နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၂၆/၈/၂၀၂၂)

ဩဂုတ်လ ၂၆ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကျနော့်မှာ အဲဒီဖလား ၅ လုံး ရှိပြီးသားဆိုတဲ့ ကက်စ်မဲရိုး

ရီးရဲလ်မက်ဒရစ်ကနေ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ လာခဲ့တဲ့နောက် ကက်စ်မဲရိုးက ချန်ပီယံလိဂ် ပြိုင်ပွဲကို ကစားရတော့မှာ မဟုတ်ပါဘူး။ ယူနိုက်တက်က ယူရိုပါလိဂ် ပြိုင်ပွဲသာ ဝင်ခွင့် ရထားတာကြောင့် ဖြစ်ပြီး ဘရာဇီးလ်သား အတွက်တော့ အသင်းသစ်မှာ ပြိုင်ပွဲအသစ် တစ်ခုကိုပါ မြည်းစမ်းရတော့မှာ ဖြစ်ပြီး ဒီအတွက်တော့ ကာယကံရှင်က အေးအေးဆေးဆေးသာ ဖြစ်နေခဲ့ပါတယ်။

ကက်စ်မဲရိုးဟာ ရီးရဲလ်မက်ဒရစ် နဲ့အတူ ချန်ပီယံလိဂ် ဖလားကို ၅ ကြိမ် အထိ ဆွတ်ခူး နိုင်ခဲ့ပြီး ဒီဖလားကို အများဆုံး ရရှိထားတဲ့ ကစားသမားတွေ စာရင်းမှာ ထိပ်ဆုံးမှာ ကလည်း ရှိနေသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူက ယူနိုက်တက် နဲ့အတူ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက် ကစားရမှာ မဟုတ်တဲ့ အပေါ် ထူးထူးခြားခြား ခံစားချက် ဖြစ်နေတာမျိုး မရှိဘဲ အသာတကြည် တုံ့ပြန်ခဲ့ပါတယ်။

ESPN Brazil က ဒီရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ လွဲချော်ရတဲ့ အကြောင်းကို မေးမြန်းခဲ့ရာမှာ ကက်စ်မဲရိုးက “ ဘာမှမဖြစ်ပါဘူး၊ ကျနော့်မှာ အဲဒီဖလား ၅ လုံး ရှိပြီးသားပါ၊ ကိစ္စ မရှိပါဘူး” လို့ တုံ့ပြန် သွားခဲ့တာ ဖြစ်ပါတယ်။ ကက်စ်မဲရိုးဟာ ယူနိုက်တက်က ချန်ပီယံလိဂ် ဝင်ခွင့် မရထားမှန်း သိသိနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး သူ့အတွက် ပရီးမီးယားလိဂ် ကလပ် ဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ သုံးခဲ့ရပြီး တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ အထိ ပေးချေရမှာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဘရိုက်တန်
လိဒ် ယူနိုက်တက်
1X2 လိဒ် ယူနိုက်တက် @ 3.80
လိဒ် ယူနိုက်တက် အာရှ အကျောပေး +0.50 @ 2.00
ဂိုး‌ပေါ်် 1.25 @ 2.38
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အော်ဘာမီယန် အတွက် ချဲလ်ဆီးတို့ နောက်ဆုံး အချိန်ထိ ကြိုးစားဖွယ်ရှိ

တိုက်စစ်မှူး လိုအပ်ချက် ရှိနေတဲ့ ချဲလ်ဆီး အသင်းဟာ စပိန် လာလီဂါ ကလပ် ဘာစီလိုနာရဲ့ တိုက်စစ်မှူး အော်ဘာမီယန်ကို ခေါ်ယူဖို့ အတွက် ဆက်လက် ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ဂါဘွန်း တိုက်စစ်မှူးကို ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေးကို အဓိကထား ညှိနှိုင်း နေရတာဖြစ်ပြီး လက်ရှိ အချိန်ထိတော့ သဘောတူညီမှု မရရှိ
သေးပေမယ့် ချယ်လ်ဆီး ဘက်ကတော့ စျေးကွက် မပိတ်သိမ်းချိန် အထိ ကြိုးစားသွားမယ်လို့ သိရပါတယ်။

