား မန်ဝဲလ် နော်အာနဲ့ ဆဗင် အူးလ်ရစ်ချ် တို့က ဂိုးနည်းပြ တိုနီ တာပါလိုဗစ် အထုတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး နေဂဲလ်စ်မန်းကို မကျေမနပ် ဖြစ်နေကြပါတယ်။ ဒါ့အပြင် ကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ ဆာ့ဂျ် ဂနာဘရီ၊ လီရွိုင်း ဆာနေး၊ ဂျာမဲလ် မူဆီအာလာ၊ ယာအို ကန်ဆယ်လိုနဲ့ ဆာဒီယို မာနေး တို့ကလည်း နေဂဲလ်စ်မန်းကို သဘောကျ နှစ်သက်ခြင်း မရှိဘဲ တိုက်စစ်ကစားသမား သောမတ်စ် မူလာ ကတော့ ကြားနေ အဖြစ်သာ ရပ်တည်နေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.