နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒေါ့မန်တို့ ဆုဖလား ရယူနိုင်မယ်လို့ ယုံကြည်နေတဲ့ ဇူလာ၊ ပါဗက်ကို စာချုပ်သစ် ချုပ်ချင်နေတဲ့ နေဂဲလ်စ်မန်း (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဒေါ့မန်တို့ ဆုဖလား ရယူနိုင်မယ်လို့ ယုံကြည်နေတဲ့ ဇူလာ၊ ပါဗက်ကို စာချုပ်သစ်ချုပ်ချင်နေတဲ့ နေဂဲလ်စ်မန်း စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒေါ့မန်တို့ ဆုဖလား ရယူနိုင်မယ်လို့ ယုံကြည်နေတဲ့ ဇူလာ

ဂျာမန် ဘွန်ဒက်လီဂါ ကလပ် ဒေါ့မန်ရဲ့ နောက်ခံလူ နစ်ကလပ်စ် ဇူလာက ဒီရာသီမှာ သူတို့ အသင်း ဆုဖလား ဆွတ်ခူးနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီတပတ်မှာ ဟောဖန်ဟိမ်းနဲ့ ဘွန်ဒက်လီဂါပွဲ ကစားရမယ့် ဒေါ့မန်ဟာ အမှတ်ပေးဇယားမှာ ဘေယန်မြူးနစ်ကို ရမှတ်တူ အနေအထားနဲ့ ဖိအားပေးနေပြီး ချန်ပီယံလိဂ် မှာလည်း ချဲလ်ဆီးကို ကျော်ဖြတ်ကာ ကွာတားဖိုင်နယ် တက်ရောက်ဖို့ အခြေအနေ ကောင်းနေပါတယ်။

ဘန်ဒက် လီဂါ
ဘိုင်ယန်မြူးနစ်
ယူနီယံ ဘာလင်
1X2 ဘိုင်ယန်မြူးနစ်1.34
ဘိုင်ယန်မြူးနစ် ပထမပိုင်း အာရှ ဟန်းဒီးကပ် -1.50 @ 2.03
ဂိုးပေါ် 3.00 @ 1.97
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဇူလာက “ အမှတ်ပေးဇယား အရ ကျနော်တို့ အတွက် အရမ်းကောင်းသွားပြီ ဆိုတာ ထင်ရှားပါတယ်၊ ကျနော်တို့ ပစ်မှတ်က ဒုတိယ ရာသီဝက်ကို ကောင်းကောင်း စတင်နိုင်ဖို့ ဖြစ်ပြီး ဒီ ၆ လ အတွင်း အကောင်းဆုံးကို တတ်နိုင်သမျှ လုပ်သွားဖို့ပါ၊ ဖလားပြိုင်ပွဲ ၃ခုမှာ ကျနော်တို့ ရှိနေတုန်းပါပဲ၊ ဒါကို အကောင်းဆုံး အသုံးချပြီး ကြီးမားတဲ့ အခွင့်အရေးတွေ ရှိတယ် ဆိုတာကို အားလုံးက နားလည်ထားကြပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ့မန်ဟာ ဘေယန်မြူးနစ်ရဲ့ ခြေချော်မှုတွေကို အကောင်းဆုံး အခွင့်အရေးယူနိုင်ခဲ့ပြီး အမှတ်ပေးဖလားကို မျှော်လင့်လာနိုင်တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကစားသမား အင်အား၊ ခြေစွမ်းအရလည်း ဆုဖလားတွေရယူနိုင်ဖို့ အတွက် မျှော်လင့်နိုင်နေတာ ဖြစ်ပြီး ဘယ်ဖလားကို အရယူနိုင်မလဲ ဆိုတာ စောင့်ကြည့်ရတော့မှာပါ။


