နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘွန်ဒက်စ်လီဂါ – မနက်ခင်း သတင်းများ (၁၇/၁၀/၂၀၂၂)

အောက်တိုဘာ ၁၇ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လာမယ့် နွေမှာ လစ်ဗာပူးလ်နဲ့ အပြိုင် လိုက်ပ်ဇစ် ကွင်းလယ်လူကို ကြိုးစားမယ့် ဘေယန်

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ဟာ လာမယ့် နွေရာသီမှာ လိုက်ပ်ဇစ် ကွင်းလယ်လူ ကွန်ရက် လိုင်မာ အတွက် လစ်ဗာပူးလ်နဲ့ အပြိုင် ကြိုးစားသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါ ဘွန်ဒက်စ်လီဂါ ဘီလူးကြီးဟာ လိုင်မာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ လိုင်မာဟာ (၂၀၁၇) တည်းက အသင်းကို ရောက်ရှိနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီကတည်းက လစ်ဗာပူးလ်က အသက် (၂၅) နှစ် အရွယ် ဒီကွင်းလယ်လူကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း မအောင်မြင်ခဲ့တာကြောင့် လစ်ဗာပူးလ်တို့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဂျူဗင်တပ်စ် ကွင်းလယ်လူ အာသာ မယ်လို ကိုသာ အရေးပေါ် အဖြစ် အငှားခေါ်ယူခဲ့ပါတယ်။ နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ဘေယန်မြူးနစ် ကလည်း လစ်ဗာပူးလ်နဲ့ သတင်းမထွက်ခင်တည်းက ကြိုးစားခဲ့ပါသေးတယ်။

အဲ့ဒါကလည်း မအောင်မြင်ခဲ့တာကြောင့် လိုင်မာ တစ်ယောက် လိုက်ပ်ဇစ်မှာပဲ ဆက်ရှိနေတာပါ။ ဒါပေမယ့် သူ့ရဲ့ စာချုပ်သက်တမ်းက လာမယ့်ဇွန်မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် ဘေယန်မြူးနစ်နဲ့ လစ်ဗာပူးလ်တို့ ဒီကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ထပ်မံ ကြိုးစားလာကြမှာ ဖြစ်ပါတယ်။


ဟယ်ရီကိန်း အတွက် ယူရိုသန်း (၂၀၀) အထိ ပေးဖို့ ဘေယန်မြူးနစ် ပြင်ဆင်ထား

ဘေယန်မြူးနစ်ဟာ လာမယ့် နွေရာသီမှာ တော့တင်ဟမ်ဟော့စပါးရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) အထိ အသုံးပြုသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဘွန်ဒက်စ်လီဂါရဲ့ လက်ရှိချန်ပီယံဟာ ပြီးခဲ့တဲ့နွေမှာ ရောဘတ် လီဝမ်ဒေါစကီးကို လက်လွှတ်ခဲ့ရတဲ့နောက် လာမယ့်နွေမှာ ဗဟို တိုက်စစ်မှူးသစ် တစ်ယောက် သေချာပေါက် ခေါ်ယူမှာပါ။ သူတို့ရဲ့ အဓိက ပစ်မှတ်အဖြစ် ဟယ်ရီကိန်းကို သတ်မှတ်ထားတယ်လို့လည်း သတင်းတွေက ဆက်တိုက် ဖော်ပြနေပါတယ်။ ကစားသမား ကိုယ်တိုင် ကတော့ ဒီသတင်းတွေကို ငြင်းဆန်ထားပါတယ်။

ပရီးမီးယား လိဂ်
ဘရိုက်တန်
နော်တင်ဟမ်ဖော်ရက်စ် FC
1X2 နော်တင်ဟမ်ဖော်ရက်စ် FC @ 7.80
ဂိုးပေါ် 3.00 @ 2.38
ဂိုးပေါင်း 0-1 @ 3.65
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါပေမယ့် ဘေယန်မြူးနစ် ဘက်က ဟယ်ရီကိန်းကို လျှို့ဝှက် ဆက်သွယ်ထားပြီး စပါးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို လက်မခံဖို့ အသိပေးထားတယ် လို့လည်း သိရှိရပါတယ်။

ဟယ်ရီကိန်းဟာ လာမယ့် (၂၀၂၄) ဇွန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး စပါး ဘက်ကလည်း အဆိုပါ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေပါတယ်။


ဖိအားတွေ များလာခဲ့တဲ့ လေဗာကူဆင်နည်းပြ ဇာဘီ အလွန်ဆို

လေဗာကူဆင်ဟာ မနေ့ညက ကစားခဲ့တဲ့ ဖရန့်ဖတ်နဲ့ ဘွန်ဒက်စ်လီဂါ အဝေးကွင်းပွဲမှာ ၅-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့နောက် နည်းပြ ဇာဘီ အလွန်ဆို လက်ထက် ပြိုင်ပွဲစုံ နှစ်ပွဲဆက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အဲ့ဒါကြောင့်လည်း အလွန်ဆို အတွက် နည်းပြဘဝ ပထမဆုံး အသင်းကြီး ကိုင်တွယ်ခွင့်ရတဲ့ အတွေ့အကြုံ အစပိုင်းက တော်တော်လေး ခါးသီးလာပြီး ဖိအားတွေလည်း များပြားလာခဲ့ပါတယ်။ အလွန်ဆိုဟာ အသင်းကို တာဝန်ယူတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။

သူ့ရဲ့ လေဗာကူဆင် နည်းပြဘဝ ပထမဆုံးပွဲမှာ ရှော်လ်ကေးကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲမှာ ပေါ်တို ၀-၃ ဂိုး၊ အခု ဖရန့်ဖတ်နဲ့ အဝေးကွင်း ပွဲမှာ ၅-၁ ဂိုးတို့နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာပါ။

နောက်ဆုံး ၂ ပွဲ ဆက်တိုက် မှာလည်း အသင်းရဲ့ ပေးဂိုးက (၈) ဂိုးအထိ ရှိလာခဲ့ပြီး ပရိသတ်အချို့ ကတော့ အလွန်ဆိုရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှာ စတင် လှောင်ပြောင်နေကြပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်