သူတစ်ပါး အသက်ကို ကယ်ဆယ်ပေးခဲ့ပြီးနောက် အနားယူရမယ့် လိုက်ပ်ဇစ် အသင်းခေါင်းဆောင်၊ ဘွန်ဒက်စ်လီဂါမှာ ရင်းနှီးမြှုပ်နှံဖို့ အမေရိကန် စီးပွားရေးသမားတွေ စိတ်ဝင်စားနေ စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
သူတစ်ပါး အသက်ကို ကယ်ဆယ်ပေးခဲ့ပြီးနောက် အနားယူရမယ့် လိုက်ပ်ဇစ် အသင်းခေါင်းဆောင်
အဆိုပါ ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ အသင်းခေါင်းဆောင်ဟာ လာမယ့် အပတ် စနေနေ့မှာ ကစားမယ့် ယူနီယံဘာလင်နဲ့ ပွဲကို သေချာပေါက် လွဲချော်မှာ ဖြစ်ပါတယ်။
ဟော့ဖန်းဟိမ်း နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ဟာဆန် ဟက်တဲလ်
ဆောက်သမ်တန် နည်းပြဟောင်း ရပ်ဖ် ဟာဆန်ဟက်တဲလ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဟော့ဖန်းဟိမ်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေကြောင်း သိရပါတယ်။
ဟာဆန်ဟက်တဲလ်ဟာ လိဒ်စ်ယူနိုက်တက်ကို ကိုင်တွယ်ဖို့လည်း သတင်းထွက်ခဲ့ပေမယ့် ဟော့ဖန်းဟိမ်းကို ကိုင်တွယ်ဖို့ အဆုံးသတ် ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။
ဘွန်ဒက်စ်လီဂါမှာ ရင်းနှီးမြှုပ်နှံဖို့ အမေရိကန် စီးပွားရေးသမားတွေ စိတ်ဝင်စားနေ
Sixth Street အပါအဝင် အဆိုပါ ရင်းနှီးမြှုပ်နှံသူတွေဟာ ဘွန်ဒက်စ်လီဂါ မူပိုင်ခွင့်ကို ယူရို (၁၈) ဘီလီယံ တန်ကြေးနဲ့ ဝယ်ယူလိုနေပြီး ဒါဟာ နည်းပါးတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်နေသည့်တိုင် ဂျာမန် ကလပ်တွေ အကြား ဘဏ္ဍာရေး ကွာဟမှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီသတင်းအပေါ် မှာတော့ ဘွန်ဒက်စ်လီဂါ ဘက်ကရော၊ Sixth Street ဘက်ကပါ တစ်စုံတစ်ရာ တုံ့ပြန်ထားခြင်း မရှိသေးပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.