စက်တင်ဘာ ၂၈ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မာနေး ဘက်က ကာကွယ် ပြောဆိုခဲ့တဲ့ ဘေယန် အားကစား ဒါရိုက်တာ
ဆာဒီယို မာနေး အနေနဲ့ အချိန်ယူဖို့ လိုအပ်နေသေးကြောင်း ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ အားကစား ဒါရိုက်တာ ဟက်ဆန် ဆယ်လီဟာမစ်ဇစ်က ကာကွယ် ပြောဆိုလိုက်ပါတယ်။
Sport Bild နဲ့ အင်တာဗျူးမှာ ဆယ်လီဟာမစ်ဇစ် က “ ဆာဒီယို က အချိန် နည်းနည်းယူဖို့ လိုပါသေးတယ်၊ ဘွန်ဒက်စ်လီဂါနဲ့ သူရင်းနှီးဖို့တော့ လိုနေတာပါ။ ဒါပေမယ့် သူလုပ်နိုင်ပါလိမ့်မယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၀ အရွယ် ဆီနီဂေါ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နွေရာသီက လစ်ဗာပူးလ် ကနေ ဘေယန်မြူးနစ်ထံ ပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ မာနေးက အသင်းသစ်ကို ရောက်ရောက်ချင်းမှာ ခြေစွမ်းပြပြီး ဂိုးတွေ သွင်းနိုင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲဆက် ဂိုးမသွင်းနိုင်တာကြောင့် ဝေဖန်ခံနေရသူလည်း ဖြစ်ပါတယ်။
ဆက်လက်ပြီး ဆယ်လီဟာမစ်ဇစ်က “အသင်းသစ် တစ်သင်း၊ မတူညီတဲ့ နိုင်ငံ၊ မတူညီတဲ့ မြို့နဲ့ အနည်းငယ် ကွဲပြားတဲ့ ဘောလုံးယဉ်ကျေးမှုမှာ လူသစ် တစ်ယောက် အနေနဲ့ အသားကျဖို့ လိုအပ်တာ သိပါတယ်”
“သူနဲ့ ပုံမှန် စကားပြောဖြစ်ပါတယ်။ သူ့ကို့ နေရာလည်း ပေးပါတယ်။ သူ့ အနေနဲ့လည်း ဘေယန်မြူးနစ်ဟာ အိမ်တစ်ခုလို့ ခံစားရဖို့ ကြိုးစားနေပါတယ်။ မာနေးဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူဟာ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်တွေ သယ်ဆောင်လာမယ်လို့ ထင်ပါတယ်။ ကျနော်တို့တွေ သူနဲ့ အရမ်းကို ပျော်နေရပါတယ်။” လို့ ဆိုပါတယ်။
ဘေယန်မြူးနစ်ဟာ အခုနှစ် ဘွန်ဒက်စ်လီဂါမှာ ပွဲစဉ် ၇ ပွဲ ကစားပြီးချိန်အထိ ၁၂ မှတ် သာ ရရှိထားပြီး ထိပ်ဆုံးက ယူအွန်းဘာလင်နဲ့ ၅ မှတ် အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
ဂျာမနီ လက်ရွေးစင် အသင်း အတွက် ပြန်လည် ရွေးချယ်ခံရဖွယ် ရှိနေတဲ့ ဝစ်ဇ်
Sport Bild ရဲ့ ဖော်ပြချက်အရ ဟန်ဆီဖလစ်ခ် အနေနဲ့ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာတဲ့ လေဗာကူဆင် ကြယ်ပွင့် ဖလော်ရီယန် ဝစ်ဇ်ကို ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂျာမနီ လက်ရွေးစင် အသင်း အတွက် ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။
အသက် ၁၉ နှစ် အရွယ် ကွင်းလယ် တိုက်စစ် ကစားသမားဟာ ပြီးခဲ့တဲ့ မတ်လက အရွတ် စုတ်ပြဲ ဒဏ်ရာ ရရှိခဲ့ပြီးနောက်ပိုင်း အနားယူနေရသလို အခုနှစ် ဘောလုံးရာသီမှာလည်း ဘွန်ဒက်စ်လီဂါ ကလပ် အတွက် တစ်ပွဲမှ မကစားရသေးပါဘူး။ ဒါပေမယ့် ကစားသမားဟာ မကြာသေးတဲ့ အချိန်က ဒဏ်ရာက ပြန်လည် သက်သာလာခဲ့ပြီး လာမယ့် အောက်တိုဘာလ အလယ်လောက်က စပြီး လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
သတင်းဖော်ပြချက်တွေအရ ဟန်ဆီဖလစ်ခ် အနေနဲ့ ဝစ်ဇ်ကို လာမယ့် ကမ္ဘာ့ဖလားမှာ ပွဲချိန်ပြည့် အသုံးပြုသွားဖို့တော့ မရှိသလို ကစားသမားရဲ့ ကြံခိုင်မှုပေါ် မူတည်ပြီး လူစားဝင် ကစားသမား အဖြစ်သာ ပွဲထွက်ခွင့်ပေးသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဝစ်ဇ်ဟာ ၂၀၂၁ ခုနှစ်က ဂျာမနီ လက်ရွေးစင် အသင်းမှာ စတင် ရွေးချယ်ခံခဲ့ရပြီး ၄ ပွဲ ပါဝင် ကစားထားပါတယ်။
နည်းပြချုပ်နဲ့ လက်ထောက် နည်းပြကို စာချုပ်သက်တမ်းတိုးခဲ့တဲ့ ယူအွန်းဘာလင်
ဘွန်ဒက်စ်လီဂါ ကလပ် ယူအွန်း ဘာလင် အသင်း ကတော့ နည်းပြ ဖြစ်သူ အားစ် ဖစ်ရှာကို စာချုပ်သက်တမ်းတိုးပြီး လက်ထောက် နည်းပြ မားကပ်စ် ဟော့ဖ်မန်းကို စာချုပ်သစ်ချုပ်ဆို လိုက်တယ်လို့ သိရပါတယ်။
အားစ် ဖစ်ရှာဟာ ၂၀၁၈ မှာ ယူအွန်း ဘာလင် အသင်းကို စတင် ကိုင်တွယ်ခဲ့ပြီး ဘွန်ဒက်စ်လီဂါကို တန်းတင်ပေးနိုင်ခဲ့သလို ၂၀၁၉ မှာ အဆင့် ၁၁၊ ၂၀၂၀ မှာ အဆင့် ၇၊ ၂၀၂၁ မှာ အဆင့် ၅ နေရာ ကနေ ရာသီသိမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
ယူအွန်းဘာလင်တို့ အခုနှစ် ဘွန်ဒက်စ်လီဂါ မှာတော့ ၇ ပွဲ ကစားပြီးချိန်မှာ ၅ ပွဲနိုင်၊ ၂ ပွဲသရေ ရမှတ် ၁၇ မှတ်နဲ့ ဇယား ထိပ်ဆုံး ကနေ ဦးဆောင်နေပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ် လည်း ကစားခွင့် ရထားပေမယ့် ၂ ပွဲ ကစားရာမှာ ၂ ပွဲစလုံး ရှုံးနိမ့်ထားပြီး နောက်တစ်ဆင့် တက်ဖို့တော့ ရုန်းကန်နေရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.