နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းဟောင်းရဲ့ ငွေကြေးသုံးစွဲမှုကို ဝေဖန်လိုက်တဲ့ မော်ရင်ဟို၊ လက်စတာရဲ့ ပစ်မှတ်ကို ရောင်းချမှာ မဟုတ်ဘူးလို့ အကြောင်းပြန်လိုက်တဲ့ ဖီအိုရင်တီးနား (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အသင်းဟောင်းရဲ့ ငွေကြေးသုံးစွဲမှုကို ဝေဖန်လိုက်တဲ့ မော်ရင်ဟို၊ လက်စတာရဲ့ ပစ်မှတ်ကို ရောင်းချမှာ မဟုတ်ဘူးလို့ အကြောင်းပြန်လိုက်တဲ့ ဖီအိုရင်တီးနား စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၇ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အသင်းဟောင်းရဲ့ ငွေကြေးသုံးစွဲမှုကို မော်ရင်ဟို ဝေဖန်

ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုက အသင်းဟောင်း ချဲလ်ဆီး အနေနဲ့ ရှက်တာဒိုးနက် တိုက်စစ်ကစားသမား မီခိုင်လို မူဒရစ်ခ် အတွက် ပြောင်းရွှေ့ကြေး ပေါင် (၈၈) သန်း ပေးချေခဲ့တဲ့ အပေါ် ဝေဖန် ပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီးဟာ အာဆင်နယ်ရဲ့ အဆိုပါ ပစ်မှတ် ကစားသမားကို ငွေကြေး အင်အားနဲ့ ကြားဖြတ် ခေါ်ယူခဲ့တာ ဖြစ်ပြီး တော့ဒ်ဘိုလေ လက်ထက် ချဲလ်ဆီးရဲ့ ငွေကြေး သုံးစွဲမှုက ယူရိုသန်း (၄၀၀) ဝန်းကျင် ရှိလာခဲ့ပါတယ်။

ဒါပေမယ့် စီးရီးအေ ကလပ်ရဲ့ နည်းပြကြီး မော်ရင်ဟို ကတော့ ချဲလ်ဆီးကို သွယ်ဝိုက် ဝေဖန်ခဲ့တာ ဖြစ်ပြီး ရိုးမား အနေနဲ့ ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာ အတွက် ဖြေရှင်းနည်း ရှာရမယ် ဆိုပေမယ့် မူဒရစ်ခ် ကိုတော့ ပေါင်သန်း (၉၀) အထိ ပေးပြီး ခေါ်ယူမှာ မဟုတ်ကြောင်း သွယ်ဝိုက် ထိုးနှက်သွားခဲ့တာ ဖြစ်ပါတယ်။


လက်စတာရဲ့ ပစ်မှတ်ကို ရောင်းချမှာ မဟုတ်ကြောင်း ဖီအိုရင်တီးနား အကြောင်းပြန်

စီးရီးအေ ကလပ် ဖီအိုရင်တီးနားဟာ သူတို့ရဲ့ တိုက်စစ် ကစားသမား နီကိုးလပ်စ် ဂွန်ဇာလက်ဇ်ကို ရောင်းချသွားမှာ မဟုတ်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။
နီကိုလပ်စ် ဂွန်ဇာလက်ဇ်ကို ပေါင်သန်း ၃၀ ပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ လက်စတာစီးတီး

စီးရီးအေ ကလပ် ဖီအိုရင်တီးနားဟာ သူတို့ရဲ့ တိုက်စစ် ကစားသမား နီကိုးလပ်စ် ဂွန်ဇာလက်ဇ်ကို ရောင်းချသွားမှာ မဟုတ်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။
အဆိုပါ ကြယ်ပွင့်ကို လက်စတာစီးတီးက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း (၃၀) ပေးချေသွားဖို့ ပြင်ဆင်နေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် အသက် (၂၄) နှစ် အရွယ် အဆိုပါ အာဂျင်တီးနား ကစားသမားကို ဖီအိုရင်တီးနား ဘက်က အသင်းမှာ ဆက်ထိန်းထားဖို့သာ ဆန္ဒရှိနေပြီး ရောင်းချမှာမဟုတ်ကြောင်း လက်စတာထံ အကြောင်းပြန်ခဲ့တယ်လို့ သိရှိရပါတယ်။

စီးရီးအေ
ဖီအိုရင်တီးနား
တိုရီနို
1X2 သရေ (Draw) @ 3.20
ဂိုးပေါ် 2.50@ 2.23
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အေစီမီလန် စီးရီးအေ ချန်ပီယံ ဖြစ်နိုင်သေးကြောင်း ဘန်နက်ဆာ ပြောကြား

အေစီမီလန်ကွင်းလယ်လူ အစ္စမေးလ် ဘန်နက်ဆာက အသင်း အနေနဲ့ ဒီရာသီ မှာလည်း စီးရီးအေ ချန်ပီယံဆုကို ကာကွယ်နိုင်သေးကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
အေစီမီလန်ဟာ ဒီတစ်ပတ် ကစားခဲ့တဲ့ လက်ချီနဲ့ စီးရီးအေ အဝေးကွင်း ပွဲစဥ်မှာ နှစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ဦးဆောင်သူ နာပိုလီနဲ့ (၉) မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘန်နက်ဆာက အသင်း အနေနဲ့ အမှတ်ပေး ချန်ပီယံဆု ဆွတ်ခူးဖို့ ယုံကြည်ချက် ရှိနေဆဲ ဖြစ်ကြောင်းနဲ့ နောက်ဆုံး အချိန်အထိ ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်