နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၂၂/၈/၂၀၂၂)

ဩဂုတ်လ ၂၂ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နာပိုလီ နိုင်ပွဲဆက်ပြီး သရေနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အေစီမီလန်နဲ့ ဖီအိုရင်တီးနား

မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဥ်တွေ မှာတော့ နာပိုလီက အိမ်ကွင်းမှာ ဂိုးပြတ် နိုင်ပွဲ တစ်ပွဲ ထပ်မံ ဖော်ဆောင်နိုင်ခဲ့ပြီး ဖီအိုရင်တီးနားနဲ့ အေစီမီလန် တို့ကတော့ အဝေးကွင်းမှာ နိုင်ပွဲ ပျောက်ခဲ့ပါတယ်။ နာပိုလီက တန်းတက် မွန်ဇာကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ဖီအိုရင်တီးနား ကတော့ အဝေးကွင်းမှာ အမ်ပိုလီကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖီအိုရင်တီးနားက လက်ကျန် နာရီဝက်လောက်ကို ကစားသမား တစ်ယောက် အသာနဲ့ ကစားခွင့်ရပေမယ့် အနိုင်ဂိုး မသွင်းနိုင်ခဲ့ဘဲ အမ်ပိုလီ ကလည်း ဒီပွဲမှာ နှစ်ယောက် အထုတ်ခံခဲ့ရပါတယ်။ ဘိုလော့ဂ်နာနဲ့ ဗီရိုနာ တို့ရဲ့ပွဲ ကလည်း ၁ ဂိုးစီ သရေရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

အခု တစ်ပတ်ရဲ့ အကောင်းဆုံး စီးရီးအေ ပွဲစဉ် ဖြစ်တဲ့ အတ္တလန်တာနဲ့ အေစီမီလန် တို့ရဲ့ပွဲ ကလည်း ၁-၁ ရလဒ် ထွက်ပေါ်ခဲ့ပြီး တနင်္ဂနွေညမှာ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် (၄) ပွဲမှာ (၃) ပွဲ အထိ သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

စီးရီးအေ
ဆမ်ဒိုးရီးယား
ဂျူဗင်တပ်စ်
1X2 ဂျူဗင်တပ်စ် @ 1.60
ဂိုးပေါ် 2.50 @ 1.88
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

စီးရီးအေ ပွဲစဥ် ရေးဆွဲမှုကို အရွဲ့တိုက် ဝေဖန်သွားတဲ့ မော်ရင်ဟို

ရိုးမား နည်းပြ ဂျိုဆေး မော်ရင်ဟိုက စီးရီးအေရဲ့ ပွဲစဥ် ဇယားရေးဆွဲထားမှု အပေါ် ဝေဖန် ပြောကြားလာခဲ့ပါတယ်။ လာမယ့် (၂၀၂၂) ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ဆောင်းရာသီမှာ ကျင်းပမှာ ဖြစ်တာကြောင့် အမှတ်ပေး ပြိုင်ပွဲတွေရဲ့ ပွဲစဥ်ဇယားတွေ အပေါ်မှာ အကျိုး သက်ရောက်မှုရှိနေပါတယ်။

မော်ရင်ဟိုရဲ့ အသင်းဟာ တနင်္လာနေ့ညမှာ တန်းတက် ခရီမိုနီစ်နဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပြီး လာမယ့် စနေနေ့ည မှာတော့ ဂျူဗင်တပ်စ်နဲ့ အဝေးကွင်း ပွဲစဉ် သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ရိုးမားတို့ အင်္ဂါညမှာ မွန်ဇာနဲ့ ဆက်လက် ကစားရမှာ ဖြစ်လို့ မော်ရင်ဟိုက ညီးတွားနေခဲ့တာလည်း ဖြစ်ပါတယ်။

မော်ရင်ဟိုက “နှစ်ပတ် အတွင်းကို ကျွန်တော်တို့က ၂ ရက်၊ ၃ ရက်တိုင်းကို ၁ ပွဲ ကစားနေရပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်နဲ့ ကစားပြီး နှစ်ရက် အကြာမှာ မွန်ဇာနဲ့ ကစားခွင့်ပေးတာပဲ ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ လက်ဆောင်ဖြစ်နေပါပြီ။ ဒီအတွက် ကျေးဇူးအရမ်းတင်ပါတယ်” လို့ အရွဲ့တိုက် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။


လူကာကူနဲ့ နေ့တိုင်း စကားပြောဖြစ်တယ်လို့ ဖွင့်လဟာခဲ့တဲ့ လော်တာရို မာတီနက်ဇ်

လူကာကူနဲ့ လော်တာရို မာတီနက်ဇ် တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ဘောလုံး ရာသီမှာ အင်တာမီလန်ကို စီးရီးအေ အမှတ်ပေး ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့သူတွေ ဖြစ်ပါတယ်။
စီးရီးအေ ပွဲစဉ် ၂ ပွဲ ကစားပြီး ၁ ဂိုးသွင်းကာ၊ ၁ ဂိုးဖန်တီးပေးထားတဲ့ လူကာကူ

အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်က ရိုမယ်လူ လူကာကူ ချဲလ်ဆီးမှာ ကစားနေတဲ့ အချိန်တည်းက နေ့တိုင်း စကားပြောဖြစ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ လူကာကူနဲ့ လော်တာရို မာတီနက်ဇ် တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ဘောလုံး ရာသီမှာ အင်တာမီလန်ကို စီးရီးအေ အမှတ်ပေး ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့သူတွေ ဖြစ်ပါတယ်။

အခု ဒီနွေရာသီမှာ လူကာကူက အင်တာမီလန်ကို (၂) ရာသီ အငှားစာချုပ်နဲ့ ပြန်လည် ရောက်ရှိလာခဲ့ပြီးနောက် နှစ်ယောက် အကြား အတွဲညီညီနဲ့ ခြေစွမ်းပြ ကစားနေခဲ့တာ ဖြစ်ပါတယ်။ လူကာကူနဲ့ ပတ်သက်လို့ မာတီနက်ဇ်က “လူကာကူ ပြန်လာတဲ့ အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ နှစ်ယောက် အတူတူ တိုက်ပွဲဝင်ရမယ်လို့ သူက ပြောခဲ့တာကြောင့်ပါ”

“သူက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့ပြီး ကျွန်တော်တို့ နှစ်ယောက် အတူတူ တိုက်ပွဲဝင်သွားမှာပါ။ သူ အင်တာမီလန် ကနေ ထွက်သွားတည်းက ကျနော်တို့ နေ့တိုင်း စကားပြောဖြစ်ကြပြီး အဆက်အသွယ်လည်း ရှိခဲ့ပါတယ်။ သူက အင်တာမီလန် အတွက် ကြီးမားတဲ့ အကူအညီ ဖြစ်စေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်