နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၂၂/၈/၂၀၂၂)

ဩဂုတ်လ ၂၂ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။


ဖရန့်ဖတ် နိုင်ပွဲ မရသေးဘဲ ဘေယန်မြူးနစ် ဂိုးမိုးရွာခဲ့တဲ့ ဘွန်ဒက်စ်လီဂါ တနင်္ဂနွေည

မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဥ်တွေ မှာတော့ ဖရန့်ဖတ်က ကိုလုံးကို အိမ်ကွင်းမှာ ၁ ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဖရန့်ဖတ် အတွက် ကာမာဒါက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် သဲလ်မန်းရဲ့ နောက်ကျ ချေပဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ဖရန့်ဖတ်တို့ ဒီရာသီ ပထမဆုံး နိုင်ပွဲ ရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ပါတယ်။

ဘေယန်မြူးနစ် ကတော့ အဝေးကွင်းမှာ ဘိုချမ်ကို (၇) ဂိုးအထိ သွင်းပြီး ဂိုးမိုးရွာခဲ့ပါတယ်။ ဘေယန်မြူးနစ် အတွက် ဂိုးတွေကို လီရွိုင်း ဆာနေး၊ မာသီးယပ်စ် ဒီလစ်ဂျ်၊ ကင်စလေ ကိုမန်၊ ဆာဒီယို မာနေး (၂ ဂိုး)၊ ခရစ္စတီယန် ဂမ်ဘိုအာနဲ့ ဆာ့ဂျ် ဂနာဘရီ တို့က သွင်းယူပေးခဲ့ပါတယ်။

ဘေယန်မြူးနစ်ဟာ ဒီနိုင်ပွဲကြောင့် ရာနှုန်းပြည့် နိုင်ပွဲဆက်တဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်းထားခဲ့တဲ့ အပြင် ဘွန်ဒက်စ်လီဂါ ရာသီအဖွင့် (၃) ပွဲမှာ (၁၅) ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့်လည်း ရာသီ အဖွင့် (၃) ပွဲမှာ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ဘွန်ဒက်စ်လီဂါ အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။


ရော်နယ်ဒို ဒေါ့မန် ကိုပြောင်းလာလည်း ဂရုမစိုက်ဘူးလို့ ဆိုလိုက်တဲ့ နေဂဲလ်စ်မန်း

ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ ဘွန်ဒက်စ်လီဂါ ပြိုင်ဘက် ဒေါ့မန်ကို ပြောင်းရွှေ့လာခဲ့ရင်လည်း ဂရုစိုက်နေမှာ မဟုတ်ဘူးလို့ ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက ပြောကြားလာခဲ့ပါတယ်။

အသက် ၃၇ နှစ် အရွယ် ပေါ်တူဂီ တိုက်စစ်မှူးကြီးကို ခေါ်ယူမှာ မဟုတ်ဘူးလို့ ဒေါ့မန် ဘက်က ငြင်းဆန်ထားပေမယ့် အပြောင်းအရွှေ့ ကောလာဟလတွေ ကတော့ ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် ကလည်း အစောပိုင်းမှာ ရော်နယ်ဒိုကို ခေါ်ယူခွင့် ရခဲ့ပေမယ့် ငြင်းဆန် ပယ်ချခဲ့ပါသေးတယ်။

ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ ဘွန်ဒက်စ်လီဂါ ပြိုင်ဘက် ဒေါ့မန်ကို ပြောင်းရွှေ့လာခဲ့ရင်လည်း ဂရုစိုက်နေမှာ မဟုတ်ဘူးလို့ ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက ပြောကြားလာခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေတဲ့ ရော်နယ်ဒို

ဘေယန်မြူးနစ် နည်းပြ နေဂဲလ်စ်မန်းက “အရိုးသားဆုံး ပြောရရင် ရော်နယ်ဒို ဒေါ့မန်ကို ရောက်သွားလည်း ကျနော် ဂရုမစိုက်ပါဘူး။ သူအသင်း ပြောင်းသည် ဖြစ်စေ၊ မပြောင်းသည် ဖြစ်စေ၊ ကျွန်တော့် အတွက် အရေးမကြီးပါဘူး။ ကျနော် သိထားတာက သူယူနိုက်တက်နဲ့ စာချုပ်ရှိသေးတယ် ဆိုတာ ပါပဲ”

“ကျွန်တော့် အနေနဲ့ ကိုယ့်အသင်း ကစားသမား မဟုတ်တဲ့သူ အကြောင်းကို မပြောဖို့ သင်ကြားခဲ့ဖူးပါတယ်။ သူက အသက်မငယ်တော့ပါဘူး။ ဒါပေမယ့် သူ့အတွက် ပိုက်ဆံတွေ အများကြီး သုံးရပါလိမ့်မယ်” “အသင်း တော်တော်များများက သူ့ကိုခေါ်ချင်ပေမယ့် ဂျာမနီမှာ ရှိတဲ့ အသင်းပေါင်း (၁၅) သင်းလောက်က ရော်နယ်ဒိုရဲ့ တနှစ် လုပ်ခကို မပေးချေနိုင်ကြပါဘူး။ သူက တနှစ်လုပ်ခ ယူရို (၅) သိန်းလောက်နဲ့ ကစားပေးမယ် ကျွန်တော်တို့ စိတ်ကူးယဥ်ကြည့်လို့တောင် မရပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘန်ဒက် လီဂါ
ဟာသာဘာလင်
ဒေါ့မွန်
1X2 ဒေါ့မွန် @ 1.71
ဂိုးပေါ် 3.00 @ 1.85
ဂိုးပေါင်း 2-3 @ 2.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပီအက်စ်ဂျီ ကွင်းလယ် ကြယ်ပွင့်ကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ ဖရန့်ဖတ်

ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ်ဟာ ပီအက်စ်ဂျီ ကွင်းလယ်ကြယ်ပွင့် ဒီနာအီဘင်ဘီကို ၁ ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ အသက် (၂၁) နှစ် အရွယ်သာ ရှိသေးတဲ့ အီဘင်ဘီကို ပီအက်စ်ဂျီက ၂၀၂၄ ခုနှစ် ဇွန်လ အထိ စာချုပ် သက်တမ်းတိုးပြီးနောက် ဖရန့်ဖတ်ထံ အငှားချခဲ့တာ ဖြစ်ပါတယ်။
အီဘင်ဘီဟာ ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီ အတွက် လိဂ်ပွဲ (၁၀) ပွဲ ကစားပေးခဲ့ပြီး (၂၀၁၉-၂၀) ဘောလုံး ရာသီ ကလည်း ပြင်သစ် လီဂူးတူး ကလပ် လီဟာဗေးကို အငှားနဲ့ သွားရောက် ကစားခဲ့ရပါသေးတယ်။

ပြင်သစ် ယူ-၂၁ လက်ရွေးစင်ဟာ အနာဂတ်မှာ တောက်ပလာမယ့် ဗဟိုကွင်းလယ်လူ အဖြစ် သတ်မှတ်ခံထားရပြီး ပီအက်စ်ဂျီ ကတော့ ကစားသမား အတွေ့အကြုံရဖို့ အတွက်ပဲ အငှားချနေတာ ဖြစ်ပါတယ်။ ဖရန့်ဖတ်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ နန့်စ် တိုက်စစ်မှူး ကိုလိုမူအာနီကို ခေါ်ယူထားခဲ့ပြီးနောက် ဒုတိယမြောက် ပြင်သစ် ကစားသမား အဖြစ် အီဘင်ဘီကို ထပ်မံ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်