နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၂ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး ကွင်းလယ် ဖန်တီးရှင် ၅ ဦး

၂၀၂၂ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး ဂိုးသမား ၅ ဦးနဲ့ ခံစစ်မှူး ၅ ဦးကို ရွေးချယ်ပေးပြီးတဲ့ နောက်မှာတော့ ကွင်းလယ် ကစားသမား ၅ ဦးကို ထပ်မံ ရွေးချယ် ဖော်ပြပေးချင်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ကတော့ ကွင်းလယ် ကစားသမားတွေ တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့ကြတဲ့ ပြိုင်ပွဲ လို့တောင် ပြောလို့ ရပါတယ်။ အောင်မြင်မှု ရခဲ့တဲ့ အသင်းတိုင်း ထူးချွန်တဲ့ ကွင်းလယ် ကစားသမား ကိုယ်စီ ပိုင်ဆိုင်ခဲ့ကြပြီး အဲ့ဒီထဲကမှ ဘယ်သူတွေက အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သလဲ ဆိုတာ ကြည့်ရအောင်ပါ။


အလက်ဆစ် မက်အဲလစ္စတာ (အာဂျင်တီးနား)

လီယွန်နယ် မက်ဆီလို ထာဝရ အကောင်းဆုံး ကစားသမား တစ်ဦးနဲ့ တွဲဖက် ကစားရတယ် ဆိုတာ လွယ်ကူတဲ့ ကိစ္စ တစ်ခု မဟုတ်သလို အခန့်မသင့်ရင် ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေပါ အလိုလို မှေးမှိန်သွားနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို အခြေအနေတွေ အောက်ကနေ မက် အဲလစ္စတာ ကတော့ ရုန်းထွက်ပြနိုင်ခဲ့ပါတယ်။ ဆော်ဒီနဲ့ပွဲက လွဲလို့ အာဂျင်တီးနား ကစားခဲ့တဲ့ ပွဲစဉ်တိုင်းလိုလို ပါဝင်ခွင့်ရခဲ့တဲ့ ဒီဘရိုက်တန် ကစားသမားဟာ ပိုလန်နဲ့ ပွဲမှာ ၁ ဂိုးသွင်းပြီး ဗိုလ်လုပွဲ မှာတော့ ဒီမာရီယာ ဂိုးသွင်းဖို့ ဖန်တီးပေးခဲ့ပါတယ်။ ကာတာမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ အသက် ၂၃ နှစ် အရွယ် အာဂျင်တီးနားသား ကတော့ ပရီးမီးယားလိဂ် ထိပ်သီး ၆ သင်းက မဟုတ်တဲ့ ရေပန်းအစားဆုံး ကွင်းလယ်လူ အဖြစ် သတ်မှတ်ခံထားရပြီလည်း ဖြစ်ပါတယ်။


လူကာ မိုဒရစ် (ခရိုအေးရှား)

ပရီးမီးယား လိဂ်
အက်စတန် ဗီလာ
လီဗာပူးလ်
1X2 သရေ (Draw) @ 3.95
ဂိုးအောက် 2.75 @ 2.13
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.12
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လူကာ မိုဒရစ် အနေနဲ့ သူ့ရဲ့ ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ခရိုအေးရှား ပါဝင် ဆင်နွှဲခဲ့ချိန်မှာ အားလုံးကို အံ့အားသင့်စေခဲ့ပြန်တယ်လို့ပဲ ဆိုရပါမယ်။ အသက် ၃၇ နှစ် အရွယ် ရီးရဲလ်မက်ဒရစ် ကွင်းလယ် ဖန်တီးရှင်ဟာ အသက်အရွယ်နဲ့ မလိုက်အောင် ခရိုအေးရှား အသင်းကို အကောင်းဆုံး မောင်းနှင်ပေးနိုင်ခဲ့ပြီး တတိယဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့သူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဘောလုံးအမြင် စူးရှမှု၊ ပွဲကို ထိန်းချုပ်နိုင်မှု၊ ပြေးအား၊ တိုးအားတွေက အခုအချိန်ထိ အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ မိုဒရစ် အနေနဲ့ လာမယ့် နေးရှင်းလိဂ် ပြိုင်ပွဲ မတိုင်ခင် အထိ ကစားသမားဘဝ ကနေ အနားယူမယ့် ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။


ဆိုဖရန် အမ်မရာဘတ် (မော်ရိုကို)

