နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – ညနေခင်း သတင်းများ (၁၄/၁၀/၂၀၂၂)

အောက်တိုဘာ ၁၄ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကလော့ပ် နေရာ အစားဝင်နိုင်မယ့် နည်းပြတွေ အဖြစ် အလွန်ဆိုနဲ့ ဂျရတ်တို့ သတ်မှတ်ခံရ

ပရီးမီးယားလိဂ် ကစားသမားဟောင်း ဒန်နီ မာဖီက လက်ရှိ လစ်ဗာပူးလ် နည်းပြ ဂျာဂျင် ကလော့ပ်ရဲ့ နေရာမှာ အစားထိုးနိုင်မယ့် နည်းပြတွေ အဖြစ် လစ်ဗာပူးလ် ကွင်းလယ်လူဟောင်းတွေ ဖြစ်ကြတဲ့ ဇာဘီ အလွန်ဆိုနဲ့ စတီဗင် ဂျရတ် တို့ကို သတ်မှတ်ပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာ လစ်ဗာပူးလ်က ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးရွားနေပြီး ကလော့ပ်ရဲ့ (၇) နှစ်မြောက် ကျိန်စာသင့်နေတယ်လို့ ဆိုကြပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းနေသည့် တိုင်အောင် ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေ ကြားက ရုန်းထွက်ဖို့ လိုအပ်ပါတယ်။

မာဖီက “ကျနော့် အထင် အလွန်ဆိုရော၊ ဂျရတ်ရော တနေ့နေ့တချိန်ချိန် လစ်ဗာပူးလ်မှာ ကလော့ပ်ရဲ့ နေရာကို အစားထိုး ဝင်ရောက်နိုင်မှာပါ။ ဒါက သေချာပါတယ်။ ချက်ချင်းကြီးတော့ မဟုတ်သည့်တိုင် ဖြည်းဖြည်းချင်း ဖြစ်လာမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဂျရတ်က အက်စတွန်ဗီလာကို ကိုင်တွယ်လျက်ရှိပြီး အလွန်ဆို ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ကို ကိုင်တွယ်လျက်ရှိပါတယ်။


ဗာနာ ချဲလ်ဆီးမှာ မတောက်ပခဲ့တဲ့ အကြောင်းရင်းကို ဖွင့်ဟသုံးသပ်ခဲ့တဲ့ အွန်နရီ

အာဆင်နယ် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီက လက်ရှိ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမို ဗာနာ တစ်ယောက် ချဲလ်ဆီးမှာ မအောင်မြင်ခဲ့ရတဲ့ အကြောင်းရင်းကို ဖွင့်ဟ သုံးသပ်ခဲ့ပါတယ်။

ဗာနာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကနေ အသင်းဟောင်း လိုက်ပ်ဇစ်ဆီ ပြန်လည် ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သတ်လို့ အွန်နရီက “တခါတလေမှာ ခင်ဗျား သွားတဲ့ နေရာက ခင်ဗျားကို ချစ်ခင်ကြောင်း မပြတဲ့ နေရာမျိုး ဖြစ်နေတတ်ပါတယ်”

“သူ ချဲလ်ဆီးမှာ အချစ်မခံရဘူးလို့ ကျနော် မပြောပါဘူး။ ဒါပေမယ့် သူ လိုက်ပ်ဇစ်မှာ ရှိနေတုန်းက လိုမျိုး ချဲလ်ဆီးမှာ မခံစားခဲ့ရပါဘူး။ အဲ့ဒီနောက် မှာတော့ အကောင်းဆုံး ခြေစွမ်းကို မပြနိုင်တော့ဘဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်တော့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဗာနာဟာ (၂၀၂၀) ဇူလိုင်ကမှ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး (၂) နှစ်အကြာမှာ အသင်းဟောင်းကို ပြန်လည် ရောက်ရှိလာတာပါ။ သူဟာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး (၂၃) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။


ဖရန့်ဖတ် နောက်ခံလူကို စောင့်ကြည့်နေကြတဲ့ အာဆင်နယ်နဲ့ ရိုးမား

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ စီးရီးအေ ကလပ် ရိုးမား တို့ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ်ရဲ့ နောက်ခံလူ အီဗန် အန်ဒစ်ကာကို စောင့်ကြည့်နေလျက် ရှိကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။
ဗဟို ခံစစ်နေရာ အတွက် အန်ဒစ်ကာကို ခေါ်ယူ အားဖြည့်ချင်နေတဲ့ မီခဲလ် အာတေးတား

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ စီးရီးအေ ကလပ် ရိုးမား တို့ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ်ရဲ့ နောက်ခံလူ အီဗန် အန်ဒစ်ကာကို စောင့်ကြည့်နေလျက် ရှိကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။

အာဆင်နယ် နည်းပြ မီခဲလ် အတေးတား အနေနဲ့ လာမယ့် နွေရာသီမှာ သူ့အသင်းရဲ့ ဗဟိုခံစစ်ကို အားဖြည့်ဖို့ ပြင်ဆင်နေပြီး သတင်း ဖော်ပြချက်တွေအရ ဆိုရင် အန်ဒစ်ကာကို စိတ်ဝင်စားမှု အရှိဆုံး နှစ်သင်းက အာဆင်နယ်နဲ့ ရိုးမား ဖြစ်တယ်လို့ သိရပါတယ်။

အန်ဒစ်ကာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ဖရန့်ဖတ် အတွက် အဓိက, ကစားသမား အဖြစ် ခြေစွမ်းပြခဲ့သူပါ။ အာဆင်နယ်ဗဟိုနောက်ခံလူ ဂါဘရီရယ်ဟာ ပြီးခဲ့တဲ့ နွေရာသီက အသင်း ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပြီး အာတေးတား ကတော့ အန်ဒစ်ကာကို လာမယ့် ဆောင်းရာသီ ဒါမှမဟုတ် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်