နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂါဗီကို အံ့အားအသင့်ဆုံး ဖြစ်ခဲ့ရတယ်လို့ ရာဖင်ညာ ဖွင့်ဟ၊ အမ်ဘာပေး အတွက် ဗင်နီစီးယပ်စ်ကို စတေးဖွယ် ရှိတဲ့ ရီးရဲလ်မက်ဒရစ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဂါဗီကို အံ့အားအသင့်ဆုံး ဖြစ်ခဲ့ရတယ်လို့ ရာဖင်ညာ ဖွင့်ဟ၊ အမ်ဘာပေး အတွက် ဗင်နီစီးယပ်စ်ကို စတေးဖွယ် ရှိတဲ့ ရီးရဲလ်မက်ဒရစ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၀ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂါဗီကို အံ့အားအသင့်ဆုံး ဖြစ်ခဲ့ရတယ်လို့ ရာဖင်ညာ ဖွင့်ဟ

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ တောင်ပံကစားသမား ရာဖင်ဟာက အသင်းကို သူစတင် ရောက်ရှိချိန်က စပြီး ဂါဗီကို အံ့အားသင့်ခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ ဂါဗီဟာ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်ပြီး ပုံမှန် ကစားခွင့်ရနေသူလည်း ဖြစ်ပါတယ်။ 

လာလီဂါ
ဗလင်စီယာ
အိုဆာစူနာ
1X2 သရေ @ 3.15
ဗလင်စီယာ အာရှ ဟန်းဒီးကပ် -0.75 @ 2.51
ဂိုးပေါ် 2.25 @ 2.17
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အသက်အရွယ်နဲ့ မလိုက်ဖက်အောင်ကို ခြေစွမ်းပြ ကစားနေပြီး ပရိသတ်တွေ ကိုလည်း အံ့အားသင့်အောင် လုပ်ပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဇာဗီရဲ့ ယုံကြည်မှုကို အပြည့်အ၀ ရရှိထားကာ ပုံမှန်နေရာ တစ်ခုကို သိမ်းပိုက်ထားနိုင်တဲ့ ဂါဗီရဲ့ အရည်အသွေးကို ရာဖင်ညာက အံ့အားသင့်နေခဲ့တာ ဖြစ်ပါတယ်။ 

“ ဘယ်သူက ကျနော့်ကို အံ့အားအသင့်စေဆုံးလဲ ဆိုရင်တော့ ဂါဗီပဲ၊ သူ့ရဲ့ အသက်နဲ့ အရည်အသွေးကြောင့်ပါ၊ ကွင်းထဲမှာဆိုလည်း သူက လူကောင်သေးပေမယ့် ဘာကိုမှ ရင်ဆိုင်ဖို့ မကြောက်ဘူး၊ တကယ် အံ့အားသင့်ရပါတယ်၊ ကစားသမား တော်တော်များများ ကိုလည်း အံ့အားသင့်မိပါတယ်၊ သူတို့က အရည်အသွေး အများကြီး ရှိကြပါတယ်” လို့ ရာဖင်ဟာက ဖွင့်ဟခဲ့ပါတယ်။ 


မော်ရင်ဟိုရဲ့ ရိုးမားကို အရေးနိမ့်ခဲ့တဲ့ ရီးရဲလ်ဆိုဆီဒက်

စပိန် လာလီဂါ ကလပ် ရီးရဲလ် ဆိုဆီဒက် ကတော့ ယူရိုပါလိဂ် ၁၆ သင်း အဆင့်မှာ မော်ရင်ဟိုရဲ့ ရိုးမားကို ၂-၀ နဲ့ ဂိုးပြတ် အရေးနိမ့်သွားခဲ့ပါတယ်။ အဝေးကွင်း ဆိုရင် ကစားပုံ အားနည်းသွားတဲ့ ဆိုဆီဒက်ဟာ ပွဲတိုင်းကို ၁-၀ ရလဒ်လောက်နဲ့ အနိုင်ယူနေတဲ့ ရိုးမားကို ၂ ဂိုးအထိ ပေးခဲ့ရလို့ ဒုတိယ အကျော့ကို ရုန်းကန်ရတော့မှာပါ။ 

