နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၃၀/၈/၂၀၂၂)

ဩဂုတ်လ ၃၀ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပီအက်စ်ဂျီနဲ့ သဘောတူညီမှု ရခဲ့တဲ့ ဖေဘီယန် ရူအစ်ဇ်

ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ အသင်း ကတော့ စီးရီးအေ ကလပ် နာပိုလီရဲ့ ကွင်းလယ်လူ ဖေဘီယန် ရူအစ်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။
အသက် ၂၆ နှစ် အရွယ် စပိန် ကွင်းလယ်လူရဲ့ အပြောင်းအရွေ့ အတွက် ကလပ် နှစ်သင်း အကြား အချိန်အတန် ကြာအောင် ဆွေးနွေးညှိနှိုင်းခဲ့ရပေမယ့် အခုနောက်ဆုံး မှာတော့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် ဒီမာဇီယို က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

စီးရီးအေ
အတ္တလန်တာ
တိုရီနို
1X2 အတ္တလန်တာ @ 1.70
ဂိုးပေါ် 2.75 @ 1.87
ဂိုးပေါင်း 4-6 @ 2.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီမာဇီယိုရဲ့ အဆိုအရ ပီအက်စ်ဂျီတို့ ဖေဘီယန် ရူအစ်ဇ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၃ သန်း အသုံးပြုခဲ့ရတယ်လို့ သိရပြီး စာချုပ်ပါ အချက်အလက်တွေအရ ပြင်သစ် ကလပ် အနေနဲ့ ကစားသမားရဲ့ ခြေစွမ်းပေါ် မူတည်ပြီး အပိုဆုကြေး ပေးချေရဖို့တော့ မရှိဘူးလို့ သိရပါတယ်။ ဖေဘီယန်ဟာ ဒီကနေ့မှာ ပီအက်စ်ဂျီနဲ့ ဆေးစစ်မှု ခံယူဖို့ အတွက် ပဲရစ်ကို ရောက်ရှိလာမှာ ဖြစ်ပြီး ဆေးစစ်ပြီးတာနဲ့ တပြိုင်နက် စာချုပ်ချုပ်ဆိုသွားမယ်လို့လည်း သိရပါတယ်။

ဖေဘီယန် ရူအစ်ဇ်ဟာ နာပိုလီ အတွက် စီးရီးအေ ရာသီအစ ပွဲစဉ် ၃ ပွဲစလုံး ပါဝင်ကစားခဲ့ခြင်း မရှိပဲ အကြောင်းရင်း ကတော့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေတာကြောင့် ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။


ရော်နယ်ဒိုနဲ့ အော့ဆီမန် အလဲထပ် လုပ်ဖို့ ကြိုးပမ်းပေးနေတဲ့ မန်းဒက်စ်

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အေးဂျင့် ဖြစ်သူ ဂျော့ဂျ် မန်းဒက်စ်ဟာ သူ့ရဲ့ ကစားသမားနဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အော့ဆီမန် တို့ကို အလဲထပ် လုပ်ပေးဖို့ ကြိုးပမ်းလျက် ရှိကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာပြီး ချန်ပီယံလိဂ် ကစားခွင့်ရတဲ့ အသင်း တစ်သင်းကို ပြောင်းရွှေ့ဖို့ လိုလားနေသူ ဖြစ်ပါတယ်။ ဒါကြောင့် အေးဂျင့် မန်းဒက်စ်က ရော်နယ်ဒို အသင်း‌ ပြောင်းခွင့်ရဖို့ အချိန်နဲ့ အမျှ ကြိုးပမ်းပေးလျက် ရှိပြီး အခု နောက်ဆုံး မှာတော့ နာပိုလီနဲ့ သဘောတူညီမှု ရဖို့ ချိတ်ဆက် ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေအရ နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ်ဟာ ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကစားသမားရဲ့ အပြောင်းအရွှေ့ အတွက်လည်း တရားဝင် ဆွေးနွေးမှု တချို့လည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။ စီးရီးအေ ကလပ် အနေနဲ့ ရော်နယ်ဒို ကို ခေါ်ယူဖို့ အတွက် ဆိုရင် အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို အရင်ဆုံး ရောင်းထုတ်ရမှာလည်း ဖြစ်ပါတယ်။

