ဒေါ့မန်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ယူထားနိုင်ခဲ့တဲ့ ကာမာဒါ၊ ဘယ်လင်ဂမ် အတွက် ပေါင် ၁၃၂ သန်း အထိ တန်ဖိုး သတ်မှတ်ထားတဲ့ ဒေါ့မန် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒေါ့မန်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ယူထားနိုင်ခဲ့တဲ့ ကာမာဒါ
ဘွန်ဒက်လီဂါ ကလပ် ဖရန့်ဖတ် အသင်းရဲ့ ဂျပန်ကစားသမား ဒိုင်ချီ ကာမာဒါဟာ လိဂ် ပြိုင်ဘက် ဒေါ့မန် အသင်းဆီကို ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိသွားခဲ့ပါပြီ။ သူဟာ ၅ နှစ် စာချုပ်ချုပ်ဆိုမှာ ဖြစ်ပြီး လုပ်ခ လစာအနေနဲ့ တနှစ်ကို ယူရို ၅.၅ သန်း ကနေ ၆ သန်း အထိ ရမယ်လို့လည်း သိရပါတယ်။
ကာမာဒါဟာ ၂၀၁၇ မှာ ဆာဂန်တုဆု ကနေ ဖရန့်ဖတ်ကို ယူရို ၁.၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဒီရာသီမှာ ပွဲပေါင်း ၃၀ ကစားပေးပြီး ၁၃ ဂိုးသွင်းကာ ၅ ကြိမ် ဖန်တီးပြီး ခြေစွမ်းပြနေတာပါ။ ဒါကြောင့်လည်း သူ့ကို ဒေါ့မန်က အလိုရှိနေခဲ့ပြီး ဖရန့်ဖတ်နဲ့ အတူ ဂျာမန်ပိုကယ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေ ရယူနိုင်ခဲ့တဲ့ သူကို အရ ခေါ်ယူနိုင်ခဲ့ပါတယ်။
ကာမာဒါ အပြင် ဒေါ့မန်က ဘိုရပ်ရှား မိုချန်ဂလာဘတ် အသင်းက ဘယ်နောက်ခံလူ ရမ်မီ ဘန်ဆီ ဘိုင်နီ ကိုလည်း အကြို သဘောတူညီမှု ရယူထားနိုင်ပါတယ်။ ကာမာဒါက ဗဟိုကွင်းလယ်လူ ဖြစ်ပြီး တိုက်စစ်ပိုင်းကို ပိုမိုလိုက်ပါ ကစားနိုင်ကာ ရာသီကုန်မှာ ဒေါ့မန်က ထွက်ခွာမယ့် မာမော့ဒ် ဒါဟော့ဒ် နေရာ အတွက် အစားထိုးသွားမှာ ဖြစ်ပါတယ်။
အေဂျက်ဇ်ကို အံ့အားသင့်ဖွယ်ရာ အနိုင်ယူခဲ့တဲ့ ယူနီယံဘာလင်
ဂျာမန် ဘွန်ဒက်လီဂါ ကလပ် ယူနီယံဘာလင် ကတော့ ယူရိုပါလိဂ် ပလေးအော့ဖ်မှာ သူတို့ထက် ဥရောပ အတွေ့အကြုံ ကြွယ်၀တဲ့ ဟော်လန် ကလပ် အေဂျက်ဇ်ကို အနိုင်ကစားပြီး နောက်တဆင့် တက်သွားခဲ့ပါပြီ။ ပထမအကျော့မှာ ဂိုးမရှိ သရေကျခဲ့ပေမယ့် ဂျာမန်မြေ မှာတော့ ယူနီယံဘာလင်က ၃-၁ နဲ့ အနိုင်ကစားသွားခဲ့တာပါ။
