နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန် – ပြင်သစ် | ၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် (ပွဲကြိုသုံးသပ်ချက်)

အင်္ဂလန် – ပြင်သစ်

ဒီဇင်ဘာ ၁၁ ရက်နေ့ ည ၁ နာရီခွဲ မှာတော့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ် ၄ အဖြစ် အင်္ဂလန်နဲ့ ပြင်သစ်တို့ ဆက်လက် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ တိုက်စစ် ထက်မြတ်နေပြီး ဂိုးမြူးနေတဲ့ နှစ်သင်း ကစားမယ့် ပွဲဖြစ်တာကြောင့် အပြန်အလှန် သွင်းဂိုးတွေနဲ့ အတူ ဖျော်ဖြေမှုရသ အပြည့်အဝ ပေးစွမ်းနိုင်တဲ့ ပွဲတစ်ပွဲကို အားပေးရဦးမှာ ဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံ ပြင်သစ်က ကမ္ဘာ့ဖလား မတိုင်ခင် တိုင်ပတ်ခဲ့ပေမယ့် တကယ်တမ်း ပြိုင်ပွဲစချိန်မှာတော့ ပုံစံကောင်းရနေတယ်လို့ ပြောလို့ ရပါတယ်။ ပြင်သစ်တို့ ကမ္ဘာ့ဖလား ၄ ပွဲ ကစားပြီးချိန်အထိ ရှုံးပွဲ ၁ ပွဲ ရှိထားပြီး ၃ ပွဲ နိုင်ထားသလို တစ်ပွဲကို ပျမ်းမျှ အနည်းဆုံး ၂ ဂိုး သွင်းထားပါတယ်။ ဩစတြေးလျ၊ ဒိန်းမတ်၊ ပိုလန် တို့လို ခြေစွမ်း မဆိုးလှတဲ့ အသင်းတွေကို အနိုင်ရခဲ့ပြီး တူနီးရှား ကို ရှုံးခဲ့တာ ကတော့ အမှတ်မလိုတော့လို့ ဖြစ်နိုင်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပိုလန်နဲ့ ပွဲမှာ ဘာပေးနဲ့ ဂျရူးတို့ ဂိုးမြူးခဲ့ပြီး ဒီပွဲမှာလည်း အင်္ဂလန်ရဲ့ ခံစစ်ကို ဒုက္ခပေးနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရပါတယ်။ ဒက်စ်ရွှမ့်ရဲ့ အသင်းက ပေါ့ဘာနဲ့ ကန်တေ မပါလာပေမယ့် ချူအာမန်နီ-ရာဘီယော့တ် အတွဲနဲ့ အလုပ် ဖြစ်နေပြီး ဂရစ်ဇ်မန်းနဲ့ ဒမ်ဘီလီ တို့ကလည်း လုပ်အားနှုန်း ကောင်းနေပါတယ်။ တစ်ချက် ရှိတာက ပွဲတိုင်းလိုလို ၁ ဂိုးလောက် ပြန်ပေးနေရတဲ့ ခံစစ်ပိုင်း ကတော့ အနည်းငယ် စိုးရိမ်စရာ ရှိပြီး အင်္ဂလန်ရဲ့ တိုက်စစ်ကလည်း အချဉ် မဟုတ်လို့ ပြင်သစ်တို့ သတိကြီးကြီးထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

ပြင်သစ်က ကမ္ဘာ့ဖလား ၄ ပွဲမှာ ၃ ပွဲ အထိ ဂိုးပေါ် ကစားထားခဲ့ပြီး တူနီးရှား ကိုတော့ ၁-၀ ရလဒ်နဲ့ ရှုံးခဲ့ပါတယ်။
နောက်ဆုံး တွေ့ဆုံမှု ၆ ကြိမ်မှာ အင်္ဂလန်ကို ၁ ကြိမ်သာ ရှုံးထားတဲ့ ပြင်သစ်

