နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကလပ် ကစားသမား ဘ၀ သွင်းဂိုး ၇၀၀ ပြည့်သွားခဲ့တဲ့ မက်ဆီ၊ ကခုန် အောင်ပွဲခံခဲ့လို့ တန်ဟက်ဂ်ကို ရာထူး ကနေ နုတ်ထွက်ဖို့ နောက်ပြောင်ခဲ့တဲ့ ရွိုင်ကိန်း (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ကလပ် ကစားသမား ဘ၀ သွင်းဂိုး ၇၀၀ ပြည့်သွားခဲ့ပြီ ဖြစ်တဲ့ မက်ဆီ၊ ကခုန် အောင်ပွဲခံခဲ့လို့ အဲရစ်ခ် တန်ဟဂ်ကို ရာထူး ကနေ နုတ်ထွက်ဖို့ နောက်ပြောင်ခဲ့တဲ့ ရွိုင်ကိန်း အပါအဝင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်း ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဆုဖလား ရပေမယ့် အပိုင်အခွင့်အရေးကို လူမပေးခဲ့လို့ ဘရူနိုကို ဒေါသထွက်နေတဲ့ ကတ်စမဲရိုး

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းဟာ အဲရစ်ခ် တန်ဟက်ဂ် လက်ထက်မှာ ပထမဆုံး ဆုဖလား အဖြစ် ခရာဘောင်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်လူ ကက်စ်မဲရိုး ကတော့ နောက်ထပ် သွင်းဂိုး ရနိုင်မှာကို ဖြုန်းတီးခဲ့လို့ အသင်းဖော် ဘရူနို ဖာနန်ဒက်စ်ကို ဒေါသထွက်နေခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ ပွဲပြီးကာနီးမှာ ယူနိုက်တက် အသင်း ၃ ဂိုး- ဂိုးမရှိ ဖြစ်နိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့် ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းဖော်ကို မပေးဘဲ ကန်သွင်းခဲ့ရာမှာ ကာရီးယတ်စ်က ကာကွယ်သွားနိုင်ခဲ့တာပါ။

ဒါကို အခဲမကျေတဲ့ ကတ်စမဲရိုးက ပွဲအပြီး အောင်ပွဲခံနေချိန်မှာ ဘရူနို ဖာနန်ဒက်စ်ကို ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကတ်စမဲရိုးဟာ ဘရူနို ဖာနန်ဒက်စ်ကို လှမ်းဆွဲပြီး ဘာကြောင့် လူမပေးတာလဲလို့ မေးခဲ့တာကို ပေါ်တူဂီ ကစားသမား ကလည်း ပြန်ပြောခဲ့ပေမယ့် ကတ်စမဲရိုးက စိတ်ပျက်တဲ့ အနေအထားနဲ့ ထွက်ခွာသွားခဲ့တာပါ။ ဒါ့အပြင် အခြား ကစားသမား ဖြစ်တဲ့ ဂျေဒန် ဆန်ချို ကလည်း ပွဲအပြီး အောင်ပွဲခံချိန်မှာ သူ့ကို ပေးပို့ပြီး ကစားဖို့ ပြောသွားခဲ့ပါတယ်။

ဆန်ချိုက နောက်တစ်ကြိမ်ကျရင် လူပေးကစားဖို့ ပြောခဲ့ရာမှာ ဘရူနို ဖာနန်ဒက်စ်က နောက်တစ်ကြိမ် ကျရင် ပေးပါမယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းသားတွေဟာ နည်းပြ အဲရစ်ခ် တန်ဟတ်ဂ် လက်အောက်မှာ စိတ်ဓာတ် ပြင်းထန်မှု အပြည့်နဲ့ ကစားနေပြီး ပြိုင်ဘက်တွေကို မညှာမတာ ကစားဖို့ လုပ်ဆောင်နေတာပါ။

ယူနိုက်တက် အသင်းဟာ ကြားရက်မှာ ဝက်စ်ဟမ်း အသင်းနဲ့ အက်ဖ်အေဖလား ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အဲရစ်ခ် တန်ဟက်ဂ်ဟာ ဒီဖလား ကိုလည်း အရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။


ကလပ် ကစားသမား ဘ၀ သွင်းဂိုး ၇၀၀ ပြည့်သွားခဲ့ပြီ ဖြစ်တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ မာဆေးလ် အသင်းကို အနိုင်ရခဲ့တဲ့ လီဂူးဝမ်း ပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်း အတွက် ဂိုးသွင်းယူပေးပြီးနောက် ကလပ် ကစားသမားဘ၀ သွင်းဂိုး ၇၀၀ ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းက မာဆေးလ်ကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဆီက ၁ ဂိုး သွင်းပြီး၊ အမ်ဘာပေးက ၂ ဂိုးသွင်းယူခဲ့တာပါ။ အဲ့ဒါကြောင့် မက်ဆီဟာ ခရစ္စတီယာနို ရော်နယ်ဒိုနောက် ဥရောပ ထိပ်တန်း ၅ လိဂ်မှာ သွင်းဂိုး ၇၀၀ ပြည့်တဲ့ ဒုတိယမြောက်က စားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ အသင်းဟောင်း ဘာစီလိုနာ အတွက် ၆၇၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး၊ ပီအက်စ်ဂျီ အတွက် ၂၈ ဂိုး သွင်းယူကာ အခုလို သမိုင်းမှတ်တိုင် တစ်ခုကို စိုက်ထူနိုင်ခဲ့တာပါ။ မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အတွက် ခြေစွမ်းပြသနေတာ ဖြစ်ပြီး ပြိုင်ပွဲစုံ ၂၈ ပွဲမှာ ၁၇ ဂိုး အထိ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့သလို ပီအက်စ်ဂျီနဲ့လည်း ခြေစွမ်းပြနေတာကြောင့် တနင်္လာနေ့မှာ ချီးမြှင့်မယ့် ဖီဖာရဲ့ အကောင်းဆုံးဆု ကိုလည်း ရယူနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကလည်း ဒီနိုင်ပွဲကြောင့် လီဂူးဝမ်း အမှတ်ပေးဇယားကို ၈ မှတ် ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ လာမယ့် အပတ် မှာတော့ နန့်စ် အသင်းနဲ့ ပြင်သစ် လီဂူးဝမ်း ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