ဒါဟာ ဥရောပမှာ ဆိုရင် အစဉ်အလာအားဖြင့် မသေးငယ်ဘဲ ဂုဏ်သိက္ခာ ကြီးမားတဲ့ အေဂျက်ဇ်ကို လှလှပပ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ယူနီယံဘာလင်က ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီး အိမ်ကွင်းမှာ အသာစီး ကစားနိုင်ခဲ့ကာ ပြောင်မြောက်တဲ့ နိုင်ပွဲ တစ်ပွဲကို ရယူသွားနိုင်ခဲ့ပြီး ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ယူနီယံဘာလင်က ဂျာမန် ဘွန်ဒက်လီဂါ မှာလည်း ရမှတ် ၄၃ မှတ် ရရှိထားပြီး ဘေယန်မြူးနစ်၊ ဒေါ့မန် တို့နဲ့ ရမှတ်တူကာ အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဒီရာသီ စွမ်းဆောင်ရည် ကတော့ တကယ်ကို အံ့အားသင့်ဖွယ်ရာ ဖြစ်နေပြီး ပြီးခဲ့တဲ့ ရာသီက ဖရန့်ဖတ်တို့ ယူရိုပါလိဂ်ဖလား ဆွတ်ခူး အပြီး ယူနီယံဘာလင် ကပါ မထင်မှတ်ဘဲ ရယူနိုင်မလား စောင့်ကြည့်ရပါတော့မယ်။
ဘယ်လင်ဂမ် အတွက် ပေါင် ၁၃၂ သန်းအထိ တန်ဖိုး သတ်မှတ်ထားတဲ့ ဒေါ့မန်
ဘွန်ဒက်လီဂါ ကလပ် ဒေါ့မန် ကတော့ သူတို့ အသင်းရဲ့ ကစားသမား ဂျူ့ဒ် ဘယ်လင်ဂမ်ရဲ့ တန်ဖိုးကို ပေါင် ၁၃၂ သန်း အထိ သတ်မှတ်ဖို့ ရှိနေပါတယ်။ ဥရောပထိပ်သီး အသင်းကြီး အားလုံးက အလိုရှိနေတဲ့ အင်္ဂလန် ကြယ်ပွင့်ကို သူတို့က လွယ်လွယ်နဲ့ လက်လွှတ်ခံမှာ မဟုတ်ဘဲ အသင်း ကနေ ထွက်ခွာခွင့်ပေးရမယ် ဆိုရင်တောင်မှ မြင့်မားတဲ့ တန်ဖိုးကို ရယူပြီးမှ လက်လွှတ်ခံမယ့် သဘောလည်း ဖြစ်ပါတယ်။
လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့က သူ့ကို စိတ်ဝင်စားနေလို့လည်း ဒေ့ါမန် အတွက်တော့ အသင်းမှာ ဆက်ထိန်းထားဖို့က မလွယ်ကူလှပါဘူး။ ဘာမင်ဂမ်စီးတီး ကနေ ဒေါ့မန်ကို ရောက်လာပြီး ကတည်းက ဘယ်လင်ဂမ် ကလည်း ခြေစွမ်းပြနေတာ ဖြစ်ပြီး အခုဆို အသင်းခေါင်းဆောင် အဖြစ်နဲ့ပါ တာဝန်ယူရတဲ့ ပွဲတွေ ရှိလာခဲ့ပါတယ်။
အင်္ဂလန် ကစားသမားဟာ ဒေါ့မန် အတွက် ၁၁၉ ပွဲ ကစားပေးထားပြီး ဂိုးပေါင်း ၂၀ သွင်းကာ ၂၄ ကြိမ် အထိ ဖန်တီးပေးထားပါတယ်။ ဒီရာသီ မှာတော့ သူက ၂၉ ပွဲ ကစားပြီး ၁၀ ဂိုးသွင်းကာ ၆ ကြိမ် ဖန်တီးပေးထားပါတယ်။ ဒေါ့မန်ရဲ့ ဘယ်လင်ဂမ်ကို သတ်မှတ်မယ့် စျေးနှုန်က အရမ်းများပြားလို့လည်း တော်ရုံ အသင်းတွေ လက်ရှောင်ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.