ဒီပွဲ မတိုင်ခင် ၄ ရက်အလိုမှာ ပြင်သစ်ရဲ့ အဓိက တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။ အင်္ဂလန်တို့ အမ်ဘာပေးကို ထိန်းဖို့ အတွက် မီဒီယာတွေက အစ လှုံ့ဆော်လျက် ရှိပြီး ဆောက်ဂိတ် အနေနဲ့ ကလည်း အတွေ့အကြုံရင့်သလို ဝင်ရဲထွက်ရဲတဲ့ ဝေါလ်ကာနဲ့ ထိန်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အင်္ဂလန်ရဲ့ ဒီနှစ် ကမ္ဘာ့ဖလား ခြေစွမ်းကို ပြောရမယ် ဆိုရင်တော့ ကောင်းတယ် ဆိုတာထက် နည်းနည်းပိုတဲ့ အခြေအနေမှာ ရှိပြီး ခံစစ်က ဂေါင်းကြီး မက်ဂွိုင်းယားက အစ ခြေစွမ်းပြနေပါတယ်။ ကွင်းလယ်မှာ ဆိုရင်လည်း ဘယ်လင်ဂမ်နဲ့ ရိုက်စ် တို့ အရွယ်နဲ့ မလိုက်အောင် အတည်ငြိမ်ဆုံး ကစားပေးနေပြီး ဆာကာနဲ့ ဖိုဒန် တို့ရဲ့ တောင်ပံ နှစ်ဖက် ကလည်း သွက်လက် ထက်မြတ်နေပါတယ်။ တစ်ခုရှိတာက အင်္ဂလန်တို့ အစဉ်အဆက်မှာ အရေးကြီးတဲ့ အချိန် ဆိုရင် တလွဲလုပ်လေ့ ရှိပါတယ်။ လက်ရှိ အနေအထားအရတော့ ခြေစွမ်း မဆိုးသလို ကစားသမား အားလုံးလည်း ဒဏ်ရာပြသနာ ကင်းစင်နေလို့ အထွေအထူးတော့ ပြောစရာ မရှိပါဘူး။


ဖြစ်နိုင်ဖွယ် လူစာရင်း

အင်္ဂလန် – ပစ်ခ်ဖို့ဒ်၊ ဝေါလ်ကာ၊ ဂျွန်စတုန်းစ်၊ မက်ဂွိုင်းယား၊ လုခ်ရှော၊ ဘယ်လင်ဂမ်၊ ဒီကလန် ရိုက်စ်၊ ဆာကာ၊ ဖိုဒန်၊ ရက်ရှ်ဖို့ဒ်၊ ဟယ်ရီကိန်း
ပြင်သစ် – လိုရစ်၊ ပါဗက်၊ အူပါမီကာနို၊ ကိုနာတေ၊ လူးကပ်စ် ဟာနန်ဒက်ဇ်၊ ချူအာမန်နီ၊ ရာဘီယော့တ်၊ ဒမ်ဘီလီ၊ ဂရစ်ဇ်မန်း၊ အမ်ဘာပေး ဂျရူး


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

အင်္ဂလန်တို့ ဒီနှစ် ကမ္ဘာ့ဖလားမှာ ရှုံးပွဲ မရှိသေးသလို နောက်ဆုံး ၃ ပွဲ ဆက်တိုက် ဂိုးမပေးခဲ့ရပါဘူး။ အီရန်ကို ၂ ဂိုးတည်း ပေးခဲ့ရတာက လွဲရင် ခံစစ်ပိုင်းက တော်တော်လေး အားကောင်းနေပါတယ်။ ပြင်သစ်က ကမ္ဘာ့ဖလား ၄ ပွဲမှာ ၃ ပွဲ အထိ ဂိုးပေါ် ကစားထားခဲ့ပြီး တူနီးရှား ကိုတော့ ၁-၀ ရလဒ်နဲ့ ရှုံးခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ ပြင်သစ်က ၃ ပွဲ နိုင်ပြီး အင်္ဂလန် ၁ ပွဲ နိုင်ကာ ၁ ပွဲ သရေကျခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

1X2 မှာ အင်္ဂလန် နိုင်ရင် ၃ ဆ၊ ပြင်သစ် နိုင်ရင် ၂.၄ ဆ ရမှာပါ။ Handicap မှာ ဒဲ့ကြေး ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂ လုံး အရှုံးပါ။ ကွာတားဖိုင်နယ် ဖြစ်တာကြောင့် ထိန်းကစားမှာ ဖြစ်ပေမယ့် နှစ်သင်းစလုံးက ဂိုးသွင်းနိုင်တဲ့သူတွေ များပါတယ်။ အထူးသဖြင့် တိုက်စစ် ကစားသမားတိုင်းလိုလို အချိန်မရွေး ဂိုးတွေ သွင်းနေတာပါ။ ပွဲပန်းလာမှုနဲ့ အတူ ဂိုးတွေ လွယ်လွယ်ရနေတဲ့ အချိန်မှာပဲ ဒီပွဲ ကိုလည်း ဂိုးပေါ်ပဲ ကစားစေချင်မိပါတယ်။ သေချာပေါက်ကို ဂိုးပေါ်မယ်လို့လည်း ထင်ပါတယ်။ ဒီလိုပွဲမျိုးကို ဘက်ရွေးဆော့ဖို့က တော်တော်လေး အန္တရာယ်များပါတယ်။ မိနစ် ၉၀ အတွင်း သရေကျပြီး အချိန်ပို၊ ပင်နယ်တီ အထိလည်း ရောက်သွားနိုင်ပါတယ်။ အဲ့တော့ ဂိုးပေါ် တစ်ကွက်ပဲ မျှော်ရမှာပါ။


ခန့်မှန်းရလဒ်

အင်္ဂလန် ၂-၂ ပြင်သစ် (မိနစ် ၉၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်