စီးရီးအေ ကလပ် အနေနဲ့ ရော်နယ်ဒို ကို ခေါ်ယူဖို့ အတွက် ဆိုရင် အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို အရင်ဆုံး ရောင်းထုတ်ရမှာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုကို အော့ဆီမန်နဲ့ အလဲထပ်လုပ်ပြီး ခေါ်ယူချင်နေတဲ့ နာပိုလီ

ဒီလော်ရန်းတစ်က သူတို့ အသင်းရဲ့ အဓိက တိုက်စစ်မှူး အော့ဆီမန်ကို အသင်းသစ် ရှာဖွေပေးဖို့ တောင်းဆိုထားပြီး မန်းဒက်စ်က ရော်နယ်ဒိုနဲ့ အလဲထပ် လုပ်ဖို့ ကြိုးပမ်းပေးနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အကျယ်တဝင့် ဖော်ပြနေကြပါတယ်။

Sky Sports ကတော့ အော့ဆီမန် ကိုယ်တိုင်က မန်ချက်စတာယူနိုက်တက် ကသာ ကမ်းလှမ်းခဲ့ရင် ပြောင်းရွှေ့ကစားဖို့ အဆင်သင့် ရှိနေပေမယ့် နာပိုလီ ဘက်က လိုချင်နေတဲ့ ယူရို သန်း ၁၀၀ ဆိုတဲ့ တန်ကြေး တစ်ရပ် ကြောင့်တော့ နှစ်ဖက် အသင်းကြားမှာ အခက်အခဲ တချို့ ရှိလာနိုင်တယ် လို့လည်း ဖော်ပြထားပါတယ်။


ပေါင်ခြံ ဒဏ်ရာကြောင့် အရေးကြီး ပွဲစဉ်တွေ လွဲချော်တော့မယ့် လူကာကူ

ဘယ်ဂျီယံ တိုက်စစ်မှူး ရိုမယ်လူ လူကာကူဟာ ပေါင်ခြံ ကြွက်သား ဒဏ်ရာကြောင့် အနည်းဆုံး တစ်ပတ်ခန့် အနားယူ ရတော့မယ်လို့ အင်တာမီလန် အသင်းက တရားဝင် သတင်းထုတ်ပြန် လိုက်ပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လေ့ကျင့်ရေးမှာ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး အင်တာမီလန် အတွက် အရေးပါတဲ့ ပွဲစဉ် ၂ ပွဲကို လွဲချော်တော့မှာလည်း ဖြစ်ပါတယ်။

အသင်း ဘက်က လူကာကူရဲ့ ဒဏ်ရာကို လာမယ့် တစ်ပတ်ထဲမှာ ပြန်လည် စစ်ဆေးသွားမယ်လို့ သိရပေမယ့် ဘယ်ဂျီယံ တိုက်စစ်မှူး ကတော့ ဒီညမှာ ကစားမယ့် ခရီမိုနီစ်နဲ့ စီးရီးအေ ပွဲစဉ် အပြင် မီလန် ဒါဘီ ပွဲစဉ်ကိုပါ လွဲချော်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒဏ်ရာ မသက်သာပါက လူကာကူ အနေနဲ့ ဘေယန်မြူးနစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကိုပါ လွဲချော်ဖွယ် ရှိနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။ အင်တာမီလန်ဟာ ရာသီအစ စီးရီးအေ ပွဲစဉ် ၃ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပြီး လူကာကူ ကတော့ ၃ ပွဲ ကစားရာမှာ ၁ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးပေးထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်