နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – မနက်ခင်း သတင်းများ (၂၁/၉/၂၁၂၂)

စက်တင်ဘာ ၂၁ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကမ်းလှမ်းမှုတွေ ရရှိခဲ့ကြောင်း ဘေယန်မြူးနစ် နောက်ခံလူ ဖွင့်ဟ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် နောက်ခံလူ ဘင်ဂျာမင် ပါဗက်က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အခြား အသင်းတွေ ဆီက ကမ်းလှမ်းမှုတွေ ရရှိခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ ပြင်သစ် လက်ရွေးစင် နောက်ခံလူကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့က အဓိက စိတ်ဝင်စားခဲ့တာပါ။ 

ဒါပေမယ့်လည်း ပါဗက်က ဘွန်ဒက်စ်လီဂါ ကလပ် မှာပဲ ဆက်ရှိနေခဲ့ပါတယ်။ ကမ်းလှမ်းမှုတွေနဲ့ ပတ်သက်လို့ ပါဗက်က “ကျနော် ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ခဲ့ရပါတယ်။ ကျနော့် အေးဂျင့်ဆီက တဆင့် မတူညီတဲ့ အသင်းတွေ ဆီက ဖုန်းခေါ်ဆိုမှုတွေ ကျနော် ရခဲ့တာပါ”

“အဲ့ဒီနောက် ကျနော်နဲ့ ဆက်ဆံရေး ကောင်းတဲ့ ဘေယန်မြူးနစ် နည်းပြနဲ့ စကားပြောဆိုခဲ့ပြီး ကျနော်က အသင်းရဲ့ အစီအစဥ်မှာ ပါဝင်တယ်၊ အသင်း အတွက် အရေးပါတယ် ဆိုတာကို နားလည်အောင် ပြောပြခဲ့ပါတယ်” 

“တနေ့နေ့ကျရင်တော့ ကျနော့်ကို ချဥ်းကပ်ခဲ့တဲ့ အသင်းတွေဆီ ပြောင်းရွှေ့ဖြစ်ရင် ပြောင်းရွှေ့ဖြစ်မှာပါ။ အနာဂတ်ကို ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ အခုတော့ ကျနော် ဘေယန်မြူးနစ်မှာပဲ နောက်တစ်နှစ် ဆက်ရှိနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
စကော့တလန်
ယူကရိန်း
1X2 သရေ (Draw) @ 3.00
ဂိုးပေါ် 2.00 @ 1.88
ဂိုးပေါင်း 0-1 @ 2.35
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တူချယ်ရဲ့ အသင်းသစ်က ဘေယန်မြူးနစ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုတွေ ရှိနေ

ချဲလ်ဆီးကနေ အထုတ်ခံရပြီးနောက် လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြ သောမတ်စ် တူချယ်ဟာ ဘေယန်မြူးနစ် နည်းပြသစ် ဖြစ်လာနိုင်ကြောင်း ဂျာမန် နာမည်ကျော် သတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။ 

တူချယ်ဟာ ရာသီအဖွင့် ရလဒ်ဆိုးခဲ့ခြင်း၊ အသင်းပိုင်ရှင် တော့ဒ်ဘိုလေနဲ့ ဆက်ဆံရေး အဆင်မပြေခြင်း တို့ကြောင့် ဒီရာသီမှာ စောစောစီးစီး အထုတ်ခံခဲ့ရတာပါ။ လက်ရှိ ဘေယန်မြူးနစ် ကလည်း ရလဒ်ပိုင်း ဆိုးရွားနေတာကြောင့် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။ တူချယ်ဟာ ဘွန်ဒက်စ်လီဂါ အတွေ့အကြုံရှိ နည်းပြ တယောက် ဖြစ်ပါတယ်။ 

အဆိုပါ ဂျာမနီသားရဲ့ အရည်အချင်းကို ဘေယန်မြူးနစ် ဘက်ကလည်း သဘောကျနေတယ်လို့ သိရပါတယ်။ နိုင်ငံတကာ ရက်သတ္တပတ် အပြီး လေဗာကူဆင်နဲ့ ပွဲမှာသာ ရလဒ် ထပ်မံ ဆိုးရွားခဲ့မယ် ဆိုရင်တော့ နေဂဲလ်စ်မန်း အထုတ်ခံရနိုင်ပြီး တူချယ်က ဘေယန်မြူးနစ် နည်းပြသစ် ဖြစ်လာနိုင်ပါတယ်။ 

တူချယ်ဟာ ချဲလ်ဆီးက အထုတ်ခံရပြီးပြီးချင်း လိုက်ပ်ဇစ်ကို ကိုင်တွယ်ဖို့ သတင်းထွက်ခဲ့ပေမယ့် လိုက်ပ်ဇစ် ကတော့ အခြား ဒေါ့မန် နည်းပြဟောင်း မာကိုရိုက်စ် ကိုသာ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။ 


အသင်းဟောင်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မာနေး 

ဘေယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါမှာ (၄) ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးက ယူအွန်းဘာလင်နဲ့ (၅) မှတ် ပြတ်နေခဲ့ပါတယ်။
ဘေယန်မြူးနစ် အတွက် ၁၁ ပွဲ ကစားပြီး ၅ ဂိုးသွင်းထားတဲ့ မာနေး

ဘေယန်မြူးနစ် တိုက်စစ် ကစားသမား ဆာဒီယို မာနေးဟာ ဘေယန်မြူးနစ်နဲ့ လစ်ဗာပူးလ် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကမှ မာနေးက လစ်ဗာပူးလ်ကနေ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ကြေး ပေါင် (၃၅) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ 

မာနေးဟာ အသင်းနဲ့ ပထမဆုံး (၃) ပွဲ ဆက်တိုက်မှာ (၃) ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ စွမ်းဆောင်ရည်က သိသိသာသာ ဆိုးရွားလာခဲ့ပါတယ်။ အထူးသဖြင့် အော့စ်ဘတ်ကို အဝေးကွင်းမှာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲမှာ မာနေးရဲ့အချက်အလက်တွေက တော်တော်လေး ဆိုးရွားခဲ့ပြီး ဘောလုံး ဆုံးရှုံးမှု (၁၈) ကြိမ် အထိ ရှိခဲ့ပါတယ်။ 

အဲ့ဒါကြောင့်လည်း မာနေးအပေါ် လှောင်ပြောင်မှုတွေ ရှိနေတာ ဖြစ်ပြီး အော့စ်ဘတ်နဲ့ ပွဲမှာ ဘေယန်မြူးနစ် ဂိုးသမား မန်နျူရယ် နော်အာ ကတောင် မာနေးထက် ဂိုးပေါက် ခြိမ်းခြောက်မှု ပိုရှိခဲ့တယ်လို့ လှောင်ပြောင်နေကြတာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါမှာ (၄) ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးက ယူအွန်းဘာလင်နဲ့ (၅) မှတ် ပြတ်နေခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်