နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – ညနေခင်း သတင်းများ (၁၆/၉/၂၀၂၂)

စက်တင်ဘာ ၁၆ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


တိုက်စစ်မှူးသစ်ကို ရှေ့ကို ပိုပြီး တက်ကစားဖို့ မော်ရင်ဟို တိုက်တွန်း

စီးရီးအေ ကလပ် ရိုးမား နည်းပြ ဂျိုဆေး မော်ရင်ဟိုက အသင်းရဲ့ တိုက်စစ်မှူးသစ် အန်ဒရီယာ ဘယ်လော့တီကို ရှေ့ကို ပိုပြီး တက်ကစားဖို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ဘယ်လော့တီက အသင်း အတွက် တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ရိုးမားက ဖင်လန်ကလပ် HJK ဟယ်လ်စင်ကီကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ မော်ရင်ဟိုက “ကျနော်တို့အနေနဲ့ ခံစစ်ကနေ ကစားပုံ တည်ဆောက်တဲ့ နေရာမှာ တိုးတက်ဖို့ လိုအပ်ပါတယ်။ ဒီအခက်အခဲ ရှိနေပြီး ကျနော် ကတော့ ဖုံးကွယ်ဖို့ ကြိုးစားနေပါတယ်”

“ကျနော်တို့ တိုက်စစ်မှာ တကယ် အရည်အသွေး ရှိတဲ့ ကစားသမားတွေ ရှိပါတယ်။ ဒါပေမယ့် အဓိပ္ပာယ်ရှိရှိ ကစားဖို့ လိုအပ်ပါတယ်။ ဘယ်လော့တီကို ကြည့်ရတာ ရှေ့တက်ရမှာ ကြောက်တဲ့ ရောဂါ ရှိတယ် ထင်ပါတယ်။ သူ ဒီနေ့ တပွဲလုံး ဘောလုံး လေးငါးချက်လောက်ပဲ ထိလိုက်ပါတယ်”

“ဒါ သူ့ရဲ့ ပုံစံ မဟုတ်ပါဘူး။ သူ့အနေနဲ့ ဒူးခေါင်းနဲ့ဖြစ်ဖြစ်၊ ဖင်နဲ့ ပေါက်ပြီး ဖြစ်ဖြစ်၊ ခေါင်းတိုက်ပြီးပဲ ဖြစ်ဖြစ် ဂိုးသွင်းနိုင်ရပါမယ်။ သူက Playmaker နေရာမှာ အိမ်မြှောင်လို စွဲကပ်နေပါတယ်။ သူ့အတွက်က ဂိုးသွင်းဖို့ပဲ လိုအပ်တာပါ” လို့ ပြောကြားခဲ့ပါတယ်။


ပြီးခဲ့တဲ့ နွေမှာ အေစီမီလန် တိုက်စစ်မှူးကို ချဥ်းကပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ စီးရီးအေ ကလပ် အေစီမီလန် တိုက်စစ်မှူး ရာဖေးလ် လီယောင် ကို ခေါ်ယူဖို့ ချဥ်းကပ်ခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့ကြောင်း အေစီမီလန် ဒါရိုက်တာ ပေါ်လို မာလ်ဒီနီက ဆိုပါတယ်။

ပြီးခဲ့တဲ့ နွေစျေးကွက်မှာ ချဲလ်ဆီးက တိုက်စစ်ကို အားဖြည့်ဖို့ ပြင်ဆင်ခဲ့ရပြီး လီယောင် ကလည်း သူတို့ရဲ့ ပစ်မှတ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မာလ်ဒီနီက “ချဲလ်ဆီးက လီယောင် အတွက် တရားဝင် ကမ်းလှမ်းခဲ့တာမျိုး မရှိပါဘူး”

“ဒါပေမယ့် သူတို့ နှုတ်အားဖြင့် ချဥ်းကပ်ခဲ့ကြပါတယ်။ ဒါကိုလည်း ကျနော်တို့ ငြင်းဆန်ခဲ့ကြပါတယ်။ ကစားသမားကိုယ်တိုင်က အသင်းမှာဆက်နေတာက သူ့အနေနဲ့ တိုးတက်ဖို့ အကောင်းဆုံးနည်းလမ်းဆိုတာကို သိခဲ့ပါတယ်”

“ကျနော်တို့ရဲ့ စီမံကိန်းတွေမှာ လီယောင်နဲ့ အတူတူ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ဖန်တီးချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ နွေရာသီမှာ တိုက်စစ်ပိုင်း အတွက် ရာဟင်းမ် စတာလင်နဲ့ အော်ဘာမီယန်း တို့ကို ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။


ကမ္ဘာ့ဖလား လူစာရင်း အတွက် ပေါ့ဘာကို သတိပေးလိုက်တဲ့ ပြင်သစ်နည်းပြ

ပြင်သစ် လက်ရွေးစင်နည်းပြ ဒီဒီယာ ဒက်ချမ့်စ်က လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် ပြင်သစ် လက်ရွေးစင်ရဲ့ လူစာရင်းမှာ ပေါလ်ပေါ့ဘာ အနေနဲ့ အလိုအလျောက် ပါဝင်ခွင့် ရမှာ မဟုတ်ကြောင်း သတိပေး ပြောကြားလိုက်ပါတယ်။

ပေါ့ဘာဟာ လက်ရှိအချိန်မှာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူထားရပြီး အနားယူနေရပါတယ်။ ဒီကစားသမား အနေနဲ့ ကမ္ဘာ့ဖလား မတိုင်ခင် ဂျူဗင်တပ်စ်ရဲ့ စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံကို လွဲချော်မှာ ဖြစ်ပါတယ်။ ပေါ့ဘာ အနေနဲ့ အစောဆုံး အောက်တိုဘာ (၃၀) မှသာ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မှာပါ။ ဒက်ချမ့်စ်ဟာ နိုဝင်ဘာ (၁၃) မှာ ကမ္ဘာ့ဖလား ကန်မယ့် ပြင်သစ် လက်ရွေးစင် အသင်း လူစာရင်းကို တရားဝင် ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။

အဲ့ဒီအတွက် ဒက်ချမ့်စ်က “ပေါ့ဘာက အသင်းရဲ့ အဓိက ဒေါက်တိုင် ကစားသမား ဖြစ်ရုံနဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ခွင့် မရနိုင်ပါဘူး။ ကမ္ဘာ့ဖလား မစခင် အထိ သူက ပွဲမကစားနိုင်သေးဘူး၊ ထိပ်တန်း အဆင့်မှာ မရှိသေးဘူး ဆိုရင် ဒါက ဘာမှအသုံးမဝင်တဲ့ကိစ္စပါ”

“သူကိုယ်တိုင် ကလည်း ဒါကို မလိုလားပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ပေါ့ဘာဟာ ဂျူဗင်တပ်စ်နဲ့ အတူ ဆွစ်ဇာလန်မှာ ရာသီကြို ပြင်ဆင်မှုတွေ ပြုလုပ်နေရင်း ဒူးဒဏ်ရာ ရရှိခဲ့ပြီး ဂျူဗင်တပ်စ် ဘက်ကတော့ ဒီကစားသမားကို ဇန်နဝါရီမှာ ကြံ့ခိုင်မှုအပြည့်နဲ့ အသုံးပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်