နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘွန်ဒက်စ်လီဂါ – မနက်ခင်း သတင်းများ (၁၄/၁၀/၂၀၂၂)

အောက်တိုဘာ ၁၄ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အယ်လ်ဖွန်ဆို ဒေးဗီးစ် ဦးခေါင်းခွံကို ထိခိုက်ခဲ့ကြောင်း ဘေယန် အတည်ပြု

ဘေယန်မြူးနစ်ဟာ သူတို့ရဲ့ အဓိက,ကစားသမား အယ်လ်ဖွန်ဆို ဒေးဗီးစ် ဒေါ့မန်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲမှာ ဦးခေါင်းခွံကို ထိခိုက်မိခဲ့ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

ဒေါ့မန်နဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲမှာ ဒေးဗီးစ်က ပြိုင်ဘက် ကစားသမား ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ ကန်ချက်ကြောင့် အခုလိုမျိုး ထိခိုက်မိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကနေဒါ ကြယ်ပွင့်ကို ဘေယန်မြူးနစ်တို့ လူစားလဲခဲ့ရပြီး ဆေးရုံကိုတင်ပို့ခဲ့ရပါတယ်။

ဆေးစစ်ချက်တွေအရ ဒေးဗီးစ်အနေနဲ့ ဦးခေါင်းခွံ ညိုမည်း ဒဏ်ရာရရှိခဲ့ပြီး တနင်္ဂနွေနေ့ ကပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဥ်မှာ မပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် သူပြန်ကစားနိုင်မယ့် ရက်ကိုလည်း အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒေးဗီးဟာ ဒီနှစ် အစောပိုင်း ကိုဗစ်ကူးစက်ခံရပြီး နောက်ပိုင်း မှာလည်း နှလုံးကြွက်သား ပြဿနာကြောင့် အနားယူခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဒေးဗီးစ် တစ်ယောက် အနားယူနေရဆဲ ဖြစ်ပေမယ့် ဆိုးရွားတဲ့ လက္ခဏာမျိုး မြင်တွေ့ရခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။


ဒေါ့မန် ကြယ်ပွင့်ကို အပြိုင်အဆိုင် ကြိုးပမ်းနေကြတဲ့ ဥရောပ ထိပ်တန်းအသင်းများ

ဥရောပ ထိပ်တန်းအသင်းတွေဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ ကြယ်ပွင့် ကစားသမားလေး ဗက်စကို ဝေ့ါဇ်ကို အပြိုင်အဆိုင် ချိတ်ဆက်နေကြပြီး ဒီအသင်းတွေ ထဲမှာ အက်သလက်တီကို မက်ဒရစ်လည်း အပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။

အသက် (၁၇) နှစ် အရွယ်သာ ရှိသေးတဲ့ ဒီကစားသမားလေးဟာ ဒေါ့မန် ယူ-၁၉ မှာ ကစားနေပြီး ထိပ်တန်း အသင်းကြီးတွေရဲ့ ကင်းထောက်တွေကို ဖမ်းစားထားနိုင်သူ ဖြစ်ပါတယ်။

ဝေါ့ဇ်ရဲ့ ကစားဟန်က အေစီမီလန် ဂန္တဝင်ဟောင်းကြီး ဂျန်နရို ဂတ်တူဆိုနဲ့ ခိုင်းနှိုင်းခံနေရပြီး သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ အေစီမီလန်နဲ့ ဂျူဗင်တပ်စ် တို့လည်း ပါဝင်ပါတယ်။ အသင်းကြီးတွေ အတွက် ပိုမို အားသာစေတဲ့ အချက်က လာမယ့် နွေရညမှာ ဝေါ့ဇ်နဲ့ ဒေါ့မန်တို့အကြား စာချုပ် သက်တမ်း ကုန်ဆုံးမှာပါ။

ဒါပေမယ့် ကစားသမားရဲ့ အေးဂျင့် ကတော့ ဒီကြယ်ပွင့်လေး အတွက် မြိုးမြိုးမြက်မြက် တောင်းဆိုဖွယ် ရှိပြီး ချိတ်ဆက်နေတဲ့ အသင်းတွေဆီက များပြားတဲ့ တောင်းဆိုမှု အချို့ကို ပြုလုပ်ဖွယ် ရှိနေပါတယ်။

ဝေါ့ဇ်ဟာ ဒေါ့မန် ယူ-၁၉ နဲ့ အတူ ယူအီးအက်ဖ်အေ လူငယ်လိဂ်မှာ ခြေစွမ်းပြနေပြီး ဒီပြိုင်ပွဲမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့်ပဲ ထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာလည်း ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
ဝူဗာဟမ်တမ်
1X2 ဝူဗာဟမ်တမ် @ 3.10
ဝူဗာဟမ်တမ် အာရှ ဟန်းဒီးကပ် +0.25 @ 1.96
ဂိုးပေါ် 2.25 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချဲလ်ဆီး ပစ်မှတ် အားကစားဒါရိုက်တာကို ထုတ်ပယ်ရတဲ့ အကြောင်း လိုက်ပ်ဇစ် ရှင်းလင်း

ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်ဟာ အသင်းရဲ့ အားကစားဒါရိုက်တာ ခရစ္စတိုဖာ ဗီဗဲလ်ကို ရာထူး ကနေ ထုတ်ပယ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ရှင်းလင်း ပြောကြားလာခဲ့ပါတယ်။

အသင်းရဲ့အမှုဆောင်အရာရှိချုပ် အိုလီဗာမင့်ဇလပ်ဖ်က “ချဲလ်ဆီးက ကျနော် တို့ရဲ့ အခု အဖြစ်အပျက်ကို သဘောကျမလား ဆိုတာကို ကျနော် ဘာမှတ်ချက်မှ မပေးလိုပါဘူး”

“ဗီဗဲလ်က နောက်ဆုံး နှစ်နှစ်အတွင်း ကျနော်တို့ အတွက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကိစ္စတွေက အံဝင်ခွင်ကျ မဖြစ်တော့ပါဘူး။ ဘောလုံး လောကမှာ ယုံကြည်မှုတွေ မရှိတော့ဘူး ဆိုရင် ပူးပေါင်း ဆောင်ရွက်ရတာတွေက အဓိပ္ပာယ် မရှိတော့ပါဘူး”

“အဲ့ဒါကြောင့် ကျနော်တို့ သူ့ကို လက်လွှတ်ခဲ့တာပါ။ ကျနော်တို့ ဒီဆုံးဖြတ်ချက်ကို ခံယူချက် အပြည့်နဲ့ ချမှတ်ခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန် မှာတော့ ဗီဗဲလ်က ချဲလ်ဆီးရဲ့ အားကစား ဒါရိုက်တာ ဖြစ်လာဖို့ နီးစပ်နေပြီး ချဲလ်ဆီးဘက်က တရားဝင် ကြေညာချက် ထုတ်ပြန်ဖို့သာ ကျန်ရှိပါတော့တယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်