နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖရန့်ဖတ် တိုက်စစ်မှူးကို ခေါ်ယူဖို့ ခက်ခဲမယ့် ယူနိုက်တက်၊ ဒေါ့မန်နဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေတဲ့ ဟော်လာ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဖရန့်ဖတ် တိုက်စစ်မှူးကို ခေါ်ယူဖို့ ခက်ခဲမယ့် ယူနိုက်တက်၊ ဒေါ့မန်နဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေတဲ့ ဟော်လာ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၃ ရက်နေ့ရဲ့ နောက်ဆုံးရ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဖရန့်ဖတ် တိုက်စစ်မှူးကို ခေါ်ယူဖို့ ခက်ခဲမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ်ရဲ့ တိုက်စစ်မှူး ရန်ဒယ် ကိုလို မူအာနီကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

ဒါပေမယ့် နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ကတော့ ဒီကစားသမားကို ယူနိုက်တက်တို့ ခေါ်ယူဖို့ ခက်ခဲနိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။

မူအာနီဟာ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားမှာ ပြင်သစ် လက်ရွေးစင်အသင်း အတွက် ပါဝင် ကစားခွင့်ရခဲ့တဲ့နောက် အခုလိုပဲ ယူနိုက်တက်နဲ့ သတင်းတွေထွက်ပေါ်လာတာပါ။ 

ဒါပေမယ့် ဖရန့်ဖတ် ဘက်က မူအာနီ အတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ယူရိုသန်း (၇၀) သတ်မှတ်ထားပြီး ရောင်းချဖို့လည်း ဆန္ဒမရှိတာကြောင့် ယူနိုက်တက်တို့ လာမယ့် နွေရာသီမှသာ ဒီကစားသမား အတွက် ပြန်လည် ကြိုးစားဖွယ် ရှိပါတယ်။ 


ဒေါ့မန်နဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်တဲ့ ဟော်လာ

ဟော်လာဟာ လက်ရှိအချိန်ထိ ဘွန်ဒက်စ်လီဂါ အသင်း အတွက် တစ်ပွဲမှ ပါဝင်ကစားထားရခြင်း မရှိသေးပဲ ပြီးခဲ့တဲ့ နွေရာသီရဲ့ ရာသီကြို ခြေစမ်းပွဲ မှာတည်းက ဟော်လာကို လက်လွှတ်ခဲ့ထားခဲ့ရတာ ဖြစ်ပါတယ်။။
ရာသီ အစကတည်းက ဆီးကျိတ်ရောဂါကြောင့် အနားယူနေရတဲ့ ဟော်လာ

ပြီးခဲ့တဲ့ နွေရာသီမှာ ဆီးကျိတ် ကင်ဆာကြောင့် အနားယူနေရတဲ့ ဒေါ့မန် တိုက်စစ်မှူး ဆီဘက်စတီယန် ဟော်လာဟာ လက်ရှိအချိန် မှာတော့ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။

ဟော်လာဟာ လက်ရှိအချိန်ထိ ဘွန်ဒက်စ်လီဂါ အသင်း အတွက် တစ်ပွဲမှ ပါဝင်ကစားထားရခြင်း မရှိသေးပဲ ပြီးခဲ့တဲ့ နွေရာသီရဲ့ ရာသီကြို ခြေစမ်းပွဲ မှာတည်းက ဟော်လာကို လက်လွှတ်ခဲ့ထားခဲ့ရတာ ဖြစ်ပါတယ်။။

ဟော်လာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အေဂျက်စ် ကနေ ဒေါ့မန်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အသင်းကို ရောက်ရောက်ချင်း မှာတင်ပဲ ဆီးကျိတ်ကင်ဆာ ခံစားခဲ့ရတာကြောင့် အခုချိန်အထိ အနားယူနေခဲ့ရတာလည်း ဖြစ်ပါတယ်။


ဒိန်းမတ် ကြယ်ပွင့် ဒိုလ်ဘာ့ချ်ကို ခေါ်ယူလိုက်တဲ့ ဟော့ဖန်းဟိမ်း

ဘွန်ဒက်စ်လီဂါ ကလပ် ဟော့ဖန်းဟိမ်းဟာ သတင်းတွေ ထွက်‌ပေါ်ခဲ့တဲ့ အတိုင်းပဲ ဒိန်းမတ် လက်ရွေးစင် ကြယ်ပွင့် ကက်စ်ပါ ဒိုလ်ဘာ့ချ်ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ 

ဒိုလ်ဘာ့ချ်ဟာ ဒီရာသီ အစောပိုင်းမှာ ဆီဗီလာကို အငှားနဲ့ သွားရောက်ကစားခဲ့သူပါ။ ဒါပေမယ့် ပုံမှန် ပွဲထွက်ခွင့်မရတာကြောင့် တစ်ရာသီ အငှားစာချုပ်ကို ရာသီဝက်နဲ့ ဖျက်သိမ်းခဲ့ရပါတယ်။  

အသက် (၂၅) နှစ် အရွယ် ဒီကစားသမားဟာ မိခင်ကလပ် နိုက်စ် ကိုလည်း ပြန်မသွားတော့ဘဲ အခုလိုမျိုး ဟော့ဖန်းဟိမ်းကို ရာသီကုန်အထိ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်