နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟယ်ရီကိန်း အတွက် ငွေကြေး မတတ်နိုင်ဘူးလို့ ဆိုလိုက်တဲ့ ဘေယန်မြူးနစ် ဥက္ကဌဟောင်း၊ သမိုင်းဝင် စာချုပ်နဲ့ ဘယ်လင်ဟမ်ကို ကမ်းလှမ်းဖွယ် ရှိနေတဲ့‌ ဒေါ့မန် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဟယ်ရီကိန်း အတွက် ငွေကြေး မတတ်နိုင်ဘူးလို့ ဆိုလိုက်တဲ့ ဘေယန်မြူးနစ် ဥက္ကဌဟောင်း၊ သမိုင်းဝင် စာချုပ်နဲ့ ဘယ်လင်ဟမ်ကို ကမ်းလှမ်းဖွယ် ရှိနေတဲ့‌ ဒေါ့မန် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၆ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဟယ်ရီကိန်း အတွက် ငွေကြေး မတတ်နိုင်ဘူးလို့ ဘေယန်မြူးနစ် ဥက္ကဌဟောင်းပြော

ဘေယန်မြူးနစ်ရဲ့ ဥက္ကဌဟောင်း အူလီဟိုးနက်စ်က ဘွန်ဒက်စ်လီဂါ ဘီလူးကြီး အနေနဲ့ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ငွေကြေးတတ်နိုင်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

စီးရီးအေ
ဂျူဗင်တပ်စ်
AC မွန်းဇာ
1X2 သရေ @ 3.85
ဂျူဗင်တပ်စ် အာရှ ဟန်းဒီးကပ် -1.00 @ 2.01
ဂိုးပေါ် 2.50 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဟယ်ရီကိန်းဟာ ဘေယန်မြူးနစ်ရဲ့ ကာလရှည် ပစ်မှတ် ဖြစ်ခဲ့ပြီး လာမယ့် နွေရာသီ မှာလည်း အဆိုပါ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ 

ဒါပေမယ့် ဟယ်ရီကိန်း အတွက် စပါးက ပြောင်းရွှေ့ကြေး အနည်းဆုံး ပေါင်သန်း (၁၀၀) သတ်မှတ်ထားတာကြောင့် ဘေယန်မြူးနစ်တို့ ခေါ်ယူနိုင်မှာ မဟုတ်ကြောင်း အူလီဟိုးနက်စ်က ဖွင့်ဟခဲ့တာပါ။


သမိုင်းဝင် စာချုပ်နဲ့ ဘယ်လင်ဟမ်ကို ကမ်းလှမ်းဖွယ် ရှိနေတဲ့‌ ဒေါ့မန်

ဒေါ့မန်ဟာ သူတို့ရဲ့ ကွင်းလယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ်ကို အသင်းရဲ့ သမိုင်း တစ်လျှောက် လစာငွေ အများဆုံး ကစားသမား ဖြစ်လာစေနိုင်မယ့် စာချုပ်သစ် တစ်ရပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

အသက် (၁၉) နှစ် အရွယ် အဆိုပါ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ဟာ လာမယ့် နွေရာသီမှာ ဒေါ့မန်ကို စွန့်ခွာဖို့ သတင်းတွေ ကျယ်လောင်စွာ ထွက်ပေါ်နေပါတယ်။
ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဘယ်လင်ဟမ်

အသက် (၁၉) နှစ် အရွယ် အဆိုပါ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ဟာ လာမယ့် နွေရာသီမှာ ဒေါ့မန်ကို စွန့်ခွာဖို့ သတင်းတွေ ကျယ်လောင်စွာ ထွက်ပေါ်နေပါတယ်။ 

ဒေါ့မန် ကတော့ သူတို့ရဲ့ အဓိက,ကစားသမားကို လက်လွှတ်ခံလိုခြင်း မရှိဘဲ တစ်နှစ် လုပ်ခ ပေါင်သန်း (၁၃၀) ကျော် တန်ဖိုးရှိ စာချုပ်သစ် တစ်ရပ်နဲ့ လာမယ့် (၂၀၂၆) အထိ စာချုပ် သက်တမ်းတိုးဖို့ ကြိုးစားလာနိုင်တယ်လို့ ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ 


ဖက်ရှင်ပွဲ သွားတက်လို့ ဝေဖန်ခံလိုက်ရတဲ့ ဘေယန်မြူးနစ် ကြယ်ပွင့်

ပဲရစ် မြို့မှာ ပြုလုပ်တဲ့ ဖက်ရှင်ပွဲကို သွားတက်ခဲ့တဲ့ ဘေယန်မြူးနစ် တောင်ပံကစားသမား ဆာ့ဂျ် ဂနာဘရီကို အသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်တဲ့ ဟာဆန် ဆာလီဟာမစ်ဇစ်က ဝေဖန် ပြောကြားလိုက်ပါတယ်။ 

ဂနာဘရီဟာ ကိုလုံးနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် မှာလည်း ခြေစွမ်း မပြနိုင်ခဲ့တာကြောင့် လူစားလဲခြင်း ခံခဲ့ရပါသေးတယ်။ 

အဆိုပါ ဂျာမန် ကြယ်ပွင့် ဖက်ရှင်ရှိုးပွဲ သွားတက်ခဲ့တဲ့ အပေါ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း ကလည်း ဒေါသထွက်နေသလို အသင်းရဲ့ အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်ကလည်း ဂနာဘရီဟာ အပျော်တမ်း ကစားသမား တစ်ယောက် လိုမျိုး ပြုမူခဲ့ကြောင်း ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်