ပါဗက်ကို စာချုပ်သစ်ချုပ်ချင်နေတဲ့ နေဂဲလ်စ်မန်း

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက အသင်းရဲ့ ညာနောက်ခံလူ ဘင်ဂျမင် ပါဗက်ကို စာချုပ်သစ် ချုပ်ဆိုချင်နေပါတယ်။ ပြင်သစ် နောက်ခံလူဟာ စတုဂတ် ကနေ ပြောင်းရွှေ့ခဲ့ပြီးနောက် ဘေယန်မှာ ထင်သလောက် ခြေစွမ်းမပြနိုင်ပေမယ့် အသင်းရဲ့ ကစားဟန်မှာ ပါဗက်ကို နေဂဲလ်စ်မန်းက ထည့်သွင်းချင်နေဆဲ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး ကနေ ကန်ဆယ်လိုကို အငှားနဲ့ ခေါ်ယူထားပြီး အပြီးသတ် ခေါ်ယူနိုင်ချေ ရှိပေမယ့် သူ့ကိုတော့ ဘယ်ခြမ်းမှာသာ နေဂဲလ်စ်မန်းက ပိုမို ကစားစေချင်နေပါတယ်။ ပါဗက်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေ ရှိနေတာကြောင့် စာချုပ်သစ် အမြန်ချုပ်ဖို့ နေဂဲလ်စ်မန်းက လိုလားနေတယ် လို့လည်း သိရပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက အသင်းရဲ့ ညာနောက်ခံလူ ဘင်ဂျမင် ပါဗက်ကို စာချုပ်သစ် ချုပ်ဆိုချင်နေပါတယ်။
ညာနောက်ခံလူ ဘင်ဂျမင် ပါဗက်ကို စာချုပ်သစ် ချုပ်ဆိုချင်နေတဲ့ နေဂဲလ်စ်မန်း

“ ဘင်ဂျမင်က ပွဲအများကြီး ကစားပေးထားပြီး ပြီးခဲ့တဲ့ရာသီမှာ ဆိုရင် သူ ကောင်းကောင်း မလုပ်ပြနိုင်ခဲ့တာတောင်မှ အရမ်းကို ယုံကြည် စိတ်ချခဲ့ရပါတယ်၊ ကျနော် သူနဲ့ လက်တွဲရတာကို နှစ်သက်ပါတယ်” လို့ နေဂဲလ်စ်မန်းက ပြောဆိုခဲ့ပါတယ်။ ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးထားဖူးတဲ့ ပါဗက်ဟာ ဒီရာသီ မှာလည်း ပုံမှန် ကစားခွင့် ရရှိနေတာပါ။


ဂျူဗင်တပ်စ်ကို ကျော်ဖြတ်နိုင်မယ်လို့ ဖရိုင်းဘတ် နည်းပြ ယုံကြည်

ယူရိုပါလိဂ် ၁၆ သင်း အဆင့်မှာ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် အခွင့်အရေး ရလိမ့်မယ်လို့ ဘွန်ဒက်လီဂါ ကလပ် ဖရိုင်းဘတ် နည်းပြ ခရစ္စတီယန် စထရစ်ချ်က ပြောဆိုလိုက်ပါတယ်။ ဒီပွဲ ကိုတော့ မတ်လ ၈ ရက်နေ့မှာ တူရင်၊ မတ်လ ၁၆ ရက်နေ့မှာ ဂျာမနီမှာ အသီးသီး ကစားကြမှာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ် အသင်းရဲ့ တာဝန်ရှိသူ တစ်ဦး ဖြစ်တဲ့ ဂီအန် လူကာပက်ဆိုတို ကလည်း “ ကျနော်တို့ တောင့်တင်းတဲ့ အသင်းနဲ့ ရင်ဆိုင်ရတာပါ၊ အုပ်စုတွင်း မှာလည်း ဖရိုင်းဘတ်က ရှုံးပွဲ မရှိခဲ့ပါဘူး၊ နန့်စ် အပါအဝင် အသင်း အများအပြားကို အနိုင်ယူခဲ့တဲ့ အသင်းပါ၊ ဖရိုင်းဘတ်က အရမ်းကို သတိထားရမယ့် ပြိုင်ဘက် ဖြစ်ပါတယ်” လို့ ချီးကျူးခဲ့ပါတယ်။

ဒီရာသီ ယူရိုပါလိဂ်မှာ ဖရိုင်းဘတ်က တစ်ပွဲတည်းသာ အရေးနိမ့်ခဲ့ပြီး အုပ်စုတွင်းမှာ ၄ ပွဲ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘွန်ဒက်လီဂါ မှာတော့ လတ်တလော ရလဒ်တွေ ဆိုးရွားနေပြီး ကမ္ဘာ့ဖလား အပြီး ကစားခဲ့တဲ့ ပွဲတွေမှာ ၄ ပွဲ အထိ အရေးနိမ့်ခဲ့ကာ ၂ ပွဲသာ အနိုင်ရထားပါတယ်။ ဒါပေမယ့် သူတို့ အသင်း နည်းပြ ကတော့ ဂျူဗီကို ရင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်