အောက်တိုဘာ ၁၉ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မူဆီအာလာနဲ့ ဘယ်လင်ဂမ် တို့က လူငယ်အကောင်းဆုံးဆု ရသင့်တယ်လို့ နေဂဲလ်စ်မန်း ပြော
ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆုကို ဘွန်ဒက်စ်လီဂါရဲ့ ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ ဘေယန်မြူးနစ် ကြယ်ပွင့် ဂျာမဲလ် မူဆီအာလာနဲ့ ဒေါ့မန် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဂမ် တို့က ရရှိသင့်ကြောင်း အရိပ်အမြွက် ပြောကြားလာခဲ့ပါတယ်။
နေဂဲလ်စ်မန်း ကလည်း “ဂါဗီက အရည်အချင်းရှိပြီး ပြိုင်ဘက်ကို ဒုက္ခပေးနိုင်တဲ့ ကစားသမားပါ။ ဒါပေမယ့် ကျနော့် မျက်လုံးထဲ မှာတော့ မူဆီအာလာနဲ့ ဘယ်လင်ဂမ် တို့က ဆုရသွားတဲ့ ဂါဗီထက် ပိုမိုကောင်းမွန်တဲ့ ရာသီတခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်”
“ဒါပေမယ့် ဂါဗီလည်း ပုံစံကောင်း ပြသနိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ (၂၀၂၁) ရဲ့ ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆု ကိုလည်း ပီဒရီက ဆွတ်ခူးခဲ့ပြီး ဒီနှစ်မှာလည်း ဂါဗီက ထပ်မံဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
ဘယ်လွန်ဒေါဆု အတွက် မူဆီအာလာကို အယ်လ်ဖွန်ဆို ဒေးဗီးစ် အားပေး
ဘေယန်မြူးနစ် ကစားသမား အယ်လ်ဖွန်ဆို ဒေးဗီးစ်ဟာ အသင်းရဲ့ လူငယ်ကြယ်ပွင့် ဂျာမဲလ် မူဆီအာလာ အနေနဲ့ အနာဂတ်မှာ ဘယ်လွန်ဒေါဆု ရရှိနိုင်ကြောင်း အားပေး စကားပြောကြားခဲ့ပါတယ်။
လက်ရှိ ဘွန်ဒက်စ်လီဂါရဲ့ ကြယ်ပွင့် မူဆီအာလာဟာ (၂၀၂၂) ရဲ့ ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆုနဲ့ လွဲချော်ခဲ့ရပြီး ဒီဆုကို ဘာစီလိုနာ ကွင်းလယ်လူ ဂါဗီ ရရှိသွားတဲ့ အပေါ် အများစုက ဝေဖန် ပြောကြားနေကြပါတယ်။
အဲ့ဒါကြောင့်လည်း အယ်လ်ဖွန်ဆိုဒေးဗီးစ်က “သူတို့အနေနဲ့ မင်းရဲ့ ကိုပါဆုကို ငြင်းဆန်လို့ရကောင်းရပါလိမ့်မယ်။ ဒါပေမယ့် မင်း အနာဂတ်မှာ ဘယ်လွန်ဒေါဆု ရဖို့ကိုတော့ သူတို့ ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
အသက် (၁၉) နှစ် အရွယ်သာ ရှိသေးတဲ့ မူဆီအာလာဟာ (၂၀၁၉) မှာ ဘေယန်မြူးနစ်ကို စတင် ရောက်ရှိလာပြီးနောက် အသင်း အတွက် (၉၂) ပွဲ ကစား၊ (၂၂) ဂိုးသွင်းယူကာ ခြေစွမ်းပြနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
သတင်းတွေ ထွက်နေသလိုမျိုး ဗလာဟိုဗစ်ကို စိတ်မဝင်စားတဲ့ ဘေယန်မြူးနစ်
ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ဟာ လာမယ့်နွေရာသီ အတွက် တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ကြိုးစားတဲ့ နေရာမှာ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ထည့်သွင်းစဥ်းစားမှာ မဟုတ်ကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။
ဘေယန်မြူးနစ်ရဲ့ ပစ်မှတ်တွေ ထဲမှာ ဟယ်ရီကိန်း၊ ခရစ္စတိုဖာ အန်ကွန်ကူးတို့ ပါဝင်ပြီး နောက်ဆုံး အနေနဲ့ ဗလာဟိုဗစ်နဲ့ပါ သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်း အတွင်း အမြင်တွေအရ ဗလာဟိုဗစ် အတွက် ပြောင်းရွှေ့ကြေး မြင့်မားစွာ အသုံးပြုရမှာ ဖြစ်ပြီး စျေးကြီးလွန်းတယ်လို့ ယူဆထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.