နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဇို ဖာနန်ဒက်ဇ်ကို ဗြိတိန် စံချိန်တင်ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ချဲလ်ဆီး, ဘေယန်က ဆဘစ်ဇာကို အငှားနဲ့ ခေါ်လိုက်တဲ့ ယူနိုက်တက် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဒီတစ်ခါ မှာတော့ အန်ဇို ဖာနန်ဒက်ဇ်ကို ဗြိတိန် စံချိန်တင်ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ချဲလ်ဆီး, ဘေယန်က ဆဘစ်ဇာကို အငှားနဲ့ ခေါ်လိုက်တဲ့ ယူနိုက်တက် စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီးကို ရောက်လာတဲ့ အန်ဇို ဖာနန်ဒက်ဇ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း ကတော့ ဘင်ဖီကာ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေးပြီး ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးတို့ အပြောင်းအရွှေ့ နောက်ဆုံး ရက်မှာ အစွမ်းကုန် ကြိုးစားခဲ့ပြီးတော့ အန်ဇို ဖာနန်ဒက်ဇ်က ဆောင်းရာသီ အပြောင်းအရွှေ့မှာ လန်ဒန် ကလပ်ရဲ့ ၈ ဦးမြောက် ကစားသမားသစ် ခေါ်ယူမှုလည်း ဖြစ်လာခဲ့ပါတယ်။

အာဂျင်တီးနား ကွင်းလယ်လူကို ချဲလ်ဆီးက ၂၀၃၁ အထိ စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပြီး ကနဦးမှာ ပေါင်သန်း ၄၀ ပေးချေရမှာ ဖြစ်ပါတယ်။ ကျန်ငွေတွေ ကိုတော့ ၆ ကြိမ် အရစ်ကျ ခွဲသွင်းရမှာ ဖြစ်ပါတယ်။ စုစုပေါင်းအားဖြင့် ချဲလ်ဆီးတို့ အန်ဇို ဖာနန်ဒက်ဇ် အတွက် ပေါင် ၁၀၆ သန်း ကုန်ကျမှာ ဖြစ်ပြီး အာဂျင်တီးနား ကြယ်ပွင့်ဟာ ဗြိတိန် သမိုင်းမှာ ပြောင်းရွှေ့ကြေး အများဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းတွေအရ ချဲလ်ဆီး တောင်ပံကစားသမား ဇီယက်ချ် ကလည်း ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ရာသီကုန် အထိ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့် မပါဝင်ဘူးလို့ သိရပါတယ်။ ပီအက်စ်ဂျီက ဇီယက်ချ်ရဲ့ ကမ္ဘာ့ဖလားတုန်းက ခြေစွမ်းကို သဘောကျခဲ့သလို မော်ရိုကို တောင်ပံ ကစားသမား ကိုယ်တိုင် ကလည်း ပဲရစ် ကလပ် ကိုသာ ပြောင်းရွှေ့ချင်ခဲ့တယ်လို့ သိရပါတယ်။

ပရီးမီးယား လိဂ်
ချဲလ်ဆီး
ဖူလ်ဟမ်
1X2 ချဲလ်ဆီး @ 1.58
ဂိုးပေါ် 2.75 @ 2.17
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဝါရင့် ကစားသမား ၃ ဦးကို တပြိုင်တည်း ခေါ်ယူခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် နော်တင်ဟမ်ဖောရက်စ် အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက် မှာတော့ ကစားသမားသစ် ၃ ဦးကို တပြိုင်တည်း ခေါ်ယူသွားခဲ့ပါတယ်။ နယူးကာဆယ် ကွင်းလယ်လူ ဂျွန်ဂျို ရှဲလ်ဗီ၊ လာလီဂါ ကလပ် အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ နောက်ခံလူ ဖိလစ်ပီနဲ့ လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီရဲ့ ဂိုးသမား ကေလာ နာဗက်စ် တို့ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ရှဲလ်ဗီ ကိုတော့ ၂ နှစ်ခွဲ စာချုပ်၊ ဖိလစ်ပီကို ၂၀၂၄ ခုနှစ် အထိနဲ့ ကေလာ နာဗက်စ် ကိုတော့ ရာသီကုန် အထိ အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နော်တင်ဟမ်ဖောရက်စ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ အတွင်း မှာလည်း ကစားသမားသစ် ၆ ဦးအထိ ခေါ်ယူနိုင်ခဲ့ပြီး ရာသီအစမှာ ခေါ်ယူခဲ့တဲ့ သူတွေနဲ့ ပေါင်းလိုက်မယ် ဆိုရင်တော့ စုစုပေါင်း ၃၇ ယောက် အထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ် နည်းပြ စတိဗ် ကူးပါး ကတော့ အသင်းကို တန်းမဆင်းရအောင် စွမ်းဆောင်ပေးရမှာ ဖြစ်ပြီး အသင်း ဘက်က သူ့ကို လိုလေးသေး မရှိအောင် ဖြည့်ဆည်းပေးထားလို့ ဖိအားတွေတော့ ရှိနေနိုင်ပါတယ်။


ဘေယန်မြူးနစ် ကွင်းလယ်လူ ဆဘစ်ဇာကို အငှားနဲ့ ခေါ်ယူခဲ့တဲ့ ယူနိုက်တက်

ဒါ့အပြင် ယူနိုက်တက်က သူ့ရဲ့ အပြောင်းအရွှေ့ ကိုလည်း ပရီးမီးယားလိဂ်ဆီ အချိန်မီ တင်ပြနိုင်ခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း လက်ခံခဲ့တဲ့ ဆဘစ်ဇာ

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒဏ်ရာကြောင့် ၃ လလောက် အနားယူရတော့မယ့် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန် နေရာမှာ အစားထိုးဖို့ ဂျာမန် ဘွန်ဒက်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ ကွင်းလယ်လူ မာဆယ် ဆဘစ်ဇာကို ရာသီကုန် အထိ အငှားနဲ့ ခေါ်ယူလိုက်ပါတယ်။

အသက် ၂၈ နှစ် အရွယ် ဩစတြီးယား ကွင်းလယ်လူဟာ ယူနိုက်တက်ကို ပြောင်းဖို့ အလျင်အမြန်ပဲ သဘောတူခဲ့တာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာပဲ ဆဘစ်ဇာက မန်ချက်စတာကို ချက်ချင်း ထွက်ခွာလာခဲ့ပြီး ဆေးစစ်မှုတွေ၊ လက်မှတ် ရေးထိုးမှုတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က သူ့ရဲ့ အပြောင်းအရွှေ့ ကိုလည်း ပရီးမီးယားလိဂ်ဆီ အချိန်မီ တင်ပြနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဩစတြီးယား ကလပ် ရက်ဒ်ဘူး ဆဲလ်ဘာ့ဂျ်နဲ့ အတူ စတင် တောက်ပလာခဲ့တဲ့ ဆဘစ်ဇာ ကတော့ ကွင်းလယ် နေရာစုံမှာ ကစားနိုင်ပြီး လိုက်ပ်ဇစ်မှာ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ လိုက်ပ်ဇစ် အတွက် ၂၂၉ ပွဲ ကစားပေးခဲ့ပြီး ၅၂ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ပြီး တစ်ရာသီခွဲကြာ ကာလ အတွင်း ကစားခဲ့တဲ့ ၅၄ ပွဲမှာ ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်