ဒီစာရင်းမှာ မော်ရိုကို ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ် ကိုလည်း မဖြစ်မနေ ထည့်ထားဖို့ လိုပါတယ်။ အသက် ၂၆ နှစ် အရွယ် ဖီအိုရင်တီးနား ကွင်းလယ်လူဟာ မော်ရိုကို,ကို အာဖရိက အသင်းတွေထဲမှာ ပထမဦးဆုံး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် တက်ခဲ့တဲ့ အသင်း အဖြစ် ဂုဏ်ယူရစေဖို့ တစ်ထောင့်တစ်နေရာက ထမ်းပိုးပေးခဲ့သူလည်း ဖြစ်ပါတယ်။ ပြင်သစ် သမ္မတ ကိုယ်တိုင် မော်ရိုကို အဝတ်လဲခန်းထဲ အထိ လာရောက် ချီးကျူး ဂုဏ်ပြုခဲ့ရတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ အမ်မရာဘတ် ကိုတော့ အခုလောလောဆယ် ခေါ်ယူချင်တဲ့ ကလပ်တွေ တန်းစီနေပြီလို့ သိရပါတယ်။ တော့တင်ဟမ်ဟော့စပါး အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလက အမ်မရာဘတ်ကို ခေါ်ယူခဲ့တယ် ဆိုပြီး ကောလာဟလတွေ ထွက်ပေါ်ခဲ့တာကြောင့် အသင်း ပရိသတ်တွေရဲ့ ဝေဖန် ပြစ်တင်ခြင်းကို ခံခဲ့ရပါသေးတယ်။ သေချာတာက လက်ရှိ အမ်မရာဘတ်ရဲ့ ခြေစွမ်းကို မြင်ရင် မြောက်လန်ဒန် ကလပ်ရဲ့ ပရိသတ်တွေ ကြိတ်ပြီး နှမြောနေမယ် ဆိုတာပါပဲ။


အန်တွမ် ဂရစ်ဇ်မန်း (ပြင်သစ်)

ဂရစ်ဇ်မန်း တစ်ယောက် ဒီနှစ် ကမ္ဘာ့ဖလား မှာတော့ သွင်းဂိုး တစ်ဂိုးမှ မရခဲ့ပေမယ့် ပြင်သစ်ရဲ့ ထက်မြတ်တဲ့ တိုက်စစ် နောက်ကွယ် ကနေ အကောင်းဆုံး ပေးဆပ်သူ အဖြစ် ၃ ဂိုး ဖန်တီးပေးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်က စပြီး ပြင်သစ် လက်ရွေးစင် အသင်းမှာ တောက်လျောက် ပွဲထွက်ခွင့်ရခဲ့တဲ့ ဂရစ်ဇ်မန်း

ဘာစီလိုနာကို ပြောင်းပြီးနောက်ပိုင်း ပုံမှန် ခြေစွမ်း ပျောက်ဆုံးသွားတဲ့ အန်တွမ် ဂရစ်ဇ်မန်း ကတော့ ဒက်စ်ရွှမ့်စ်ရဲ့ ပြင်သစ် အသင်းမှာ ဆိုရင်တော့ မရှိမဖြစ် ကစားသမား ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ကနေ အခုချိန်ထိ လက်ရွေးစင် အသင်း အတွက် ပုံမှန် ပွဲထွက်ခွင့်ရခဲ့တဲ့ ဂရစ်ဇ်မန်းဟာ ပြင်သစ် အတွက် ပွဲပေါင်း ၁၁၇ ပွဲ ကစားပြီး ၄၂ ဂိုး သွင်းယူပေးထားပါတယ်။ ဂရစ်ဇ်မန်း တစ်ယောက် ဒီနှစ် ကမ္ဘာ့ဖလား မှာတော့ သွင်းဂိုး တစ်ဂိုးမှ မရခဲ့ပေမယ့် ပြင်သစ်ရဲ့ ထက်မြတ်တဲ့ တိုက်စစ် နောက်ကွယ် ကနေ အကောင်းဆုံး ပေးဆပ်သူ အဖြစ် ၃ ဂိုး ဖန်တီးပေးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အမ်ဘာပေးနဲ့ ဂျရူး တို့ရဲ့ တောက်ပမှုတွေကို ဂုဏ်ပြုခဲ့ကြသလို ဂရစ်ဇ်မန်း ကိုလည်း မမေ့ထားသင့်ပါဘူး။


အန်ဇို ဖာနန်ဒက်စ် (အာဂျင်တီးနား)

နောက်ထပ် ရွေးချယ်ရမယ့် ကွင်းလယ်လူ ကလည်း ချန်ပီယံ ဖြစ်သွားတဲ့ အာဂျင်တီးနား အသင်း ကပါပဲ။ အန်ဇို ဖာနန်ဒက်စ် ဖြစ်ပြီး ၂၁ နှစ်ပဲ ရှိသေးတဲ့ ဒီကစားသမားဟာ စီနီယာ ကစားသမားတွေနဲ့ အပြိုင် တည်တည်ငြိမ်ငြိမ် ခြေစွမ်းပြသွားခဲ့သူ ဖြစ်ပါတယ်။ ရှုံးထွက်အဆင့်က စပြီး အာဂျင်တီးနား အတွက် ပွဲချိန်ပြည့် ကစားခွင့်ရခဲ့တဲ့ အန်ဇို ဖာနန်ဒက်စ်ဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆု ရရှိခဲ့ပါတယ်။ ကျိန်းသေတာက ဒီကစားသမားလေး ကလည်း မကြာခင် အချိန်အတွင်း တန်ကြေး ထိုးတက်သွားဖို့ ရှိပြီး ဘင်ဖီကာ ကတော့ မျှော်လင့်ထားတာထက် ပိုပြီး အကျိုးအမြတ် ရဖို့ များနေခဲ့ပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်