လူကာကူနဲ့ တီမို ဗာနာ တို့ကို အသင်းကနေ ထွက်ခွင့် ပေးခဲ့ပြီးနောက် သောမတ်စ်တူချယ်လ်ရဲ့ အသင်းဟာ တိုက်စစ်မှူး မပါဘဲ ဒီရာသီကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ် ပရီးမီးယားလိဂ်မှာ လိဒ်စ်ယူနိုက်တက်ကို ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးက တိုက်စစ်မှူးသစ် ဝယ်ယူမှုကို မြန်မြန်ဆန်ဆန် ဆောင်ရွက် လာခဲ့ပြီး အော်ဘာမီယန်း အတွက် ချဉ်းကပ်မှုကို အရှိန် မြင့်ခဲ့ပါတယ်။

ဘာစီလိုနာက အော်ဘာမီယန်း အတွက် အနည်းဆုံး ယူရိုသန်း ၂၀ လောက် အလိုရှိနေတယ်လို့ သိရပြီး ချဲလ်ဆီး ကတော့ အများဆုံး အားဖြင့် ယူရို ၁၅ သန်း ထက် ပိုမပေးချင်ဘူးလို့ သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် အော်ဘာမီယန်ဟာ အာဆင်နယ်မှာ နှစ်အနည်းငယ်ကြာ ကစားခဲ့ဖူးသူ ဖြစ်ကာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေ ထဲက တစ်ဦး အဖြစ် ရပ်တည်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။


နာပိုလီရဲ့ ဆက်သွယ်မှုကို ရရှိခဲ့တဲ့ ရော်နယ်ဒို

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဝင်ရောက် ကစားချင်လို့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာချင်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကို နာပိုလီ ဘက်က ဖုန်းဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။
ချန်ပီယံလိဂ် ကစားခွင့်ရဖို့ လစာလျှော့ယူရလည်း အသင်းပြောင်းချင်နေတဲ့ ရော်နယ်ဒို

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဝင်ရောက် ကစားချင်လို့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာချင်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကို နာပိုလီ ဘက်က ဖုန်းဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်တာ မဟုတ်ဘဲ ရော်နယ်ဒိုကို သူတို့ စိတ်ဝင်စားတယ် ဆိုတာကို နာပိုလီက ထုတ်ဖော်ပြသခဲ့ပြီး ကစားသမားရဲ့ အေးဂျင့် ဂျော့မန်ဒက်စ် ကလည်း အသင်းသစ်ရဖို့ အားထုတ်နေပါတယ်။

ဂျော့မန်ဒက်စ်ဟာ အေစီမီလန်ကို နောက်တစ်ကြိမ် ဆက်သွယ်ခဲ့တယ်လို့ သိရပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲအပြီးမှာ ဒီသတင်း ထွက်လာခဲ့တာ ဖြစ်ပြီး နာပိုလီက အုပ်စုတွင်း အခြေအနေကို အကဲဖြတ်ကာ ရော်နယ်ဒိုကို ခေါ်ယူရန် အတွက် စိတ်ဝင်စားမှု ရှိလာတယ်လို့ သိရပြီး ကစားသမားဘက် ကလည်း စိတ်ဝင်စားဖွယ်ရာ ရှိတယ်လို့ ဆိုပါတယ်။

ရော်နယ်ဒိုက ချန်ပီယံလိဂ် ကစားရဖို့ အတွက်ဆိုရင် လစာလျှော့ယူဖို့ အသင့်ရှိတယ်လို့ သူ့ရဲ့အေးဂျင့်ကို အသိပေးထားပြီး ဖြစ်ပါတယ်။ ဒီလ အစောပိုင်း ကတော့ နာပိုလီဥက္ကဌ ဒီလော်ရန်တစ်က ရော်နယ်ဒိုကို ခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောဆိုထားဖူးပြီး လက်ရှိမှာ စိတ်ပြောင်းလဲ သွားတယ်လို့ ယူဆရပါတယ်။ ရော်နယ်ဒို ကတော့ ချန်ပီယံလိဂ် အတွေ့အကြုံ ရင့်ကျက်ကာ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်