နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – မနက်ခင်း သတင်းများ (၁၇/၉/၂၀၂၂)

စက်တင်ဘာ ၁၇ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဖာဂူဆန်ရဲ့ စံချိန်ကို လိုက်မှီနိုင်ခဲ့တဲ့ မော်ရင်ဟို

စီးရီးအေ ကလပ် ရိုးမား နည်းပြ ဂျိုဆေး မော်ရင်ဟိုဟာ ဥရောပပွဲတွေမှာ နိုင်ပွဲ အများဆုံး ရရှိထားတဲ့ မန်ချက်စတာယူနိုက်တက် ဂန္တဝင် နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်ရဲ့ စံချိန်ကို လိုက်မှီခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ 

ကြာသပတေးနေ့ ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဥ်မှာ ရိုးမားက ဖင်လန် ကလပ် HJK ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဥရောပပွဲတွေမှာ မော်ရင်ဟိုရဲ့ နိုင်ပွဲက (၁၀၆) ပွဲ အထိ ရှိလာခဲ့ပြီး ဖာဂူဆန် တင်ထားတဲ့ စံချိန်နဲ့ ညီမျှသွားခဲ့တာပဲ ဖြစ်ပါတယ်။ 

သူတို့ရဲ့ နောက်မှာတော့ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက (၁၀၅) ပွဲ၊ အာဆင်နယ် ဂန္တဝင် နည်းပြဟောင်း အာစင်ဝင်းဂါးက (၉၆) ပွဲနဲ့ မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာ (၉၅) ပွဲနဲ့ ရပ်တည်လျက် ရှိပါတယ်။ 

မော်ရင်ဟို ကတော့ ဖာဂူဆန်ရဲ့ စံချိန် ကိုပါ ကျော်ဖြတ်သွားနိုင်ဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။ မော်ရင်ဟိုရော၊ ဖာဂူဆန်ရော နှစ်ယောက်လုံးက မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတွေ ဖြစ်ကြပါတယ်။ ဖာဂူဆန်ဟာ ယူနိုက်တက်ကို နှစ်ပေါင်း (၂၆) နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် ဖလား (၁၃) ကြိမ်၊ ချန်ပီယံလိဂ် ဖလား (၂) ကြိမ် အပါအဝင် ဆုဖလားပေါင်း (၃၈) လုံး အထိ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ 


အေစီမီလန် ကိုသာ အပြီးသတ် ပြောင်းရွှေ့လိုကြောင်း ဘာစီလိုနာ နောက်ခံလူ ပြောကြား

ဘာစီလိုနာ ကနေ စီးရီးအေ ကလပ် အေစီမီလန်ကို ပြောင်းရွှေ့သွားခဲ့တဲ့ နောက်ခံလူ ဆာဂျီနို ဒက်စ်က သူ့အနေနဲ့ လက်ရှိ အီတလီမြေမှာပဲ အပြီးသတ် ကစားလိုကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ 

အဆိုပါ အမေရိကန် ညာနောက်ခံလူဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ရဲ့ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ အေစီမီလန်ကို အငှား စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒက်စ်ကို အေစီမီလန်က အငှားစာချုပ် ကုန်ဆုံးသွားရင် ယူရိုသန်း (၂၀) နဲ့ အပြီးသတ် ခေါ်ယူဖို့လည်း တပါတည်း သဘောတူညီမှု ရရှိထားပါတယ်။ 

စီးရီးအေ
ဘိုလော့နာ
အမ်ပိုလီ
1X2 သရေ (Draw) @ 3.30
ဂိုးပေါ် 2.50 @ 1.91
ဂိုးပေါင်း 0-1 @ 3.45
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒက်စ်က “အေစီမီလန်နဲ့ ဘာစီလိုနာတို့ အကြား စာချုပ်မှာ အပြီးသတ် ခေါ်ယူခွင့် ချုပ်ဆိုထားပါတယ်။ ဒီတော့ ကျနော် အကောင်းဆုံး ဖြစ်အောင် ကြိုးစားမှာပါ။ အဲ့ဒါမှပဲ အေစီမီလန်က ကျနော့်ကို အပြီးသတ် ခေါ်ယူဖို့ မျှော်လင့်နိုင်မှာပါ” 

“ကျနော် အေစီမီလန်မှာ တကယ်ကို ပျော်ရွှင်နေပြီး အသင်းမှာ ဆက်နေခွင့် ရဖို့ ရာနှုန်းပြည့် ပေးဆပ်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒက်စ်ဟာ ဘာစီလိုနာ နည်းပြ ဇာဗီ လက်အောက်မှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့တာကြောင့် အခုလိုပဲ အငှားနဲ့ ထွက်ကစားခဲ့တာ ဖြစ်ပါတယ်။ 


ဇီဒန်းကို ခေါ်ယူဖို့ ဖြစ်နိုင်ချေတွေကို ထည့်သွင်း စဥ်းစားနေတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်ဟာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လက်ရှိအသင်း နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီရဲ့ နေရာမှာ ဇနက်တီ ဇီဒန်းနဲ့ အစားထိုး ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 

ဂျူဗင်တပ်စ်တို့ လက်ရှိ ဘောလုံး ရာသီ ချန်ပီယံလိဂ်မှာ အုပ်စု ပွဲစဉ် ၂ ပွဲစလုံး ရှုံးနိမ့်ထားသလို စီးရီးအေ မှာလည်း နိုင်ပွဲ ၂ ပွဲသာ ရရှိထားပါတယ်။ အဲ့ဒါကြောင့်လည်း တူရင် မြို့ခံအသင်းရဲ့ ပရိသတ်တွေက အယ်လီဂရီကို ရာထူးက ထုတ်ပယ်ဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ 

ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ အတူ ချန်ပီယံလိဂ် ဖလား (၃) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဒရစ်မြို့ ကနေ ထွက်ခွာလာပြီးနောက် လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေဆဲပါ။ ပြင်သစ် ဂန္တဝင်ဟောင်းကို ပြီးခဲ့တဲ့ နွေရာသီက ပီအက်စ်ဂျီက နည်းပြ အဖြစ် ခန့်အပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သတင်းတွေ အရ ဆိုရင် ဇီဒန်းဟာ ပြင်သစ် လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့ အတွက်ပဲ အိပ်မက်မက်နေတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ကစားသမား ဘဝမှာ ဇီဒန်းက ဂျူဗင်တပ်စ် အတွက်လည်း ကစားပေးခဲ့ဖူးတာကြောင့် တူရင် ကလပ် ကတော့ ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ နည်းလမ်းမျိုးစုံကို စဥ်းစားနေတယ်လို့ သိရပါတယ်။ 

ဇီဒန်း အနေနဲ့ လာမယ့် ကာတာ ကမ္ဘာ့ဖလား ပြီးဆုံးချိန် အထိ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ အနေအထားကို စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခင်မှာပဲ နည်းပြ လောကထဲ ပြန်လည် ဝင်ရောက်လာမယ်လို့ ဇီဒန်းက ပြောကြားခဲ့ဖူးပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်