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဖလော်ရင်တီနို ပီရက်ဇ်ဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ အတွက် ဗင်နီစီးယပ်စ် ဂျူနီယာကို စတေးဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်လာပါတယ်။
အမ်ဘာပေးကို ခေါ်ယူချင်နေဆဲ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်

ရိုးမား အတွက် အယ်လ်ရှာ ရာဝေးနဲ့ ကမ်ဘူလာ တို့က ဂိုးတွေ သွင်းပေးခဲ့ကြပြီး စပိန်မြေမှာ ကစားမယ့် ဒုတိယအကျော့ အတွက် ကြီးမားတဲ့ အခွင့်အရေးကို ရသွားခဲ့ပါတယ်။ လာလီဂါမှာ ဇယားထိပ်ပိုင်း ရောက်နေတဲ့ ဆိုဆီဒက်ဟာ ဒေးဗစ် ဆေးလ်ဗား အပါအဝင် အဓိက ကစားသမားတွေကို ပွဲထုတ်ခဲ့ပေမယ့် ချေပဂိုးတောင် မရခဲ့ပါဘူး။ 

ဆိုဆီဒက် အပြင် ဘက်တစ် ကလည်း ယူနိုက်တက်ကို ၄-၁ နဲ့ အရေးနိမ့်ခဲ့ကာ စပိန် ကလပ် တွေထဲ ဆီဗီလာ တသင်း တည်းသာ ဖီနာဘာချီကို ၂-၀နဲ့ အနိုင်ရခဲ့ပါတယ်။ စပိန် ကလပ်တွေ အခြေအနေ မကောင်းတဲ့ည ဖြစ်ခဲ့ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အတွက် တော်တော်လေး ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ 


အမ်ဘာပေး အတွက် ဗင်နီစီးယပ်စ်ကို စတေးဖွယ် ရှိတဲ့ ရီးရဲလ်မက်ဒရစ်

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဖလော်ရင်တီနို ပီရက်ဇ်ဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ အတွက် ဗင်နီစီးယပ်စ် ဂျူနီယာကို စတေးဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

ဗင်နီစီးယပ်စ် ကတော့ ရီးရဲလ် အတွက် ၂၀၈ ပွဲ ကစားပေး အပြီးမှာ ၅၄ ဂိုးသွင်းကာ ၅၂ ကြိမ် ဖန်တီးပေးထားသူ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် အရွယ် ဘရာဇီးလ် ကစားသမားဟာ ဒီရာသီ မှာလည်း ၁၈ ဂိုး အထိ သွင်းယူပေးထားပြီး အဓိကကစားသမား အဖြစ် ရှိနေပေမယ့် သူ့ရဲ့ ကွင်းအတွင်း အပြုအမူတွေကြောင့် လက်ရှိမှာ ဝေဖန်ခံနေရပါတယ်။ 

စပိန် သတင်းဌာနတွေ ကတော့ ပီရက်ဇ် အနေနဲ့ အမ်ဘာပေးကို ခေါ်ယူနိုင်ဖို့ အတွက် ဗင်နီစီးယပ်စ်ကို ရောင်းချကာ ငွေကြေး ရှာဖွေသွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အမ်ဘာပေး ကတော့ ပီအက်စ်ဂျီနဲ့ အတူ ချန်ပီယံလိဂ် အောင်မြင်မှု မရပြန်လို့ အသင်းက ထွက်မယ်လို့ သတင်းတွေ ထွက်လာခဲ့ပြီး တဆက်တည်းမှာပဲ ရီးရဲလ်နဲ့ပါ အသံထွက်လာတာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်