ကခုန် အောင်ပွဲခံခဲ့လို့ အဲရစ်ခ် တန်ဟဂ်ကို ရာထူး ကနေ နုတ်ထွက်ဖို့ နောက်ပြောင်ခဲ့တဲ့ ရွိုင်ကိန်း

ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက် ဟာ နယူးကာဆယ်ကို ၂ ဂိုး- ဂိုးမရှိနဲ အနိုင်ရခဲ့ပြီးနောက် ၂၀၁၇ နောက်ပိုင်း ပထမဆုံး ဆုဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပြီး နည်းပြ အဲရစ်ခ် တန်ဟက်ဂ် အတွက် သူ့ရဲ့ ပထမဆုံး ရာသီမှာ ပထမဆုံး ဆုဖလားကို ရယူပေးနိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ် မှာလည်း အဆင့် ၃ နေရာမှာ ရှိနေတဲ့ ယူနိုက်တက်

နယူးကာဆယ် အသင်းကို အနိုင်ရခဲ့တဲ့ ခရာဘောင် ဖလား ဗိုလ်လုပွဲ အပြီးမှာ လီဆန်ဒရို မာတီနက်ဇ်၊ အန်တိုနီ တို့နဲ့ အတူ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် တို့ဟာ ကခုန် အောင်ပွဲခံခဲ့တာ ဖြစ်ပြီး ဒါကို ရွိုင်ကိန်းက နောက်ပြောင်ပြီး ပြောလာခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက် ဟာ နယူးကာဆယ်ကို ၂ ဂိုး- ဂိုးမရှိနဲ အနိုင်ရခဲ့ပြီးနောက် ၂၀၁၇ နောက်ပိုင်း ပထမဆုံး ဆုဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပြီး နည်းပြ အဲရစ်ခ် တန်ဟက်ဂ် အတွက် သူ့ရဲ့ ပထမဆုံး ရာသီမှာ ပထမဆုံး ဆုဖလားကို ရယူပေးနိုင်ခဲ့တာပါ။

အဲရစ်ခ် တန်ဟက်ဂ်ဟာ အေဂျတ်စ်အသင်းကို ကိုင်တွယ်ခဲ့တုန်း ကလည်း ဗိုလ်လုပွဲမှာ အနိုင်ရပြီးနောက် ဒီလိုမျိုး အသင်းသားတွေနဲ့ ကခုန် အောင်ပွဲခံခဲ့ဖူးသူပါ။ အခုအချိန် မှာတော့ အဲရစ်ခ် တန်ဟက်ဂ်ဟာ အေဂျတ်စ်မှာ အတူ လက်တွဲခဲ့တဲ့ အန်တိုနီ၊ လီဆန်ဒရို မာတီနက်ဇ် တို့နဲ့ အတူ ကခုန်ပြီး အောင်ပွဲခံခဲ့တာပါ။

ရွိုင်ကိန်းက “ ခင်ဗျား ဒီည နှုတ်ထွက်သင့်တယ်၊ “ နောက်ပြောင်ခဲ့တာကို အဲရစ်ခ် တန်ဟက်ဂ် ကလည်း “ ဘယ်တော့မှ၊ ဘယ်တော့မှ၊ ဘယ်တော့မှ” ဆိုပြီး တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲရစ်ခ် တန်ဟက်ဂ်က “ ဒါက အရင်က လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ အတူတူ လုပ်ခဲ့ကြတဲ့ သမိုင်းကြောင်း ရှိပါတယ်။ဒါကို ထပ်ပြီး လုပ်နိုင်ဖို့ မျှော်လင့်တယ်” လို့ ပြောခဲ့တာပါ။ ယူနိုက်တက်ဟာ အခုနှစ် ဘောလုံး ရာသီမှာ ဆုဖလား တစ်လုံး ရယူနိုင်ခဲ့ပြီ ဖြစ်သလို နောက်ထပ် ဆုဖလား ၃ လုံး လမ်းကြောင်းပေါ်မှာလည်း ရှိနေသေးတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကြားရက်မှာ ဝက်စ်ဟမ်း အသင်းနဲ့ အက်ဖ်အေဖလား ပွဲစဉ် ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်