နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီးနဲ့ သဘောတူညီမှု ရခဲ့တဲ့ ယာအို ဖီးလစ်၊ ကစားသမားဘ၀က အနားယူသွားခဲ့တဲ့ ဘေးလ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ချဲလ်ဆီးနဲ့ သဘောတူညီမှု ရခဲ့တဲ့ ယာအို ဖီးလစ်၊ ကစားသမားဘ၀က အနားယူသွားခဲ့တဲ့ ဘေးလ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၀ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချဲလ်ဆီးနဲ့ သဘောတူညီမှု ရခဲ့တဲ့ ယာအို ဖီးလစ်

အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ တိုက်စစ်မှူး ယာအို ဖီးလစ် ကတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ် တို့ကလည်း သူ့ကို စိတ်ဝင်စားခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ချဲလ်ဆီးကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

အပြီးသတ် ဝယ်ယူဖို့ သဘောတူညီချက်တော့ မပါဝင်ဘူးလို့ သိရပြီး အငှားခေါ်ယူမှု အတွက် ချဲလ်ဆီးက ချိုသာတဲ့ စျေးနှုန်းသာ ပေးချေရမှာလည်း ဖြစ်ပါတယ်။ ရလဒ်တွေ ဆိုးရွားနေပြီး တိုက်စစ်ပိုင်း မှာလည်း အခက်အခဲတွေ ရှိနေတဲ့ ချဲလ်ဆီးက ယာအို ဖီးလစ် အတွက်အချိန်တို အတွင်းမှာပဲ လှုပ်ရှားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မကြာခင်မှာ အပြောင်းအရွှေ့ကို အပြီးသတ် ကြေညာနိုင်မယ်လို့ သိရပြီး ပေါ်တူဂီ ကြယ်ပွင့်က ချဲလ်ဆီး ကစားသမားသစ် ဖြစ်လာတော့မှာပါ။ နှစ်ဖက်အသင်းက အတည်ပြုထားခြင်း မရှိသေးပေမယ့်လည်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကလည်း ဒီသတင်းကို ဖော်ပြထားတဲ့ အတွက် သေချာသလောက် ရှိနေပြီလို့ ယုံကြည်ရပါတယ်။


ကစားသမားဘ၀က အနားယူသွားခဲ့တဲ့ ဂါရတ်သ် ဘေးလ်

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်စပါးနဲ့ စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် တို့မှာ အောင်မြင် ကျော်ကြားခဲ့တဲ့ ဝေးလ်စ် တောင်ပံကစားသမားကြီး ဂါရတ်သ် ဘေးလ်ကတော့ ကစားသမား ဘ၀ ကနေ အနားယူသွားခဲ့ပါပြီ။ မနေ့ကပဲ သူ့ရဲ့ အနားယူမှုသတင်းကို အတည်ပြုကြေညာခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလားအပြီးမှာ သူ့ အနာဂတ်ကို ဆုံးဖြတ်ခဲ့တာပါ။ 

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်စပါးနဲ့ စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် တို့မှာ အောင်မြင် ကျော်ကြားခဲ့တဲ့ ဝေးလ်စ် တောင်ပံကစားသမားကြီး ဂါရတ်သ် ဘေးလ်ကတော့ ကစားသမား ဘ၀ ကနေ အနားယူသွားခဲ့ပါပြီ။
အသက် ၃၃ နှစ် အရွယ်မျှာတင် ကစားသမား ဘဝ ကနေ အနားယူသွားခဲ့တဲ့ ဘေးလ်

အသက် ၃၃ နှစ် အရွယ်သာ ရှိနေသေးပြီး မေဂျာလိဂ် ကလပ် LAFC မှာ နောက်ဆုံး ကစားခဲ့ကာ ဆုဖလား ရယူနိုင်ခဲ့တဲ့ ဘေးလ်က အံ့အားသင့်ဖွယ်ရာ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။ ကစားသမားဘ၀နှောင်းပိုင်းမှာ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်ရမှု၊ ခြေစွမ်းပိုင်း ကျဆင်းလာမှုတွေကြောင့် ပုံမှန် ခြေစွမ်း မပြသနိုင်တော့တဲ့ အဖြစ်ကြောင့် အနားယူလိုက်တာ လို့လည်း ယူဆရပါတယ်။ 

ဘေးလ်ဟာ ဆောက်သမ်တန်မှာ စတင် ကျော်ကြားခဲ့ပြီး စပါးကို ပြောင်းရွှေ့ပြီးနောက် ပိုမို ထင်ရှားခဲ့ကာ ရီးရဲလ်မက်ဒရစ်ကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်မှာ ချန်ပီယံလိဂ် ဖလား ၅ လုံး အပါအဝင် အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပြီး ထိပ်တန်းအဆင့်ကစားသမား တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်နိုင်ခဲ့ပါတယ်။


ဟူဂိုလိုရစ်လည်း လက်ရွေးစင် ကစားသမားဘ၀ ကနေ အနားယူ

တော့တင်ဟမ်ဟော့စပါး အသင်းရဲ့ ဝါရင့်ဂိုးသမား ဟူဂို လိုရစ်ဟာ ပြင်သစ်လက်ရွေးစင် အသင်း ကနေ အနားယူလိုက်ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ပြင်သစ်နဲ့အတူ နှစ်ကြိမ်ဆက် တက်ရောက်နိုင်ခဲ့ပြီးနောက် လိုရစ်က အနားယူခဲ့တာ ဖြစ်ပြီး အသက် ၃၅ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ သူ့အတွက် ကလပ် အသင်းကိုပဲ အာရုံစိုက်ဖို့ သင့်တော်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ 

ပရီးမီးယား လိဂ်
လီဗာပူးလ်
ချဲလ်ဆီး
1X2 ချဲလ်ဆီး @ 3.90
ချဲလ်ဆီး အာရှ ဟန်းဒီးကပ် +0.50 @ 2.14
ဂိုးပေါ် 2.75 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လိုရစ်ဟာ ပြင်သစ် အသင်း ဂိုးပေါက်ကို ကာလရှည် စောင့်ကြပ်ပေးခဲ့သူ ဖြစ်ပြီး နည်းပြ ဒက်ရွှမ့်စ်ရဲ့ အားကိုးရတဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ စပါးမှာလည်း အဓိက ဂိုးသမား အဖြစ် ပွဲထွက်ခွင့် ရနေခဲ့ပြီး ကစားသမားဘ၀ကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ကာ ပြင်သစ် ကတော့ ဂိုးသမား နေရာ အတွက် သွေးသစ်လောင်းရတော့မှာ ဖြစ်ပါတယ်။

လိုရစ်က ပြင်သစ်နဲ့ အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပြီး ကလပ်ကစားသမား ဘ၀ မှာတော့ အောင်မြင်မှု နည်းပါးသူ ဖြစ်ပါတယ်။ ထင်မှတ်မထားတဲ့ အမှားတွေကို ကျူးလွန်တတ်သူ အဖြစ်နဲ့လည်း ပရိသတ်တွေ အကြားမှာ ထင်ရှားပေမယ့် သူ့ရဲ့ ဂိုးပေါက် ကာကွယ်နိုင်တဲ့ စွမ်းရည် ကလည်း ထိပ်တန်းအဆင့်မှာ ရှိနေခဲ့သူဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်