နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချီးကျူးလို့ မဆုံးခင်မှာ ဘုန်းမောက်ကို ရှုံးပြီး ဝူးရှူးဝါးတွေ ဖြစ်သွားတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ဘုန်းမောက် ၁-၀ လစ်ဗာပူးလ်

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၆) မှာ ခါးသီး ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ၇ ဂိုးပြတ် နှိပ်ကွပ်ခဲ့တဲ့ လစ်ဗာပူးလ်တို့ ဒီတစ်ပတ် မှာတော့ ဇယား အောက်နားက ဘုန်းမောက်ကို ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး ၄-၃-၃ အခင်းအကျင်းနဲ့ ပွဲထွက်ခဲ့ပေမယ့် အိမ်ရှင် ဘုန်းမောက် ကတော့ ထုံးစံအတိုင်း ခံစစ် အားပြုပြီး တန်ပြန် တိုက်စစ်ကို အားကိုးခဲ့ပါတယ်။ လစ်ဗာပူးလ် ကလည်း သူတို့ ကစားဟန် အတိုင်း ပြိုင်ဘက်ကို ပွဲချိန်ပြည့် ဖိအားပေးထားနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် တကယ်တမ်း ဘုန်းမောက်ရဲ့ ရုန်းအားကြောင့် ကလော့ပ်ရဲ့ အသင်း ရုန်းကန်ခဲ့ရပါတယ်။ အာဆင်နယ်နဲ့ ပွဲတုန်းကလိုပဲ ဘုန်းမောက် တစ်သင်းလုံး အားကြိုးမာန်တက် ကစားသွားခဲ့ပြီး ကလော့ပ် ကြိုတင် တွက်ဆခဲ့သလို သူ့အသင်းကို ကောင်းကောင်းကြီး ဒုက္ခပေးသွားနိုင်ခဲ့ပါတယ်။ ဖိလစ်ပ် ဘေးလင်းက ပွဲချိန် ၂၈ မိနစ်မှာ အိမ်ရှင်တို့ အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။

အဲ့နောက် လစ်ဗာပူးလ်တို့ လိုအပ်နေတဲ့ သွင်းဂိုးတွေ အတွက် တိုက်စစ် အစွမ်းကုန် မြှင့်ခဲ့ပေမယ့် ဘုန်းမောက်ရဲ့ ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ အပိုင် အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့သလို ဒုတိယပိုင်း မိနစ် ၇၀ မှာ လစ်ဗာပူးလ်တို့ ပင်နယ်တီ ရပေမယ့် ဆာလာက တလွဲ ကန်ခဲ့ပြန်ပါတယ်။ အဲ့နောက် လစ်ဗာပူးလ်တို့ ဂျိုတာ၊ ဖေမီနို၊ မီလ်နာ၊ ဟန်ဒါဆန်၊ ကာဗယ်လ်ဟိုတို့ ထပ်ထည့်ပြီး အစွမ်းကုန် တိုက်စစ် ဖွင့်ခဲ့ပေမယ့် အရာမထင်ခဲ့ပဲ ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဘုန်းမောက်က လာမယ့် တစ်ပတ် စနေနေ့မှာ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) ကစားဖို့ ရှိပြီး လစ်ဗာပူးလ် ကတော့ ကြားရက်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ကစားရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာကို တက်လှမ်းလာနိုင်ခဲ့တဲ့ ဘုန်းမောက်

ဘုန်းမောက်က ထင်ထားတဲ့ အတိုင်း တန်းမဆင်းရရေး အတွက် ဖောင်ဖျက် ရုန်းသွားခဲ့သလို သူတို့ရဲ့ ကြိုးစားမှု ကလည်း အနိုင် ၃ မှတ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ နူညက်ဇ်၊ ဂတ်ခ်ပိုနဲ့ ဆာလာ တို့ ဦးဆောင်တဲ့ လစ်ဗာပူးလ် တိုက်စစ်က ယူနိုက်တက်နဲ့ ပွဲမှာ ဖလမ်း ဖလမ်း ထခဲ့သမျှ ဘုန်းမောက်ရဲ့ ခံစစ်နဲ့ အတွေ့ မှာတော့ ဝူးရှူးဝါးတွေ ဖြစ်ခဲ့ရပါတယ်။ ဒီကြားထဲ မိုဆာလာ ကပါ ပင်နယ်တီ ကန်တာ ဂိုးပေါက်တောင် မတည့်ခဲ့လို့ ကလော့ပ် တစ်ယောက် တော်တော်လေး စိတ်ပျက်ခဲ့ရပါတယ်။ ဒါ့အပြင် တစ်ချက် တစ်ချက်မှာ လစ်ဗာပူးလ်တို့ ဘုန်းမောက်ရဲ့ တန်ပြန် တိုက်စစ်တွေ ကိုလည်း သတိထား ထိန်းချုပ်နေခဲ့ရပါသေးတယ်။

ဂတ်ခ်ပို၊ နူညက်ဇ်တို့ တဖြည်းဖြည်း အသင်းနဲ့ အသားကျပြီး ခြေစွမ်းပြလာနိုင်ပေမယ့် ပွဲအဖြေ ပြောင်းလဲနိုင်သူတွေ အဖြစ် စိတ်ချလို့ မရသေးပါဘူး။ အတွေ့အကြုံတွေ အများကြီး လိုအပ်နေသေးတယ် ဆိုတာ သိသာခဲ့ပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိတဲ့ လစ်ဗာပူးလ်တို့ ဒီရှုံးပွဲကြောင့် ရမှတ် ၄၂ မှတ်နဲ့ အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲရလဒ်က ကလော့ပ်ရဲ့ အသင်း အတွက် တန်ဖိုးကြီးခဲ့ပြီး သူတို့ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်ကို ပြန်လည် ယိမ်းယိုင်သွားစေခဲ့ပါတယ်။ ဘုန်းမောက် ကတော့ ရမှတ် ၂၆ မှတ်နဲ့ တန်းဆင်းဇုန်ရဲ့ အထက် အဆင့် ၁၇ နေရာကို ယာယီ တက်လှမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။


လာမယ့် ပွဲစဉ်များ

ဘုန်းမောက်က လာမယ့် တစ်ပတ် စနေနေ့မှာ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) ကစားဖို့ ရှိပြီး လစ်ဗာပူးလ် ကတော့ ကြားရက်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်